ေအစီမီလန္အသင္းမွာ ပုံမွန္ပြဲထြက္ကစားခြင့္ေတြ နည္းပါးလြန္းေနတာေၾကာင့္ အက္စတြြန္ဗီလာအသင္းဆီကုိ ရာသီကုန္အငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕လာခဲ႔တဲ႔ ဝါရင့္စပိန္လက္ေရြးစင္ေဟာင္း ဂုိးသမားႀကီး ပီပီရိန္နာကေတာ့ ႏွစ္ေပါင္းမ်ားစြာ သူနဲ႔အဆက္ျပတ္လုိ႔ေနရတဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲဆီကုိ တေက်ာ့ျပန္ေရာက္ရွိလာခဲ႔ရၿပီး တန္းဆင္းရမယ့္အေရးနဲ႔ ရင္ဆုိင္ေနရတဲ႔ ဗီလာအသင္းရဲ႕ဂုိးေပါက္ကုိ သူရဲ႕လက္စြမ္းေတြနဲဲ႔ ကာကြယ္ေပးရေတာ့မွာျဖစ္ပါတယ္။ အသက္၃၇ႏွစ္အရႊယ္ ရွိေနၿပီျဖစ္တဲ႔ ဒီဂုိးသမားႀကီးဟာ တခ်ိန္တခါတုန္းက လီဗာပူးလ္အသင္းရဲ႕ဂုိးေပါက္ကုိ ကာကြယ္မႈေတြ လုပ္ေဆာင္ေပးႏုိင္ခဲ႔တဲ႔အျပင္ ဂုိးသမားကေန ကြင္းလယ္ကစားသမား တာဝန္အထိပါ ထမ္းေဆာင္ခဲ႔ဖူးတယ္လုိ႔ သိရွိရပါတယ္။

Photo Credit : GiveMeSports

ရိန္နာဟာ လီဗာပူးလ္အသင္းဆီကုိ ၂၀၀၅ခုႏွစ္ကမွ ဗလင္စီယာအသင္းကေန ေရာက္ရွိလာခဲ႔တာျဖစ္ၿပီး ေနာက္တစ္ႏွစ္အၾကာမွာပဲ ဂ်ာမန္ကလပ္ ကုိင္ဇာေလာ့တန္နဲ႔ လီဗာပူးလ္အသင္းတုိ႔ ယွဥ္ၿပိဳင္ကစားခဲ႔ၾကတဲ႔ ခ်စ္ၾကည္ေရးေျခစမ္းပြဲအတြင္း အသင္းအတြက္ ထူးဆန္းတဲ႔ေနရာကေန ပါဝင္ကစားသြားခဲ႔ပါတယ္။  အဲ႔ဒီအခ်ိန္တုန္းက ဒုတိယပုိင္းပြဲကစားခ်ိန္အတြင္း လီဗာပူးလ္အသင္းဟာ ကစားသမား၉ေယာက္အထိ လဲလွယ္ထားခဲ႔ရၿပီး လူးဝစ္ဂါဆီယာကပါ လည္ပင္းဒဏ္ရာရရွိေနခဲ႔လုိ႔ လူစားလဲဖုိ႔ ထပ္မံလုိအပ္လာတဲ႔အခါမွာ အရန္ခုံေပၚမွာ တစ္ဦးတည္းက်န္ရွိေနေတာ့တဲ႔ ပီပီရိန္နာက သူဝတ္ေလ့မရွိတဲ့ လီဗာပူးလ္အသင္းသားေတြရဲ႕ဝတ္စုံ (ဂုိးသမားဝတ္စုံမဟုတ္တာကိုဆုိလုိျခင္းျဖစ္ပါတယ္) ကုိ ဆင္ျမန္းၿပီး ကြင္းထဲဝင္ေရာက္လာခဲ႔ပါတယ္။

Photo Credit : Reddit

ကြင္းလယ္ကစားသမားတာဝန္နဲ႔ ကြင္းထဲဝင္ေရာက္လာခဲ႔တဲ႔ ရိန္နာဟာ ၁၅မိနစ္ခန္႔ေလာက္အထိ လီဗာပူးလ္ကြင္းလယ္မွာ တာဝန္ေက်ပြန္ေအာင္ ကစားျပႏုိင္ခဲ႔ၿပီး ဘယ္ျခမ္းကေန ဘယ္လာမီရဲ႕ေပးပုိ႔မႈကေနတစ္ဆင့္ သြင္းဂုိးရေအာင္ပါ စြမ္းေဆာင္ခဲ့ေပမယ့္လည္း ဂုိးသမားတစ္ေယာက္ရဲ႕ကန္ခ်က္ျဖစ္ေနတာမုိ႔ ဂုိးေပါက္နဲ႔ေတာ့ အေတာ္ေလး လြဲေခ်ာ္သြားခဲ႔ရပါတယ္။  ရိန္နာဟာ သူရဲ႕ကစားသမားဘဝမွာ ဗီလာရီးရဲလ္ လီဗာပူးလ္ ဘုိင္ယန္ျမဴးနစ္ ေအစီမီလန္ နာပုိလီတုိ႔လုိ ဥေရာပရဲ႕ထိပ္သီးအသင္းေတြမွာ ပါဝင္ကစားခဲ႔ဖူးၿပီး ေအာင္ျမင္မႈေတြကုိလည္း အထုိက္အေလ်ာက္ရယူႏုိင္ခဲ႔ပါတယ္။ ရိန္နာအေနနဲ႔ လီဗာပူးလ္မွာ ကစားေနတဲ႔အခ်ိန္ေတြတုန္းကေတာ့ သူရဲ႕အေကာင္းဆုံးလက္စြမ္းေတြ ျပသႏုိင္ခဲ႔ကာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးဂုိးသမားဆု ေရႊလက္အိပ္ဆုေတြကုိ ၃ႏွစ္ဆက္တုိက္ ပုိင္ဆုိင္ႏုိင္ခဲ႔သလုိ လီဗာပူးလ္မွာ ၉ႏွစ္ေလာက္အထိကုိ ပါဝင္ကစားထားခဲ႔ပါတယ္။

(Unicode)

လီဗာပူးလ်အသင်းမှာ ကွင်းလယ်လူအဖြစ် ကစားခဲ့ဖူးတဲ့ ဗီလာဂိုးသမားသစ် ရိန်နာ

အေစီမီလန်အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်တွေ နည်းပါးလွန်းနေတာကြောင့် အက်စတွွန်ဗီလာအသင်းဆီကို ရာသီကုန်အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဝါရင့်စပိန်လက်ရွေးစင်ဟောင်း ဂိုးသမားကြီး ပီပီရိန်နာကတော့ နှစ်ပေါင်းများစွာ သူနဲ့အဆက်ပြတ်လို့နေရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တကျော့ပြန်ရောက်ရှိလာခဲ့ရပြီး တန်းဆင်းရမယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ ဗီလာအသင်းရဲ့ဂိုးပေါက်ကို သူရဲ့လက်စွမ်းတွေနဲဲ့ ကာကွယ်ပေးရတော့မှာဖြစ်ပါတယ်။ အသက်၃၇နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ဒီဂိုးသမားကြီးဟာ တချိန်တခါတုန်းက လီဗာပူးလ်အသင်းရဲ့ဂိုးပေါက်ကို ကာကွယ်မှုတွေ လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အပြင် ဂိုးသမားကနေ ကွင်းလယ်ကစားသမား တာဝန်အထိပါ ထမ်းဆောင်ခဲ့ဖူးတယ်လို့ သိရှိရပါတယ်။

Photo Credit : GiveMeSports

ရိန်နာဟာ လီဗာပူးလ်အသင်းဆီကို ၂၀၀၅ခုနှစ်ကမှ ဗလင်စီယာအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး နောက်တစ်နှစ်အကြာမှာပဲ ဂျာမန်ကလပ် ကိုင်ဇာလော့တန်နဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချစ်ကြည်ရေးခြေစမ်းပွဲအတွင်း အသင်းအတွက် ထူးဆန်းတဲ့နေရာကနေ ပါဝင်ကစားသွားခဲ့ပါတယ်။  အဲ့ဒီအချိန်တုန်းက ဒုတိယပိုင်းပွဲကစားချိန်အတွင်း လီဗာပူးလ်အသင်းဟာ ကစားသမား၉ယောက်အထိ လဲလှယ်ထားခဲ့ရပြီး လူးဝစ်ဂါဆီယာကပါ လည်ပင်းဒဏ်ရာရရှိနေခဲ့လို့ လူစားလဲဖို့ ထပ်မံလိုအပ်လာတဲ့အခါမှာ အရန်ခုံပေါ်မှာ တစ်ဦးတည်းကျန်ရှိနေတော့တဲ့ ပီပီရိန်နာက သူဝတ်လေ့မရှိတဲ့ လီဗာပူးလ်အသင်းသားတွေရဲ့ဝတ်စုံ (ဂိုးသမားဝတ်စုံမဟုတ်တာကိုဆိုလိုခြင်းဖြစ်ပါတယ်) ကို ဆင်မြန်းပြီး ကွင်းထဲဝင်ရောက်လာခဲ့ပါတယ်။

Photo Credit : Reddit

ကွင်းလယ်ကစားသမားတာဝန်နဲ့ ကွင်းထဲဝင်ရောက်လာခဲ့တဲ့ ရိန်နာဟာ ၁၅မိနစ်ခန့်လောက်အထိ လီဗာပူးလ်ကွင်းလယ်မှာ တာဝန်ကျေပွန်အောင် ကစားပြနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ ဘယ်လာမီရဲ့ပေးပို့မှုကနေတစ်ဆင့် သွင်းဂိုးရအောင်ပါ စွမ်းဆောင်ခဲ့ပေမယ့်လည်း ဂိုးသမားတစ်ယောက်ရဲ့ကန်ချက်ဖြစ်နေတာမို့ ဂိုးပေါက်နဲ့တော့ အတော်လေး လွဲချော်သွားခဲ့ရပါတယ်။  ရိန်နာဟာ သူရဲ့ကစားသမားဘဝမှာ ဗီလာရီးရဲလ် လီဗာပူးလ် ဘိုင်ယန်မြူးနစ် အေစီမီလန် နာပိုလီတို့လို ဥရောပရဲ့ထိပ်သီးအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး အောင်မြင်မှုတွေကိုလည်း အထိုက်အလျောက်ရယူနိုင်ခဲ့ပါတယ်။ ရိန်နာအနေနဲ့ လီဗာပူးလ်မှာ ကစားနေတဲ့အချိန်တွေတုန်းကတော့ သူရဲ့အကောင်းဆုံးလက်စွမ်းတွေ ပြသနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဂိုးသမားဆု ရွှေလက်အိပ်ဆုတွေကို ၃နှစ်ဆက်တိုက် ပိုင်ဆိုင်နိုင်ခဲ့သလို လီဗာပူးလ်မှာ ၉နှစ်လောက်အထိကို ပါဝင်ကစားထားခဲ့ပါတယ်။