ယေန႔ည ၁၁နာရီအခ်ိန္ လီဗာပူးလ္အသင္းရဲ့ နာမည္ေက်ာ္ အန္ဖီးလ္ကြင္းႀကီးထဲမွာေတာ့ ပရီမီးယားလိဂ္ရဲ့ အေအာင္ျမင္ဆုံး အသင္းေတြ ျဖစ္ၾကတဲ့ လီဗာပူးလ္အသင္းနဲ႔ မန္ခ်က္စတာ ယူနိုက္တက္အသင္းတို႔က ယွဥ္ၿပိဳင္ကစားၾကေတာ့မွာပဲ ျဖစ္ပါတယ္။

Photo Credit: Standard.com

လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္မွာ လက္ရွိအခ်ိန္အထိ ရွုံးပြဲမေတြ႕ၾကဳံေသးတဲ့ အသင္းျဖစ္သလို ၊ လက္ရွိရာသီမွာလည္း သေရပြဲတစ္ပြဲသာ ၾကဳံေတြ႕ထားၿပီး အဆိုပါ သေရပြဲဟာလည္း ယူနိုက္တက္အသင္းနဲ႔ ပထမအေက်ာ့ပြဲစဥ္မွာ ရရွိခဲ့တာပါ။ တစ္ဖက္မွာလည္း ယူနိုက္တက္အသင္းဟာ ရွုံးပြဲမရွိဆိုတဲ့ စံခ်ိန္မွတ္တမ္းေတြကို ခ်ိဳးဖ်က္ေလ့ရွိတဲ့ အသင္းျဖစ္တာေၾကာင့္ ဒီပြဲစဥ္မွာ ဘာေတြျဖစ္လာမလဲဆိုတာကို ပရိသတ္ေတြက စိတ္ဝင္စားေနၾကပါတယ္။

Photo Credit: Standard.com

ဒါေပမယ့္ အန္ဖီးလ္ကြင္းဟာ လီဗာပူးလ္ရဲ့ ေအာင္ေျမျဖစ္သလို အိမ္ကြင္းမွာ အမွတ္ေပးပြဲကို လီဗာပူးလ္အသင္း မရွုံးနိမ့္ခဲ့တာဟာလည္း အေတာ္ေလးကို ၾကာျမင့္ခဲ့ပါၿပီ။ တိတိက်က် ေျပာရရင္ေတာ့ လီဗာပူးလ္အသင္းဟာ ၂၀၁၇ ခုႏွစ္ ဧၿပီလ ၂၃ရက္ေန႔မွာ ခရစၥတယ္ပဲေလ့စ္ အသင္းကို ၁-၂ ဆိုတဲ့ရလဒ္နဲ႔ ရွုံးနိမ့္ခဲ့တာဟာ ေနာက္ဆုံးအိမ္ကြင္းရွုံးပြဲျဖစ္ၿပီး ဒီတစ္ႀကိမ္မွာ ယူနိုက္တက္အသင္းက လီဗာပူးလ္ကို ရွုံးပြဲ ေတြ႕ၾကဳံေအာင္ စြမ္းေဆာင္ျပနိုင္မလားဆိုတာက စိတ္ဝင္စားစရာပါပဲ။

Photo Credit: Standard.com

ဒါေပမယ့္ လီဗာပူးလ္အသင္း အိမ္ကြင္းမွာ ရွုံးပြဲ ၾကဳံေတြ႕ခဲ့ရတုန္းက ဒါေတြမျဖစ္ေသးပါဘူး…

⁃ အိုင္ဖုန္းသုံးလုံး မေပၚေသးဘူး
⁃ ယူနိုက္တက္အသင္း ယူရိုပါလိဂ္မရေသးဘူး
⁃ ယူနိုက္တက္ရဲ့ အမ်ိဳးသမီးအသင္း မေပၚေသးပါဘူး
⁃ VARကို ေဘာလုံးေလာကမွာ မသုံးေသးပါဘူး
⁃ Marvelရဲ့ Super Heroes ဇာတ္ကား ၉ကား မထြက္ေသးပါဘူး
⁃ မိုရက္စ္တစ္ေယာက္ ပရီးမီးယားလိဂ္ကို ျပန္ေရာက္မလာေသးဘူး
⁃ အဂၤလန္က EUကေန မထြက္ေသးဘူး
⁃ ဝိန္းရြန္းနီတစ္ေယာက္ ယူနိုက္တက္ကေန မထြက္ေသးပါဘူး

ယနေ့ည ၁၁နာရီအချိန် လီဗာပူးလ်အသင်းရဲ့ နာမည်ကျော် အန်ဖီးလ်ကွင်းကြီးထဲမှာတော့ ပရီမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းတွေ ဖြစ်ကြတဲ့ လီဗာပူးလ်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့က ယှဉ်ပြိုင်ကစားကြတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ လက်ရှိအချိန်အထိ ရှုံးပွဲမတွေ့ကြုံသေးတဲ့ အသင်းဖြစ်သလို ၊ လက်ရှိရာသီမှာလည်း သရေပွဲတစ်ပွဲသာ ကြုံတွေ့ထားပြီး အဆိုပါ သရေပွဲဟာလည်း ယူနိုက်တက်အသင်းနဲ့ ပထမအကျော့ပွဲစဉ်မှာ ရရှိခဲ့တာပါ။ တစ်ဖက်မှာလည်း ယူနိုက်တက်အသင်းဟာ ရှုံးပွဲမရှိဆိုတဲ့ စံချိန်မှတ်တမ်းတွေကို ချိုးဖျက်လေ့ရှိတဲ့ အသင်းဖြစ်တာကြောင့် ဒီပွဲစဉ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Standard.com

ဒါပေမယ့် အန်ဖီးလ်ကွင်းဟာ လီဗာပူးလ်ရဲ့ အောင်မြေဖြစ်သလို အိမ်ကွင်းမှာ အမှတ်ပေးပွဲကို လီဗာပူးလ်အသင်း မရှုံးနိမ့်ခဲ့တာဟာလည်း အတော်လေးကို ကြာမြင့်ခဲ့ပါပြီ။ တိတိကျကျ ပြောရရင်တော့ လီဗာပူးလ်အသင်းဟာ ၂၀၁၇ ခုနှစ် ဧပြီလ ၂၃ရက်နေ့မှာ ခရစ္စတယ်ပဲလေ့စ် အသင်းကို ၁-၂ ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာဟာ နောက်ဆုံးအိမ်ကွင်းရှုံးပွဲဖြစ်ပြီး ဒီတစ်ကြိမ်မှာ ယူနိုက်တက်အသင်းက လီဗာပူးလ်ကို ရှုံးပွဲ တွေ့ကြုံအောင် စွမ်းဆောင်ပြနိုင်မလားဆိုတာက စိတ်ဝင်စားစရာပါပဲ။

Photo Credit: Standard.com

ဒါပေမယ့် လီဗာပူးလ်အသင်း အိမ်ကွင်းမှာ ရှုံးပွဲ ကြုံတွေ့ခဲ့ရတုန်းက ဒါတွေမဖြစ်သေးပါဘူး…

⁃ အိုင်ဖုန်းသုံးလုံး မပေါ်သေးဘူး
⁃ ယူနိုက်တက်အသင်း ယူရိုပါလိဂ်မရသေးဘူး
⁃ ယူနိုက်တက်ရဲ့ အမျိုးသမီးအသင်း မပေါ်သေးပါဘူး
⁃ VARကို ဘောလုံးလောကမှာ မသုံးသေးပါဘူး
⁃ Marvelရဲ့ Super Heroes ဇာတ်ကား ၉ကား မထွက်သေးပါဘူး
⁃ မိုရက်စ်တစ်ယောက် ပရီးမီးယားလိဂ်ကို ပြန်ရောက်မလာသေးဘူး
⁃ အင်္ဂလန်က EUကနေ မထွက်သေးဘူး
⁃ ဝိန်းရွန်းနီတစ်ယောက် ယူနိုက်တက်ကနေ မထွက်သေးပါဘူး