ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ ထိပ်သီးအသင်း အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဒေါ့မွန်အသင်း ဟာ သူတို့အသင်းရဲ့ တက်သစ်စ ကြယ်ပွင့် တစ်ဦးဖြစ်တဲ့ ဂျေဒန်ဆန်ချိုကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့အတွက် စဉ်းစားထားပေမယ့် နွေစျေးကွက်စဖွင့်တဲ့ ကာလမှာ ရောင်းချသွားမှာ မဟုတ်ပဲ ယူရို ၂၀၂၀ ပြိုင်ပွဲ ပြီးဆုံးသွားမှသာ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: The Times.com

ယခုနှစ်ဘောလုံးရာသီမှာ ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသထားနိုင်တဲ့ ဆန်ချိုဟာ အသက် ၁၉နှစ်အရွယ်သာ ရှိသေးသူဖြစ်ပေမယ့် လက်ရှိ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ဒေါ့မွန်အသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမားဖြစ်ပြီး ၁၈ပွဲ ကစားပြီးထားချိန်မှာ ၁၂ဂိုးသွင်းယူကာ ၁၂ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့သူပါ။

Photo Credit: The Times.com

ဒေါ့မွန်အသင်းကနေ ထွက်ခွာမယ့် ဆန်ချိုကို ခေါ်ယူဖို့အတွက် ကြိုးစားနေတဲ့ အသင်းတွေဟာ ပရီးမီးယားလိဂ် အသင်းကြီးတွေဖြစ်တဲ့ မန်ယူနိုက်တက် ၊ ချယ်လ်ဆီး စတဲ့ အသင်းတွေ ဖြစ်ကြပြီး ဆန်ချိုရဲ့တန်ကြေးဟာ လက်ရှိ စျေးကွက်မှာ ပေါင်၁၀၀သန်းဝန်းကျင် ရှိပါတယ်။ ဒါ့ကြောင့်လည်း ဒေါ့မွန်အသင်းဟာ ဆန်ချိုကို စျေးကွက်မှာ ချက်ချင်းရောင်းချခြင်းမပြုပဲ ယူရို ပြိုင်ပွဲမှာ ဆန်ချိုသာ ခြေစွမ်းပြနိုင်ပါက တန်ကြေး ပိုမိုမြင့်တက်လာနိုင်တဲ့ အခြေအနေကို စောင့်မှာလည်း ဖြစ်ပါတယ်။

Photo Credit: The Times.com

ဆန်ချိုဟာ ယူရို၂၀၂၀ပြိုင်ပွဲမှာ ဟယ်ရီကိန်း ၊ ရက်ဖို့ဒ် ၊ စတာလင်းတို့နဲ့အတူ အင်္ဂလန်အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ကစားရမယ့်သူ ဖြစ်ပြီး အင်္ဂလန်အသင်းအတွက် အားထားလို့ ရမယ့် ကစားသမားတစ်ဦးဖြစ်နိုင်ကြောင်း ဘောလုံးကျွမ်းကျင်သူတွေရဲ့ သတ်မှတ်ခြင်းကို ခံထားရတဲ့သူပါ။