ဘာစီလိုနာအသင်းဟာ လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို (၈-၂) နဲ့ ရှုံးနိမ့်ခဲ့တာ  ဖြစ်ပေမယ့် ဘာစီလိုနာအသင်းရဲ့ သမိုင်းမှာ အကြီးမားဆုံး ရှုံးပွဲက ဘိုင်နယ်မြူးနစ် အသင်းကို (၈-၂) နဲ့ ရှုံးပွဲ မဟုတ်ဘဲ ရီးရဲလ်အသင်း နဲ့ ဆီဗီလာအသင်းကို (၁၁-၁) နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လွန်ခဲ့တဲ့ (၁၉၃၅) ခုနှစ်မှာလည်း ရီးရဲလ်အသင်းကို (၈-၂) ရလဒ်နဲ့ အရေးနိမ့်ခဲ့ဖူးတာ  ဖြစ်ပြီး ရီးရဲလ် တိုက်စစ်မှူး ဖာနန်ဒို ဆာနူဒိုက သွင်းဂိုး (၄) ဂိုး သွင်းယူခဲ့တာကြောင့် အယ်လ်ကလက်ဆီကို ပွဲစဉ် တစ်ပွဲမှာ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ သမိုင်း တစ်လျှောက်မှာ (၁၁-၁) ရလဒ်နဲ့ နှစ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးတာကြောင့် ပထမ တစ်ကြိမ်က ရီးရဲလ်မက်ဒရစ်အသင်းကို (၁၁-၁) ရလဒ်နဲ့ ရှုးနိမ့်ခဲ့တဲ့ ပွဲစဉ် နဲ့ ဒုတိယ အကြိမ်ကတော့ ဆီဗီလာအသင်းကို (၁၁-၁) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် ဖြစ်ပြီး အကြီးမားဆုံး ရှုးပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ (၁၉၄၃) ခုနှစ်က ကိုပါဒယ်ရေ ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ ရီးရဲလ်အသင်းနဲ့ ကစားခဲ့စဉ်က ပထမအကျော့မှာ (၃-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ဒုတိယအကျော့ ပွဲစဉ် ကစားတဲ့ အချိန်မှာ (၁၁-၁) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အကြီးမားဆုံး ရှုးပွဲ တစ်ပွဲ ဖြစ်သွားခဲ့ပါတယ်။

Photo Credit: Goal 

ဘာစီလိုနာအသင်းဟာ (၁၉၄၀ ခုနှစ်က စက်ဆင်ဘာလမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ဆီဗီလာအသင်းကို လာလီဂါ ပြိုင်ပွဲမှာ (၁၁-၁) နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ဘာစီလိုနာအသင်းက စတင် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာ  ဖြစ်ပေမယ့်လည်း ချေပဂိုး (၁၁) ဂိုးအထိ ပြန်ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို (၈-၂) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဟာ ဘာစီလိုနာအသင်းရဲ့ သမိုင်းမှာ အကြီးမားဆုံး ရှုံးပွဲ မဟုတ်ပေမယ့်လည်း ဘာစီလိုနာအသင်းရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ သမိုင်းမှာတော့ အကြီးမားဆုံး ရှုံးပွဲ အဖြစ် မှတ်တမ်းဝင်သွားခဲ့တော့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ (၂၀၀၇-၀၈) ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် လက်ရှိရာသီမှာတော့ ဆုဖလား တစ်ခုမှ မရဘဲ ရာသီကုန်ဆုံးခဲ့တာ ဖြစ်ပြီး ပြည်တွင်းလိဂ် လာလီဂါ ပြိုင်ပွဲမှာ ဆုဖလား ရမယ့် အနေအထား ရှိခဲ့ပေမယ့်လည်း ရီးရဲလ်အသင်းကို မကျော်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။