MySport Myanmar

ကမ်းလှမ်းမှုတွေ အငြင်းခံရနေတဲ့ အပြင် ပစ်မှတ်ကိုပါ ဖြတ်လုခံလိုက်ရတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းကတော့ ဒက်ကလန်ရိုက်စ်ကို အာဆင်နယ်အသင်းဆီ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၁၀၅)သန်းနဲ့ ရောင်းချပြီးကတည်း ရိုက်စ်နေရာမှာ အစားထိုးဖို့အတွက် အခုအချိန်ထိ အဆင်မပြေ ဖြစ်နေရသလို အခုလည်း သူတို့ရဲ့ ပစ်မှတ် ကစားသမားတစ်ဦးကိုပါ ဖြတ်လုခံလိုက်ရပြန်ပါတယ်။

Photo Credit : The Sun

ဝက်စ်ဟမ်းက အသင်းကနေ ထွက်ခွာသွားတဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ရိုက်စ်နေရာမှာ အစားထိုးဖို့အတွက် ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာ ၊ ချယ်လ်ဆီး ကွင်းလယ်လူ ဂယ်လာဂါ ၊ မန်ယူနိုက်တက် ကွင်းလယ်လူ တွမ်မီနေး နဲ့ နောက်ဆုံး ဆောက်သမ်တန် ကွင်းလယ်လူ ဝက်ပရောက်စ်တို့ကို တောက်လျှောက် ကြိုးပမ်းခဲ့ပါသေးတယ်။

ရိုက်စ်အတွက် ပေါင် (၁၀၅)သန်းလောက်အထိ ပြောင်းရွှေ့ကြေး ရရှိခဲ့ပေမယ့်လည်း ရိုက်စ်နေရာမှာ အစားထိုးမယ့် ကစားသမားအတွက်ကိုတော့ ငွေကြေး ပြန်လည် သုံးစွဲဖို့ တွန့်ဆုတ်နေတဲ့ ဝက်စ်ဟမ်း ခုဏက ကစားသမားတွေကို ကမ်းလှမ်းတဲ့ ကမ်းလှမ်းမှုနဲ့ သက်ဆိုင်ရာ အသင်းတွေက သူတို့ ကစားသမားတွေအတွက် သတ်မှတ်ထားတဲ့ asking price ကြား ကွာဟချက်တွေ ဖြစ်နေရပြီး ဆက်တိုက်ဆိုသလို ပယ်ချခံနေရပါတယ်။

Photo Credit : Target Scouting

လက်ရှိမှာလည်း ဝက်စ်ဟမ်းအသင်းက မန်စီးတီးအသင်းကနေ ပေါ်တူဂီ လူငယ် တောင်ပံ ကစားသမားလေး ကားလို့စ် ဘော့ဂျက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် (၁၇)သန်းနဲ့ ခေါ်ယူသွားဖို့ စီစဉ်ထားခဲ့ရာ မမျှော်လင့်ပဲ အေဂျက်စ်အသင်းရဲ့ ကြားဖြတ် ခေါ်ယူမှုနဲ့ ရင်ဆိုင်လိုက်ရပြီး နောက်ကောက်ကျသွားခဲ့ရပါတယ်။

အေဂျက်စ်က ဘော့ဂျက်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၇)သန်းအထိ ကမ်းလှမ်းခဲ့ပြီး ဝက်စ်ဟမ်းဆီကနေ ကြားဖြတ် လုယူနိုင်ခဲ့သလို ကစားသမားလေးနဲ့လည်း ဆေးစစ်မှုတွေပါ ပြုလုပ်ခဲ့သလို ၂၀၂၇ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းအနေနဲ့ လက်ရှိအချိန်ထိ ပယ်ချခံရ ချိန်လိုက်တိုင်း ပါသွားရတဲ့ ချိန်ပါဖြစ်နေရပြီး ဈေးကွက်မပိတ်ခင်မှာ ကစားသမား အားဖြည့်မှုတွေကို အမြန်ဆုံး လုပ်ဆောင်ဖို့လည်း လိုအပ်နေပါတယ်။

Exit mobile version