MySport Myanmar

ရိုက်စ်ကို ရောင်းလို့ ရလာတဲ့ ပိုက်ဆံနဲ့ မက်ဂွိုင်းယားကို ခေါ်ဖို့ ပြင်နေတဲ့ ဝက်စ်ဟမ်း

ယူရိုပါ ကွန်းဖရန့်လိဂ်ရဲ့ လက်ရှိချန်ပီယံ ဝက်စ်ဟမ်းက သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို မြို့ခံပြိုင်ဘက် အာဆင်နယ်ဆီ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၀၅သန်းနဲ့ ရောင်းချပြီးနောက် ရလာတဲ့ ပိုက်ဆံတွေနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားကို ခေါ်ယူရန် ပြင်ဆင်နေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မိုက် မက်ဂရက်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ်ကို ရောင်းချရာကနေ အမြတ်အစွန်း များစွာ ရရှိပြီးနောက် အသင်းအတွက် အားကိုးရမယ့် ကစားသမားသစ်တွေကို ပြန်လည် ခေါ်ယူဖို့ ပြင်ဆင်ထားပြီး ဝက်စ်ဟမ်းနည်းပြ မိုရက်စ်က မန်ချက်စတာ ယူနိုက်တက်မှာ အဆင်မပြေ ဖြစ်နေတဲ့ မက်ဂွိုင်းယားကို ခေါ်ယူချင်နေပါတယ်။

Photo Credit: Sky Sports

အသက် ၃၀ အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ မက်ဂွိုင်းယားက လက်စတာကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းခေါင်းဆောင်ရာထူး ရတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ရာသီ အတွင်းမှာ သူ့ရဲ့ ခြေစွမ်းတွေဟာ အတော်လေးကို ထိုးကျသွားခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြ တန်ဟက်ဂ်က မက်ဂွိုင်းယားကို အသင်းရဲ့ အရန်ခံစစ်မှူး အဖြစ်သာ အသုံးပြုနေသလို ယခု နွေဈေးကွက် အတွင်းမှာ မက်ဂွိုင်းယား အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် ရောင်းချဖို့ ပြင်ဆင်ထားပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မိုက် မက်ဂရက်ရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းက ရိုက်စ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ခဲ့ပြီးနောက် မက်ဂွိုင်းယား အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်ဖို့ စီစဉ်ထားပြီး မက်ဂွိုင်းယားဟာ သူတို့အသင်းဆီ ပြောင်းလာမယ်လို့ ယုံကြည်နေကြောင်းလည်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်းနဲ့ ၅၀သန်းကြား ပမာဏ တရပ် လိုချင်နေပြီး မက်ဂွိုင်းယားက တန်ဟက်ဂ်နဲ့ သူ့ရဲ့ ပွဲထွက်ခွင့် အတွက် ဆွေးနွေးဦးမှာ ဖြစ်ကာ ဆွေးနွေးမှုတွေ အဆင်မပြေမှပဲ အသင်းပြောင်းဖို့ စဉ်းစားမယ်လို့ မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။

Exit mobile version