MySport Myanmar

ကူဒက်စ်အတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင်(၈၅)သန်းရမှသာ ရောင်းချမယ့် ဝက်စ်ဟမ်း

လီဗာပူးလ် အာဆင်နယ်အသင်းတို့ စိတ်ဝင်စားနေကြတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ဂါနာ တောင်ပံကစားသမား မိုဟာမက် ကူဒက်စ်အတွက် ဝက်စ်ဟမ်းဘက်က အလွယ်တကူနဲ့ လက်လွတ်သွားဖို့ ဆန္ဒမရှိဘဲ စာချုပ်ဖျက်သိမ်းကြေး ပေါင်(၈၅)သန်း ရမှသာ ရောင်းချသွားဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

အသက် (၂၄)နှစ်အရွယ် ကွင်းလယ်တိုက်စစ်နဲ့ ညာတောင်ပံကစားသမား ကူဒက်စ်ဟာ ဝက်စ်ဟမ်းအသင်းဆီကို ၂၀၂၃ခုနှစ်ကမှ အေဂျက်စ်ကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ပွဲဦးထွက် ဘောလုံးရာသီမှာပဲ အသင်းအတွက် ပြိုင်ပွဲစုံ (၁၄)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Transfermarket

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကနေ စတင် ကျော်ကြားလာခဲ့တဲ့ ကူဒက်စ်က အေဂျက်စ်ကနေ ဝက်စ်ဟမ်းဆီ မပြောင်းခင်က ထိပ်တန်း ကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာ ဖြစ်ပေမယ့် ဝက်စ်ဟမ်းက ဒီအသင်းတွေထက် လက်ဦးမှု ရယူနိုင်ခဲ့ပြီး ပေါင် (၃၈)သန်းဝန်းကျင်နဲ့ အရ ခေါ်ယူနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းကလည်း အသင်းပေါင်းစုံနဲ့ အပြိုင်လုပြီး ခေါ်ယူနိုင်ခဲ့တဲ့ ကူဒက်စ်ကို (၅)နှစ်စာချုပ်အထိ ချုပ်ဆိုခဲ့သလို ပေါင် (၈၅)သန်း တန်ကြေးရှိတဲ့ စာချုပ်ဖျက်သိမ်းကြေးကိုပါ ချုပ်ဆိုခဲ့ပါသေးတယ်။ ကူဒက်စ်က ဝက်စ်ဟမ်းမှာ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေလို့ အသင်းမှာသာ ဆက်လက် ထားရှိချင်ပေမယ့် ကမ်းလှမ်းချင်တဲ့ ကလပ်အသင်းတွေအနေနဲ့ ကူဒက်စ်ကို လိုချင်ရင် သူရဲ့ စာချုပ်ဖျက်သိမ်းကြေးနဲ့ ကမ်းလှမ်းမှသာ ရမယ်လို့ အသိပေးလိုက်ပါတယ်။

Photo Credit : Transfermarket

လက်ရှိမှာတော့ ကူဒက်စ်ကို အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့က ခေါ်ယူသွားချင်နေပြီး အာဆင်နယ်ကတော့ လီဒန်ဒရို ထရိုဆက်ဒ်ကို အသင်းကနေ ရောင်းချကာ သူ့နေရာအတွက် ကူဒက်စ်ကို ပြန်လည် ခေါ်ယူချင်နေသလို လီဗာပူးလ်ကလည်း မိုဟာမက် ဆာလာနေရာအတွက် ကူဒက်စ်ကို အလိုရှိနေပါတယ်။

ဒီလို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ကူဒက်စ်အတွက် ဝက်စ်ဟမ်းအသင်းက သူတို့ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချပြီး ရောင်းချသွားဖို့ လုံးဝ အစီအစဉ်မရှိဘဲ အာဆင်နယ်ဆီ ရောင်းချခဲ့တဲ့ ဒက်ကလန်ရိုက်စ်နောက်ပိုင်း နောက်ထပ် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့သာ ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။

Exit mobile version