MySport Myanmar

အိုနာနာနဲ့ ကို့စတစ်တို့ကို ခေါ်ယူသွားဖို့ အဆင်မပြေနိုင်တော့တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ အသင်းရဲ့ အဓိကပစ်မှတ်တွေဖြစ်တဲ့ ကွင်းလယ်ခံစစ်ကစားသမား အာမာဒူအိုနာနာနဲ့ တောင်ပံတိုက်စစ်ကစားသမား ဖီးလစ်ကို့စတစ်တို့ကို ခေါ်ယူသွားဖို့ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရပြီး ကစားသမားနှစ်ယောက်လုံးက ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ထားခဲ့ကြပါတယ်။

Photo Credit : Premier League

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ယူရိုပါလိဂ်ြိပိုင်ပွဲမှာ ဆီမီးဖိုင်နယ်ထိ တတ်လှမ်းနိုင်ခဲ့သလို လာမယ့်ရာသီမှာလည်း ကွန်းဖရန့်လိဂ်ကို ဆင်နွဲခွင့် ရရှိထားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းဟာ နွေဈေးကွက်ထဲ ကစားသမားသစ် ခေါ်ယူမှုတွေအဖြစ် ဆာဆူအိုလိုက အီတလီ တိုက်စစ်ကစားသမား ဆကာမာကာ ရန်းစ်အသင်းရဲ့ မော်ရိုကို center-back အားဂတ်နဲ့ ဆွမ်ဆီးက ကွင်းလယ်ကစားသမား ဖလင်ဒေါင်းစ်တို့ကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းအသင်းဟာ ဈေးကွက် မပိတ်သေးခင်မှာပဲ အသင်းအတွက် ကွင်းလယ်ခံစစ်ပိုင်းနဲ့ တောင်ပံတိုက်စစ်နေရာတွေအတွက် ကစားသမားသစ်တစ်ဦးစီ ထပ်မံ ဖြည့်တင်းသွားချင်နေပါတယ်။

Photo Credit : TEAMtalk

ဝက်စ်ဟမ်းအသင်းဟာ အီတလီလက်ရွေးစင် တိုက်စစ်မှူး ဆကာမာကာကို ခေါ်ယူဖို့ ကြိုးပမ်းနေစဉ်မှာပဲ ဆကာမာကာနဲ့ အေးဂျင့်အတူတူဖြစ်တဲ့ ဖရန့်ဖတ် တောင်ပံကစားသမား ကို့စတစ်ကိုပါ တစ်ပါတည်း ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအနေနဲ့ မနှစ်က ဘောလုံးရာသီထဲ ဖရန့်ဖတ်အသင်းမှာ အတော်လေး ခြေစွာနိုင်ခဲ့သူ ကို့စတစ်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးပိုင်းမှာ ပြသာနာ မရှိခဲ့ပေမယ့်လည်း ကစားသမားနဲ့ အခုထိကို personal agreed မရယူနိုင်သေးသလို ဒီအခြေအနေကိုလည်း စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းကပါ စောင့်ကြည့်နေပြီး ကြားဖြတ် ခေါ်ယူသွားဖို့ပါ စီစဉ်နေခဲ့ပါတယ်။ ဒီအချိန်မှာ ဝက်စ်ဟမ်းရဲ့ နောက်ထပ် ပစ်မှတ်ကစားသမားဖြစ်သူ ကွင်းလယ်ခံစစ်ကစားသမား အိုနာနာမှာလည်း သူ့ကို ကမ်းလှမ်းထားတဲ့ အသင်းနှစ်သင်းထဲကမှ ဝက်စ်ဟမ်းထက် အဲဗာတန်အသင်းဆီကိုသာ ပိုမို ပြောင်းရွှေ့ချင်နေတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။ အသက်(၂၀)အရွယ်ရှိ ဘယ်လ်ဂျီယံ ကွင်းလယ်လူ အိုနာနာဟာ လက်ရှိမှာ လီဂူးကလပ် လိုင်လီအသင်းမှာ ပါဝင်ကစားနေသူဖြစ်ပြီး လိုင်လီနဲ့ တစ်ရာသီသာ ဖြတ်သန်းခဲ့ပြီးနောက်မှာ အသင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့ရသလို သူကိုယ်တိုင်ကတော့ သူ့ကို အလိုရှိနေတဲ့ အသင်းတွေထဲကမှ အဲဗာတန်အသင်းကိုသာ ရွေးချယ်သွားချင်နေပါတယ်။

Exit mobile version