ဝက်စ်ဟမ်းအသင်းကတော့ မန်ချက်စတာ စီးတီးအသင်း စိတ်ဝင်စားနေတဲ့ သူတို့ ကစားသမား လူးကပ်စ် ပါကေတာအတွက် ပြောင်းရွှေ့ကြေးကို ပေါင် (၈၅)သန်းလောက်အထိ အလိုရှိနေတယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

မန်စီးတီးက အသင်း ကွင်းလယ်ပိုင်းအတွက် ဝက်စ်ဟမ်းရဲ့ ဘရာဇီးလ် ကွင်းလယ်လူ ပါကေတာကို ပေါင် သန်း(၇၀) နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ရာ ဒီကမ်းလှမ်းမှုကို ဝက်စ်ဟမ်းဘက်က ပယ်ချခဲ့ပြီး နောက်ထပ် (၁၅)သန်းလောက်အထိ ထပ်မံ အလိုရှိနေချင်ပါတယ်။

Photo Credit : Transfermarket

ဝက်စ်ဟမ်းက ဒီနွေမှာ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို အာဆင်နယ်အသင်းဆီ ပေါင် (၁၀၅)သန်းနဲ့ ရောင်းချပြီးချိန် ဒီပြောင်းရွှေ့ကြေးတွေကို ကစားသမားသစ် ခေါ်ယူမှုတွေမှာ ထည့်သွင်း အသုံးပြုသွားဖို့ ရှိနေပြီး လက်ရှိမှာလည်း ကွင်းလယ်လူတွေဖြစ်တဲ့ အက်ဒ်ဆင် အယ်လ်ဗာရက်ဇ် ၊ ဂျိမ်းစ် ဝက်ပရောက်စ် နဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားတို့ကို ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာ ဝက်စ်ဟမ်းက အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ပါကေတာကိုပါ လက်လွတ်သွားရဖို့ ရှိနေရပြီး လက်ရှိ မန်စီးတီးရဲ့ ချဥ်းကပ်မှုတွေမှာ ကစားသမားကိုယ်တိုင်ကပါ စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိလာခဲ့ပြီး မန်စီးတီးဘက်ကလည်း ပါကေတာကို ရရှိနိုင်ဖို့ အသေအချာ ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။

Photo Credit : The Times

လက်ရှိမှာ မန်စီးတီးက ပါကေတာကို ပေါင် သန်း(၇၀)နဲ့ ကမ်းလှမ်းမှု အဆင်မပြေထားတာကြောင့် ဝက်စ်ဟမ်း အလိုရှိနေတဲ့ ပေါင် (၈၅)သန်းထိ ထပ်ပြီး တိုးမြှင့် ကမ်းလှမ်းသွားမလား ဒါမှမဟုတ် ဝက်စ်ဟမ်း ပြန်လိုချင်မယ့် ကစားသမား တစ်ဦးဦးကို အပြီးသတ် အလိုက်ပေးတာ ဒါမှမဟုတ် အငှားချပေးတာ တစ်ခုခု လုပ်ဆောင်သွားဖို့လည်း ရှိနိုင်ပါတယ်။

ဝက်စ်ဟမ်းကတော့ ရိုက်စ်လည်း မရှိတော့ချိန် ပါကေတာလို main player နောက်တစ်ဦးကို ထပ်မံ လက်လွတ်သွားဖို့ အစီအစဥ် မရှိပေမယ့်လည်း သူတို့ သတ်မှတ်ထားတဲ့ asking price အတိုင်းသာ ကမ်းလှမ်းလာမယ်ဆိုရင်တော့ ချက်ချင်း ရောင်းချနိုင်ပြီး တကယ်လို့ စျေးကွက် ပိတ်သိမ်းခါနီး အချိန်လောက်ဆိုရင်တော့ ပါကေတာနေရာအတွက် စီးတီး ကစားသမားတစ်ဦးကို အငှားနဲ့ တောင်းဆိုဖွယ် ရှိနိုင်ပါတယ်။