ပူပူနွေးနွေး ယူရိုပါ ကွန်းဖရန့်လိဂ် ချန်ပီယံ ဝက်စ်ဟမ်းက သူတို့ရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို မြို့ခံပြိုင်ဘက် အာဆင်နယ်ထက် မန်ချက်စတာမြို့ အခြေစိုက်အသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဆီသာ ရောင်းချချင်နေကြောင်း ဝက်စ်ဟမ်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်က လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်ပြီး သူက ယခု နွေဈေးကွက် အတွင်းမှာ ဝက်စ်ဟမ်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားသူပါ။

Photo Credit: Goal

ဝက်စ်ဟမ်းကလည်း သူတို့ရဲ့ အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို အသင်းကြီး တသင်းဆီ ရောင်းချပေးဖို့ သဘောတူထားပြီး ဝက်စ်ဟမ်းဟာ ဒီကလန်ရိုက်စ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း ဝန်းကျင် အထိ လိုချင်နေပါတယ်။

လက်ရှိမှာတော့ ဝက်စ်ဟမ်းရဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်က ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေပြီး အာဆင်နယ်က ဒီကလန်ရိုက်စ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်နေကာ ဝက်စ်ဟမ်းထံ တရားဝင် ကမ်းလှမ်းမှု ၂ကြိမ် ပေးပို့ခဲ့ပေမယ့် ဝက်စ်ဟမ်းကတော့ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှု နှစ်ကြိမ်စလုံးကို ငြင်းဆန် ပယ်ချထားပါတယ်။

Photo Credit: Express

ဝက်စ်ဟမ်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေ ၊ ဝက်စ်ဟမ်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ စုစည်းကာ တည်ထောင်ထားတဲ့ West Ham Central သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းက မြို့ခံပြိုင်ဘက် ဖြစ်သလို ရိုက်စ်အတွက် ငွေသားသီးသန့် ကမ်းလှမ်းမှုသာ လုပ်နေတဲ့ အာဆင်နယ်ထက် မန်ချက်စတာမြို့ခံ နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့ဆီ ရိုက်စ်ကို ရောင်းချချင်နေပြီး ဝက်စ်ဟမ်းဟာ မန်ချက်စတာမြို့ခံ နှစ်သင်းဆီကနေ ရိုက်စ်အတွက် ကစားသမား အလိုက် တောင်းဆိုချင်နေကြောင်း သိရပါတယ်။

ဝက်စ်ဟမ်းက မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ တော်မီနေးနဲ့ မန်ချက်စတာ စီးတီး ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်တို့ကို လိုချင်နေတာ ဖြစ်ပြီး ဒီကလန်ရိုက်စ်အတွက် တော်မီနေး (သို့) ကယ်ဗင် ဖီးလစ် + ပေါင် ၈၀သန်း ဆိုတဲ့ ကမ်းလှမ်းမှုမျိုး ရောက်လာရင် ချက်ချင်း လက်ခံဖို့ စဉ်းစားထားကြောင်း ဝက်စ်ဟမ်းရဲ့ အမည်မဖော်လိုတဲ့ အကြီးအကဲ တဦးက ထုတ်ဖော် ပြောဆိုထားပါသေးတယ်။