ဝက်စ်ဟမ်အသင်းရဲ့ ဒုဥက္ကဌ ကာရင် ဘရာဒီကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ဖျက်သိမ်းရမယ်လို့ အခိုင်အမာ တောင်းဆိုသွားလိုက်ပါတယ်။ အင်္ဂလန်နိုင်ငံက ပရီးမီးယားလိဂ် ပြိုင်ပွဲကို လာမယ့် ဧပြီလ (၄) ရက်နေ့အထိ ရပ်နားသွားခဲ့ပြီ ဖြစ်ပြီး ရောဂါ ဆက်ဖြစ်နေဆဲ ဖြစ်ပါက ရပ်နားချိန်ကို ထပ်တိုးသွားဖွယ်လည်း ရှိနေပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဧပြီလ (၄) ရက်နေ့အထိ ရပ်နားပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို အချိန်မီ ပြီးဆုံးနိုင်မလား ဆိုတာကိုလည်း မေးစရာ မေးခွန်းကောင်း ဖြစ်လာပါတယ်။

Photo Credit: Goal

ကိုရိုနာ ဗိုင်းရပ် ရောဂါဟာ အင်္ဂလန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ကစားသမားတွေကို ကူးစက်သွားခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ရပ်နားခဲ့ရပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) က ကမ္ဘာ တစ်ဝှမ်းမှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရတဲ့ သူ (၁၃၂,၀၀၀) ရှိနေပြီ ဖြစ်တယ်လို့ ယခုအပတ် သောကြာနေ့က တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ဝက်စ်ဟမ်အသင်းရဲ့ ဒုဥက္ကဌ ဘရာဒီကတော့ ကစားသမားတွေ မစုံဘဲ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်ကစားရမယ် ဆိုရင် မမျှတကြောင့် ပြိုင်ပွဲကို ဖျက်သိမ်းသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ဘရာဒီက “အခုအချိန်မှာ ဖြစ်ရပ်မှန်ကို ကျော်သွားလို့ကို မရပါဘူး။ အင်္ဂလန်နိုင်ငံက ဘောလုံး ပြိုင်ပွဲတွေက နှစ်ပေါင်း (၇၅) နှစ်အတွင်းမှာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိလို့လာပါပြီ။ ကာရာဘောင် ဖလား ပွဲစဉ် နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဖျက်သိမ်းသွားတာကို ရှောင်သွားဖို့က ဖြစ်နိုင်ချေ မရှိပါဘူး။ လက်ရှိရာသီကို ဖျက်သိမ်းရပါမယ်။ ဘာလို့လဲဆိုရင် ကစားသမားတွေ မစုံဘဲ ဆက်ကစားဖို့ မဖြစ်နိုင်တော့ဘူး ဆိုရင် ဆက်မသွားသင့်တော့ပါဘူး။ ပရီးမီးယားလိဂ် ပွဲစဉ်ကို ရပ်နားတာက ပြန်စဖို့ပါ။ ဒါပေမဲ့ ဒါက အိပ်မက်ပဲ ဖြစ်မှာပါ။ တကယ်လို့ ပရီးမီးယားလိဂ် ပွဲစဉ် မပြီးဆုံးနိုင်ဘူး ဆိုရင် ဘာလုပ်ကြမလဲ။ မျှတပြီး ဆင်ခြင်တုံ တရားကျတာက လက်ရှိရာသီကို ဖျက်သိမ်းပါတယ်လို့ ကြေညာဖို့ပါပဲ”လို့ ပရီးမီးယားလိဂ်ကို ဖျက်သိမ်းဖို့ ပြောသွားခဲ့ပါတယ်။