ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး ဖျက်မြင်းအသင်း တသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ဝက်စ်ဟမ်း ကတော့ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၂၅သန်း ရမှသာ ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား အဖြစ် သတ်မှတ်ခံထားရပြီး သူ့ကို ခေါ်ယူဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့လို အင်္ဂလန် အင်အားကြီးကလပ်တွေက စိတ်ဝင်စား နေကြပါတယ်။

Photo Credit: The Athletic

ဒီကလန်ရိုက်စ်ဟာ အရပ်အမောင်း မြင့်မားပြီး ဘောလုံးစွမ်းရည် ကောင်းမွန်သလို ကွင်းလယ်ကိုလည်း လွှမ်းမိုးနိုင်စွမ်း အပြည့် ရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်က မိုက်ကယ် ကာရစ် ထွက်ခွာသွားပြီးနောက် ကွက်လပ်တခုလို ဖြစ်နေတဲ့ နံပါတ်၆နေရာ အတွက် ဒီကလန်ရိုက်စ်ကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အမိအရ ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။

ဒီကလန်ရိုက်စ်ကလည်း ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဝက်စ်ဟမ်းကနေ ထွက်ခွာပြီး ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့် အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ချင်နေကာ မန်ချက်စတာ ယူနိုက်တက် (သို့) ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖွယ် ရှိပါတယ်။

Photo Credit: The Athletic

နာမည်ကြီး ဥရောပ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ဝက်စ်ဟမ်းရဲ့ တာဝန်ရှိသူတွေဟာ ရာသီကုန်မှာ ဒီကလန်ရိုက်စ် အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တခု ရောက်လာရင် အသင်းပြောင်းခွင့် ပေးမယ်လို့ ကတိပေးထားပေမယ့် ဒီကလန်ရိုက်စ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၁၂၅သန်း အထိ တိုးမြှင့် သတ်မှတ်ခဲ့ကြောင်းလည်း သိရပါတယ်။