ပရီးမီးယားလိဂ်ရဲ့ လူသိများ ထင်ရှားတဲ့ အသင်းတစ်သင်း ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြ ဖြစ်သူ ဒေးဗစ် မိုရက်စ်ကတော့ ယခုနှစ် ဘောလုံးရာသီမှာသာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းခဲ့ရရင် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ကစားသမား နှစ်ဦးကို ခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကို ဖော်ပြသွားခဲ့တဲ့ သတင်းဌာန ကတော့ နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ The Independent ဖြစ်ပြီး အဆိုပါ သတင်းဌာနရဲ့ အဆိုအရတော့ မိုရက်စ်ဟာ လာမယ့် ဘောလုံးရာသီမှာ လင်ဂတ်နဲ့ ဖီးဂျုံးစ် တို့ကို အသင်းထံ ခေါ်ယူကာ ဝက်စ်ဟမ်း အသင်းရဲ့ အင်အားကို တိုးမြှင့်ဖို့ စီစဉ်ထားတယ် လို့ သိရကာ အဆိုပါ အပြောင်းအရွှေ့ ဖြစ်ပေါ် လာဖို့အတွက် လက်ရှိရာသီမှာ တန်းမဆင်းရဖို့ လိုအပ်ပါတယ်။

Photo Credit: Tribuna

ဝက်စ်ဟမ်းအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်၁၆နေရာမှာ ရှိနေပြီး တန်းဆင်းဇုန်ထဲမှာ ရှိနေတဲ့ အက်စ်တွန်ဗီလာ ၊ ဘုန်းမောက် စတဲ့ အသင်း​တွေထက် ရမှတ် ၄မှတ်သာ အသာစီး ရထားတာကြောင့် လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်း ရစေဖို့ အနည်းငယ် ရုန်းကန်ရဖွယ် ရှိပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ လက်ရှိမှာ ကစားသမား အင်အား အတော်လေး နည်းပါးနေတဲ့ အသင်း ဖြစ်ပြီး နောက်ခံအစွန်လူအဖြစ် ကစားခဲ့တဲ့ အန်တိုနီယိုကိုတောင် အထောင် တိုက်စစ်ပိုင်း မှာ နေရာ ပေးခဲ့ရတဲ့အထိ လူအင်အားဟာ အတော်လေး နည်းပါးနေတာ ကြောင့် မိုရက်စ် ဟာ လာမယ့် ဘောလုံးရာသီမှာ ဝက်စ်ဟမ်း အသင်းကို အားဖြည်ဖို့အတွက် လင်ဂတ်နဲ့ ဖီးဂျုံးစ်တို့ကို တစ်ပြိုင်နက်ထဲ ခေါ်ယူသွားဖို့ စီစဉ် နေတာပါ။

Photo Credit: Tribuna

တစ်ဖက်မှာလည်း ကွင်းလယ်မှာ နေရာစုံ ကစားနိုင်တဲ့ လင်ဂတ်နဲ့ ဗဟိုခံစစ်မှူး ဖီးဂျုံးစ် တို့ဟာ မန်ယူအသင်းမှာ ပုံမှန်နေရာမရတဲ့ ကစားသမားတွေ ဖြစ်ကြပြီး ကိုရိုနာဗိုင်းရပ် ကြောင့် ဘောလုံးပွဲတွေကို ရပ်နားကာ ပြန်လည် ကျင်းပခဲ့တဲ့ အချိန်မှာဆိုရင် လင်ဂတ်နဲ့ ဖီးဂျုံးစ် တို့ဟာ အသင်းအတွက် တစ်ပွဲမှ ဝင်ရောက် ကစားခွင့် မရခဲ့ပါကြပါဘူး။ Independent သတင်းဌာနရဲ့ ဖော်ပြချက်အရ တော့ မိုရက်စ် ဟာ လင်ဂတ်နဲ့ ဖီးဂျုံးစ် နှစ်ဦးပေါင်းကို ပြောင်းရွှေ့ကြေး ပေါင်၃၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ဆန္ဒ ရှိနေတာ ဖြစ်ကြောင်း သိရပြီး မန်ယူ အသင်းရဲ့ နည်းပြတစ်ဦး အဖြစ် လုပ်ကိုင်ခဲ့စဉ် မှာ အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ရင်းနှီးခဲ့တဲ့ အချက်ဟာ မိုရက်စ်အနေနဲ့ လင်ဂတ်နဲ့ ဖီးဂျုံးစ် တို့ကို စျေးသက်သက်သာသာနဲ့ ခေါ်ယူခွင့် ရရှိ စေမှာ ဖြစ်ကြောင်း သိရှိရပါတယ်။