ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲနိုင်ဖို့ မျှော်လင့်လို့ထားတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ ဘောလုံးသမား အပြောင်းအရွှေ့ စျေးကွက်ထဲမှာပဲ လိဒ်စ်ယူနိုက်တက်ရဲ့ ကွင်းလယ်အင်ဂျင်ဖြစ်တဲ့ ကယ်လ်ဗင်ဖီးလစ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၅၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ဒီကမ်း်လှမ်းချက်ကိုတော့ လိဒ်စ်အသင်းဘက်က ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။

West Ham failed with a mega £55m deadline day bid for Leeds star Kalvin Phillips

Photo Credit : The Sun

ဝက်စ်ဟမ်းအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာမှာ ရပ်တည်နေတာကြောင့် Top (4) မျှော်လင့်ချက် အားကောင်းနေသလို အက်အေဖလားပြိုင်ပွဲမှာလည်း ပဥ္စမအဆင့်ထိ တတ်လှမ်းထားနိုင်ခဲ့တဲ့အပြင် ယူရိုပါလိဂ်ပြိုင်ပွဲမှာပါ ရှုံးထွက်အဆင့်ကို တတ်ရောက်ထားတာဖြစ်လို့ အသင်းရဲ့ အလားအလာတွေ ပိုကောင်းလာနိုင်ဖို့အတွက် ကယ်လ်ဗင်ဖီးလစ်လို ကစားသမားကောင်းမျိုးကို ခေါ်ယူအားဖြည့်ချင်တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းက အသင်းရဲ့ ကွင်းလယ်မှာ အင်္ဂလန် ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်တဲ့ ဒစ်ကလန်ရိုက်စ်နဲ့ ကယ်လ်ဗင်ဖီးလစ်တို့ကို တွဲဖက်ပေးသွားချင်တာဖြစ်လို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် လိဒ်စ်အသင်းဘက်ကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချသွားခဲ့ပါတယ်။

Kalvin Phillips sustained head injury and needed treatment during Leeds  Christmas party - Mirror Online

Photo Credit : Mirror

အသက်(၂၆)နှစ်အရွှယ် ကွင်းလယ်လူ ဖီးလစ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီ တကျော့ပြန် ရောက်ရှိလာခဲ့တဲ့ လိဒ်စ်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ကွင်းလယ် Box-to-Box ကစားသမားတစ်ဦး ဖြစ်ပြီး ကွင်းလယ်ခံစစ်နေရာမှာပါ အကောင်းဆုံး စွမ်းဆောင်နိုင်လို့ သူ့ကို ဝက်စ်ဟမ်းအပြင် မန်ချက်စတာယူနိုက်တက်အသင်းကပါ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ယော့ခ်ရှိုင်းယား ပီယာလိုလို့ တင်စားခေါ်ဆိုခံနေရတဲ့ ဖီးလစ်ကို မန်ယူနိုက်တက်ထက် လက်ဦးမှု ရယူနိုင်ဖို့ ဝက်စ်ဟမ်းအသင်းဘက်က ပြောင်းရွှေ့ကြေး ပေါင်(၅၅)သန်းနဲ့ ကမ်းလှမ်းထားခဲ့ရာ လိဒ်စ်အသင်းဘက်က ဒီကမ်းလှမ်းမှုကို စဉ်းစားခဲ့ပေမယ့်လည်း အသင်းက နယူးကာဆယ်ကို အရေးနိမ့်ပြီးနောက် တန်းဆင်းရမယ့် အန္တရာယ်မျိုးနဲ့ ရင်ဆိုင်နေရတဲ့ အနေအထား ဖြစ်သွားတဲ့အတွက် ဖီးလစ်လို ကစားသမားမျိုးကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်နွေစျေးကွက် ပြန်လည်ဖွင့်လှစ်ချိန်မှာတော့ ကယ်လ်ဗင်ဖီးလစ်ကို ဝက်စ်ဟမ်းနဲ့ မန်ယူနိုက်တက်တို့ ပြန်လည် အပြိုင်အဆိုင် ကမ်းလှမ်းရဖွယ် ရှိနိုင်သလို ဒီနှစ်သင်းက လက်ကျန်ရာသီဝက်မှာလည်း အဆင့်(၄)နေရာ တစ်နေရာစာအတွက်ကိုပါ အကြိတ်အနယ် လုယူရဖွယ် ရှိနိုင်ပါတယ်။