ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဒေသတွင်းပွဲစဉ်တွေမှာပါ လုံးဝကို ရှုံးပွဲမရှိထားသေးတဲ့ လီဗာပူးလ်အသင်းဟာ မနေ့ညက ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)အဖြစ် ရင်ဆိုင်ခဲ့ရာ အိမ်ရှင်ဝက်စ်ဟမ်းအသင်းက (၃)ဂိုး(၂)ဂိုးဆိုတဲ့ ရလဒ်နဲ့ ရှုံးပွဲမရှိသေးတဲ့ လီဗာပူးလ်ကို အကောင်းဆုံးပုံစံနဲ့ အနိုင်ယူခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာထိကိုပါ တတ်လှမ်းလာခဲ့ရပါတယ်။

Photo Credit :  Sports Lounge

ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အပါအဝင် လက်စတာ စပါးအသင်းတွေကို အနိုင်ယူထားပြီး ကာရာဘောင်း လိဂ်ဖလားပွဲမှာလည်း မန််ချက်စတာ(၂)သင်းလုံးကိုပါ ပြိုင်ပွဲကနေ ဖယ်ရှားနိုင်ခဲ့ပါသေးတယ်။ ဒါတွေအပြင် ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း လုံးဝကို ရှုံးပွဲမရှိသေးပဲနဲ့ နောက်တစ်ဆင့်ကို စောစောစီးစီး တတ်လှမ်းထားနိုင်ခဲ့ပါသေးတယ်။ ဒီလို အခြေအနေတွေ ရှိလို့နေတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ ဒေးဗစ်မွိုက်စ်က လာမယ့် ဘောလုံးရာသီအတွင်း ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိဖို့အတွက် အဓိကပစ်မှတ်ထား ကြိုးစားသွားမယ်လို့ ကြုံးဝါးပြောဆိုလာခဲ့ပါတယ်။

Photo Credit :  Goal

လီဗာပူးလ်နဲ့ ပွဲစဉ်အပြီးမှာ ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီရာသီအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပါ စိန်ခေါ်နိုင်မလားဆိုပြီး BBC ကနေ မေးမြန်းလာခဲ့ရာ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ်က “အချိန်တိုင်း တကယ်ကို အပြုသဘောဆောင်ချင်နေချင်တယ်။ အဲ့ဒါကလည်း ကျွန်တော်တို့ လုပ်နိုင်တာကိုပဲ ပြောချင်ပါတယ်။ လောလောဆယ်မှာတော့ အဲ့ဒါကို ကျွန်တော် မတွေ့နိုင်သေးပါဘူး။ ကျွန်တော်တို့က ထိပ်ဆုံး(၄)သင်းနေရာအတွက် စိန်ခေါ်နိုင်ပေမယ့် ဘယ်အသင်းပဲ ဖြစ်ပါစေ ဒါကို အခွင့်အရေးပေးပါ့မလားဆိုတာ ကြည့်ချင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ကျွန်တော်တို့အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ကို (၂)မှတ်လေးပဲ ကပ်လွဲချော်ခဲ့တာဖြစ်လို့ ဒီတစ်ကြိမ်မှာ ဘာကြောင့် ကျွန်တော်တို့ မလုပ်ဆောင်နိုင်ရမှာလဲ။ ဒီလို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကနေ ကျွန်တော်တို့ ရုန်းမထွက်နိုင်သေးပေမယ့် လောလောဆယ်တော့မှာတာ့ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေက အကောင်းဆုံး အနေအထားကို ရောက်ရှိနေပါတယ်” လို့ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။ ဒ့ါအပြင် Sky Sports ရုပ်သံနဲ့ အင်တာဗျူးမှာလည်း ဒေးဗစ်မွိုက်စ်က သူဟာ အဲဗာတန်အသင်းကို ကိုင်တွယ်ခဲ့ချိန်ကနဲ့ အတူတူသာဖြစ်ပြီး ဒီထက်တိုးတတ်လာဖို့နဲ့ အကောင်းဆုံးအချိန်တွေ ရောက်ရှိလာဖို့အတွက် ဆက်လက်ကြိုးစားနေရဦးမှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။