ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ နည်းပြကြီး ဒေးဗစ်မွိုက်စ်က သူတို့အသင်းဟာ အခုဆိုရင် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ယူရိုပါလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်း ဆီဗီလာကို ဖြုတ်ချထားနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ထိ ရောက်ရှိနေပြီဖြစ်တာကြောင့် တကယ်လို့ ဝက်စ်ဟမ်းအသင်းသာ ယူရိုပါလိဂ်မှာသာ ဗိုလ်စွဲနိုင်ခဲ့မယ်ဆိုရင် သူတို့အသင်းအတွက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်က သေချာသွားမယ်ဆိုတာထက် ချန်ပီယံလိဂ်ဝင်ခွင့်ကို ယူရိုပါလိဂ် ပြိုင်ပွဲလမ်းကြောင်းထက် ပရီးမီးယားလိဂ်ဘက်ကနေသာ ဦးစားပေး ကြိုးပမ်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုုလိုက်ပါတယ်။

Moyes tips hat to 'great job' Atletico did on Man Utd, warning West Ham of  Sevilla tricks

Photo Credit : TEAMtalk

ဒေးဗစ်မွိုက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းဟာ ဆီဗီလာကို ပထမအကျော့မှာ တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ တစ်ဂိုးပြန်သွင်းနိုင်ခဲ့လို့ နှစ်ကျော့ပေါင်းရလဒ်မှာ တစ်ဂိုးစီ သရေကျနေခဲ့ရာ အချိန်ပို ဆက်ကစားရင်း ယာမိုလန်ကိုက ဝက်စ်ဟမ်းအတွက် အနိုင်ဂိုး သွင်းယူပြီး အသင်းကို ကွာတားဖိုင်နယ်ထိ ပို့ဆောင်ပေးသွားနိုင်ခဲ့ပါတယ်။ ဝကစ်ဟမ်းဟာ ကွာတားဖိုင်နယ်မှာတော့ နောက်ထပ် ပြိုင်ဘက်ကောင်း တစ်သင်းဖြစ်တဲ့ လိုင်ယွန်အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး လိုင်ယွန်ကို ကျော်ဖြတ်နိုင်ခဲ့ရင် ဆီမီးမှာ ဘာစီလိုနာနဲ့ဖရန့်ဖတ်ပွဲက အနိုင်ရလာမယ့် အသင်းနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Photo Credit : Manchester Evening News

တကယ်လို့ ဝက်စ်ဟမ်းအသင်းသာ ယူရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့မယ်ဆိုရင် သူတို့အသင်းရဲ့ ပရီးမီးယားလိဂ် ရပ်တည်မှုကို ကြည့်နေစရာ မလိုတော့ပဲ ချန်ပီယံလိဂ်ကို Top 4 အသင်းတွေနဲ့အတူ ပါဝင်ဆင်နွဲခွင့်ရမှာ ဖြစ်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပရီးမီးယားလိဂ် လမ်းကြောင်းကနေ ဦးစားပေး ကြိုးပမ်းသွားမယ့် ဒေးဗစ်မွိုက်စ်က ပြောဆိုလာခဲ့ပါတယ်။ ဒေးဗစ်မွိုက်စ်က “ပရီးမီးယားလိဂ်ပြိုင်ပွဲက အမြဲတမ်း ဦးစားပေး ဖြစ်နေမှာ ဘာကြောင့်လဲဆိုတော့ အမှတ်ပေးလိဂ်ဘက်မှာသာ ခင်ဗျား အကောင်းဆုံး လုပ်ဆောင်ထားနိုင်မယ်ဆိုရင် ဥရောပဝင်ခွင့် နေရာအတွက် အခွင့်အရေး ရယူပြီး ရာသီသိမ်းသွားနိုင်မှာမို့ပါ။ ဒါပေမယ့် ဖလားပြိုင်ပွဲတွေ ပြိုင်ဆိုင်နေရတာကလည်း ခင်ဗျားရဲ့ ဘောလုံးအသင်းမှာ ခင်ဗျားကြိုးစားနေတဲ့ အရာတွေကို ပိုတိုးတတ််လာစေတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့က ပိုကောငး်အောင် ကြိုးစားတယ်။ ကလပ်အသင်းကို တိုးတတ်အောင် ကြိုးစားပြီးတော့ ရှေ့ကိုလှမ်းတတ်ဖို့ ကြိုးစားနေတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒေးဗစ်မွိုက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာကို ရောက်ရှိနေပြီး အဆင့်(၄)နေရာက အာဆင်နယ်နဲ့ (၃)မှတ်ကွာနေသလို အာဆင်နယ်ထက်လည်း (၂)ပွဲပို ကစားထားတဲ့ အနေအထားကြောင့် Top 4 နေရာ ရယူဖို့က လက်ကျန်ပွဲတွေကို အမှားခံလို့ မဖြစ်သလို အာဆင်နယ် ခြေချော်ဖို့လည်း လိုအပ်နေရပါတယ်။