ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အာဆင်နယ်အသင်းမှာ ကစားခဲ့စဉ်တုန်းကလို တောက်ပခဲ့တဲ့ ခြေစွမ်းကောင်းတွေအတိုင်း ပြသနိုင်ဖို့အတွက် ရုန်းကန်နေရပြီး သူရဲ့လက်ရှိအသင်း မန်ချက်စတာယူနိုက်တက်မှာရော အငှားနဲ့ထွက်ကစားနေတဲ့ အင်တာမီလန်အသင်းတွေမှာပါ ခြေစွမ်းလုံးဝမပြနိုင်တာကြောင့် သူ့ကို အင်တာဘက်ကနေ အပြီးသတ်ခေါ်ယူဖို့အတွက် ဆန္ဒရှိမနေသလို ယူနိုက်တက်အသင်းကလည်း ဆန်းချက်ဇ်ကို အသင်းဆီ ပြန်လည်ခေါ်ဆောင်ဖို့ စိတ်မပါပဲရှိနေတာကြောင့် ဆန်းချက်ဇ်ရဲ့အနာဂတ်က တော်တော်လေးကို မရေမရာ ဖြစ်လို့နေရပါတယ်။

Photo Credit : Getty Image

အသက်(၃၁)နှစ်အရွှယ်ရှိ ချီလီလက်ရွေးစင် တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ တစ်ပတ်လုပ်ခ ပေါင်(၅)သိန်းလောက်အထိ ရရှိနေတဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် မြင့်မားလွန်းတဲ့ သူရဲ့လစာကို ပေးချေနိုင်မယ့်အသင်းက အလွန်နည်းပါးနေပြီး ဘယ်အသင်းကမှ ဆန်းချက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်တစားရှိမနေရတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဆန်းချက်ဇ်ကို လာမယ့်နွေစျေးကွက်အတွင်းမှာ ခေါ်ယူဖို့အတွက် ကစားသမားရဲ့ အေးဂျင်ြ့ဖစ်သူနဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်နေပြီဖြစ်ကာ ကမ်းလှမ်းမှုတွေကိုလည်း မကြာခင်မှာ လုပ်ဆောင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : Getty Image

ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ဇန်နဝါရီလကမှ အာဆင်နယ်အသင်းကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ လုံးဝခြေစွမ်းပြနိုင်ခြင်းမရှိပဲ အသင်းရဲ့သမိုင်းတလျှောက် အဆိုးရွှားဆုံး ကစားသမားခေါ်ယူမှုအဖြစ်နဲ့ပါ သတ်မှတ်ခံခဲ့ရပါသေးတယ်။ နောက်ပိုင်းမှာတော့ ဆန်းချက်ဇ်ဟာ အသင်းနဲ့ အံ့ဝင်နိုင်ကစားနိုင်ခြင်းမရှိပဲ အသင်းမှာ နေရာပျောက်ဆုံးလာခဲ့ရတာကြောင့် ဒီနှစ်ဘောလုံးရာသီအစမှာပဲ အင်တာမီလန်အသင်းဆီ အငှားနဲ့ သွားကစားခဲ့ရပါတယ်။ အင်တာမှာလည်း ဖြစ်မြောက်အောင် ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့်မို့ အင်တာဘက်ကနေ ဆန်းချက်ဇ်ကို အပြီးသတ်ခေါ်နိုင်အောင် မကြိုးစားတော့ပဲ အငှားသက်တမ်းကုန်ဆုံးချိန်မှာ ယူနိုက်တက်ဆီ ပြန်လည်ပို့ဆောင်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ ဆန်းချက်ဇ်ကို ဝက်စ်ဟမ်းဘက်က ပစ်မှတ်ထားလို့နေပြီး ဆန်းချက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကို ဝက်စ်ဟမ်းဘက်ကနေ တတ်နိုင်ပေမယ့်လည်း ဆန်းချက်ဇ်လစာက မြင့်မားနေနိုင်တာကြောင့် အငှားနဲ့ပဲ ခေါ်ယူနိုင်ဖွယ်သာရှိနိုင်ပါတယ်။