အင်္ဂလန်နိုင်ငံမှာ ကျင်းပဖြစ်ခဲ့တဲ့ ၁၉၆၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ ဘောလုံးသမိုင်းမှာ အမှတ်ရဖြစ်ရပ်တွေများစွာကို ဖန်တီးနိုင်ခဲ့တဲ့ ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး အိမ်ရှင်အင်္ဂလန်အသင်းကလည်း ကမ္ဘာ့ဖလားသမိုင်းတလျှောက် ချန်ပီယံအဖြစ် ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့သလို အဲ့ဒီနောက်ပိုင်းကတည်းက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဖိုင်နယ်အဆင့်ထိကိုတောင် မရောက်ရှိနိုင်ခဲ့တာ အခုအချိန်အထိပါပဲ။ အဲ့ဒီနှစ်တုန်းက အင်္ဂလန်အသင်းနဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့တဲ့ အသင်းက ဂျာမနီလက်ရွေးစင်အသင်းပါ။ ဒါပေမယ့် အဲ့ဒီအချိန်တုန်း ဂျာမနီက အရှေ့နဲ့အနောက် ကွဲပြားနေသေးတဲ့အချိန်ဖြစ်ပြီး ဘောလုံးနယ်ပယ်မှာတော့ အနောက်ဂျာမနီက အတောက်ပဆုံးဖြစ်နေတဲ့ အချိန်ပါ။

Photo Credit : Daily Express

ဥရောပမှာရော ကမ္ဘာပေါ်မှာ ဘောလုံးနဲ့ပတ်သက်ရင် အင်အားကြီးနိုင်ငံအဖြစ်နဲ့ ရပ်တည်ခဲ့တဲ့ အနောက်ဂျာမနီဟာ ၁၉၆၆ခုနှစ် ကမ္ဘာ့ဖလားတုန်းက စပိန် အာဂျင်တီးနား ဆွတ်ဇာလန်အသင်းရဲ့ အုပ်စု(၂)မှာ အတူကျရောက်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားကို သရေကျကာ ကျန်တဲ့(၂)သင်းလုံးကို အနိုင်ယူပြီး ကွာတားဖိုင်နယ်တတ်ရောက်ခဲ့ပါတယ်။ ကွာတားမှာ ဥရုဂွေးကို ဂိုးပြတ်နိုင်ပြီး ဆီမီးဖိုင်နယ် တတ်ရောက်ခဲ့သလို ဆီမီးမှာလည်း ဆိုဗီယက်ယူနီယံကို အနိုင်ရကာ ဖိုင်နယ်တတ်လှမ်းခဲ့ပါတယ်။ ဖိုင်နယ်မှာ အိမ်ရှင်အင်္ဂလန်နဲ့တွေ့ပြီး မိနစ်(၉၀)အတွင်း (၂)ဂိုးစီ သရေရအောင် ကစားနိုင်ခဲ့ပေမယ့် အချိန်ပိုမှာတော့ အင်္ဂလန်က အနိုင်ခဲ့လို့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : The Sun

အဲ့ဒီတုန်းက အနောက်ဂျာမနီအသင်းရဲ့အသင်းသားတွေ စိတ်ဓါတ်ပိုင်းဆိုင်ရာ မြင့်တင်ရေးအတွက် အသုံးပြုခဲ့တဲ့ နည်းဗျူဟာက အတော်လေးကို ဆန်းပြားနေခဲ့ပြီး ဒါကတော့ ပုရိသာတို့အကြိုက် ညစ်ညမ်းဇာတ်ကားတွေကို အသင်းသားတွေ အနားယူရာမှာ ဟိုတယ်အခန်းအတွင်း လျှို့ဝှက်သယ်ဆောင်လာခဲ့တာဖြစ်ပြီး ဟိုတယ်အခန်းအတွင်း ပရောဂျက်တာတွေနဲ့ တိတ်တိတ်လေးကြည့်ရှခဲ့ကြတယ်လို့ သိရှိရပါတယ်။ အနောက်ဂျာမနီရဲ့ ဒီနည်းလမ်းဟာ ထုံးစံအတိုင်း ဆောင်ရွှက်တာမျိုးမဟုတ်ပေမယ့် အသင်းသားတွေရဲ့စိတ်ဓါတ်တွေ ပိုမိုပြင်းထန်လာစေဖို့အတွက် အသင်းသားအချင်းချင်း ရဲဘော်ရဲဖက်စိတ်တွေ ပိုကောင်းမွန်လာဖို့အတွက် အသုံးပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုနောက်ပိုင်းမှ သတင်းတွေမှာ ဖော်ပြလာချက်တွေအရ အနောက်ဂျာမနီအသင်းဟာ ပြိုင်ပွဲဝင်ဘောလုံးသမား (၂၂)ယောက်ကို ဟိုတယ်အခန်းနံပါတ်(၂၄)အတွင်း အကုန်လုံးစုစည်းပြီး ညစ်ညမ်းဇာတ်ကားတစ်ကားကို ပြိုင်ပွဲဝင်ရတဲ့ နေ့ရက်တိုင်းမှာ အမြဲကြည့်ရှုခဲ့ရတယ်လို့ သိရပါတယ်။