မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔အတူ ဆုဖလားေအာင္ျမင္မွုေပါင္းမ်ားစြာကို ရယူ သိမ္းပိုက္နိုင္ခဲ့တဲ့ ေနာက္ခံလူ​ေဟာင္း ဝက္စ္ ဘေရာင္းကေတာ့ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕မွာ လက္စတာကေန ယူနိုက္တက္ထံ ေျပာင္းေရႊ႕လာခဲ့တဲ့ မက္ဂြိဳင္းယားရဲ့ အေျပာင္းအေရႊ႕ဟာ အလြန္ေစ်းခ်ိဳတဲ့ အေျပာင္းအေရႊ႕ တစ္ခုျဖစ္ေၾကာင္း သုံးသပ္သြားခဲ့ပါတယ္။

Photo Credit: Standard.com

ယူနိုက္တက္အသင္းဟာ အဂၤလန္လက္ေရြးစင္ ေနာက္ခံလူ မက္ဂြိဳင္းယားကို ေခၚယူနိုင္ဖို႔ လက္စတာအသင္းကို ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္၈၀သန္း ေပးေခ်ခဲ့ရၿပီး အဆိုပါ မ်ားျပားလွတဲ့ ေျပာင္းေရႊ႕ေၾကးအေပၚ ေဝဖန္သူတခ်ိဳ႕ ရွိခဲ့ပါတယ္။ ဒါေပမယ့္ ဝက္စ္ဘေရာင္းကေတာ့ မက္ဂြိဳင္းယားအတြက္ ေပါင္၈၀သန္းဆိုတာဟာ နည္းပါးတဲ့ေျပာင္းေရႊ႕ေၾကးတစ္ခုျဖစ္ေၾကာင္း ဆိုသြားခဲ့ပါတယ္။

Photo Credit: Standard.com

မက္ဂြိဳင္းယားရဲ့ အေျပာင္းအေရႊ႕အေပၚ ဘေရာင္းက ” ဒီေန႔ေခတ္ ေစ်းကြက္အရ ၾကည့္ရင္ မက္ဂြိဳင္းယားရဲ့ အေျပာင္းအေရႊ႕ဟာ အေတာ္ေလးကို ေစ်းခ်ိဳတယ္လို႔ ေျပာရမွာပါ။ သူက အသင္းရဲ့ခံစစ္အတြက္ တည္ၿငိမ္မွုေတြ ယူလာေပးသူတစ္ဦးပါ။ သူဟာ ငယ္ရြယ္ေသးသလို အေတြ႕အၾကဳံလည္း ရင့္က်က္ေနပါၿပီ။ ၿပီးေတာ့ သူက သူ႔ရဲ့ေနရာမွာ အရမ္းေကာင္းတဲ့ ကစားသမားပါ ” လို႔ ေျပာဆိုသြားခဲ့တာပါ။

Photo Credit: Standard.com

အသက္၂၆ႏွစ္အရြယ္ မက္ဂြိဳင္းယားဟာ လက္ရွိမွာ ယူနိုက္တက္အသင္းရဲ့ အဓိက ခံစစ္ ကစားသမားျဖစ္ေနသလို အသင္းေခါင္းေဆာင္ လက္ပတ္ကို ရရွိထားသူလည္း ျဖစ္ပါတယ္။ မက္ဂြိဳင္းယားဟာ ပရီးမီးယားလိဂ္မွာ အသင္းအတြက္ ပြဲစဥ္အားလုံးကို ဝင္ေရာက္ကစားေပးထားၿပီး ဂိုးဖန္တီးမွု တစ္ႀကိမ္ျပဳလုပ္ထားနိုင္တဲ့ ကစားသမားတစ္ဦးပါ။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုပေါင်းများစွာကို ရယူ သိမ်းပိုက်နိုင်ခဲ့တဲ့ နောက်ခံလူ​ဟောင်း ဝက်စ် ဘရောင်းကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ လက်စတာကနေ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့တဲ့ မက်ဂွိုင်းယားရဲ့ အပြောင်းအရွှေ့ဟာ အလွန်စျေးချိုတဲ့ အပြောင်းအရွှေ့ တစ်ခုဖြစ်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Standard.com

ယူနိုက်တက်အသင်းဟာ အင်္ဂလန်လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူနိုင်ဖို့ လက်စတာအသင်းကို ပြောင်းရွှေ့ကြေးအဖြစ် ပေါင်၈၀သန်း ပေးချေခဲ့ရပြီး အဆိုပါ များပြားလှတဲ့ ပြောင်းရွှေ့ကြေးအပေါ် ဝေဖန်သူတချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဝက်စ်ဘရောင်းကတော့ မက်ဂွိုင်းယားအတွက် ပေါင်၈၀သန်းဆိုတာဟာ နည်းပါးတဲ့ပြောင်းရွှေ့ကြေးတစ်ခုဖြစ်ကြောင်း ဆိုသွားခဲ့ပါတယ်။

Photo Credit: Standard.com

မက်ဂွိုင်းယားရဲ့ အပြောင်းအရွှေ့အပေါ် ဘရောင်းက ” ဒီနေ့ခေတ် စျေးကွက်အရ ကြည့်ရင် မက်ဂွိုင်းယားရဲ့ အပြောင်းအရွှေ့ဟာ အတော်လေးကို စျေးချိုတယ်လို့ ပြောရမှာပါ။ သူက အသင်းရဲ့ခံစစ်အတွက် တည်ငြိမ်မှုတွေ ယူလာပေးသူတစ်ဦးပါ။ သူဟာ ငယ်ရွယ်သေးသလို အတွေ့အကြုံလည်း ရင့်ကျက်နေပါပြီ။ ပြီးတော့ သူက သူ့ရဲ့နေရာမှာ အရမ်းကောင်းတဲ့ ကစားသမားပါ ” လို့ ပြောဆိုသွားခဲ့တာပါ။

Photo Credit: Standard.com

အသက်၂၆နှစ်အရွယ် မက်ဂွိုင်းယားဟာ လက်ရှိမှာ ယူနိုက်တက်အသင်းရဲ့ အဓိက ခံစစ် ကစားသမားဖြစ်နေသလို အသင်းခေါင်းဆောင် လက်ပတ်ကို ရရှိထားသူလည်း ဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ ပရီးမီးယားလိဂ်မှာ အသင်းအတွက် ပွဲစဉ်အားလုံးကို ဝင်ရောက်ကစားပေးထားပြီး ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ထားနိုင်တဲ့ ကစားသမားတစ်ဦးပါ။