MySport Myanmar

အန်ကွန်ကူ ချယ်လ်ဆီးအသင်းမှာ ဖိအားတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဗာနာ သတိပေး

လာမယ့်နွေရာသီမှာ လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွေ့တော့မဲ့ ပြင်သစ် တိုက်စစ်ကစားသမား ခရစ္စတိုဖာအန်ကွန်ကူဟာ ချယ်လ်ဆီးမှာ ပါဝင်ကစားရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ဖိအားများနဲ့ ရင်ဆိုင် ကြုံတွေ့ရနိုင်တယ်လို့ ချယ်လ်ဆီးအသင်းသားဟောင်းလည်းဖြစ် လက်ရှိမှာ အန်ကွန်ကူရဲ့ အသင်းဖော်လည်းဖြစ်တဲ့ တီမိုဗာနာက သတိပေးစကားဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

လိုက်ပ်ဇစ်ကြယ်ပွင့် တိုက်စစ်ကစားသမား ဗာနာဟာ လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးအသင်းဆီကို ၂၀၂၀ခုနှစ် နွေရာသီမှာ ပြောင်းရွေ့ခဲ့တာဖြစ်ပြီး (၂)နှစ်အကြာမှာပဲ ချယ်လ်ဆီးကနေ လိုက်ပ်ဇစ်ကို ပြန်လည် ပြောင်းရွေ့လာခဲ့ပါတယ်။ အခု ဗာနာရဲ့ လိုက်ပ်ဇစ်အသင်းဖော် အန်ကွန်ကူဟာလည်း လာမဲ့နွေမှာ ချယ်လ်ဆီးကို ပြောင်းရွေ့ဖို့အတွက် အားလုံး သဘောတူညီမှု ရရှိထားခဲ့ပြီဖြစ်လို့ ချယ်လ်ဆီးမှာ ကစားရမယ်ဆိုရင် ဖိအားဒဏ်တွေ စိစစ် ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်ရနိုင်တယ်လို့ အန်ကွန်ကူကို ဗာနာက သတိပေးလိုက်ပါတယ်။

Photo Credit : Goal

ဗာနာက “လူတိုင်းဟာ အတွေ့အကြုံကိုယ်စီ ရှိကြရတယ်။ ချယ်လ်ဆီးမှာ ပထမဆုံးရာသီက အရမ်းကောင်းခဲ့ပြီး ဒုတိယရာသီမှာတော့ အရမ်းကောင်းတာ အရမ်းဆိုးတာမျိုး ရှိမနေဘူး။ ကျွန်တော် သူ့(အန်ကွန်ကူ)ကို သူပြောင်းသင့်တဲ့ အပြုသဘောရော အပျက်သဘောပါ ပါဝင်နေတဲ့ အတွေ့အကြုံတွေအကြောင်း ပြောပြနိုင်ပါတယ်။ ဒီလိုအသင်းမျိုးမှာက လိုက်ပ်ဇစ်မှာ ကစားနေသလိုမျိုး မရပါဘူး ဘာကြောင့်လဲဆိုတော့ အဲ့ဒီမှာ အားကစားအဆင့်မှာတင်မကပဲ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာပါ ပြိုင်ဆိုင်မှုတွေက ပိုများနေတာကြောင့်ပါ။ သူ့အနေနဲ့ ဒါတွေကို ကိုင်တွယ်သွားနိုင်ရမှာဖြစ်ပြီး ကစားသမားတိုင်းလည်း ဒါတွေနဲ့ အဆင်ပြေနိုင်အောင် လုပ်ရပါလိမ့်မယ်” လို့ အန်ကွန်ကူကို သတိပေး ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးကို မျှော်လင့်ချက်များစွာ ပြောင်းရွေ့ခဲ့ပြီး (၂)နှစ်အကြာမှပဲ လိုက်ပ်ဇစ်ကို ပြန်လည် ရောက်လာခဲ့ရတဲ့ ဗာနာက ချယ်လ်ဆီးကို ပြောင်းရွေ့မိတာနဲ့ ပတ်သတ်ပြီး လုံးဝ နောင်တရခြင်း မရှိပဲ ဒီအပြောင်းအရွေ့က သူ့ကို ပိုပြီး ရင့်ကျင်တဲ့ ကစားသမားတစ်ဦး ဖြစ်လာစေခဲ့တဲ့အပြင် သူရဲ့ကစားသမားဘဝ အဆုံးမသတ်ခင်လည်း ပြည်ပ ကလပ်တစ်ခုခုစီမှာ ထပ်မံ ကစားသွားဦးမယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version