လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ကိုလီမော်က လိုက်ဇစ်အသင်းရဲ့ တိုက်စစ်မှူး တီမို ဝါနာဟာ မက်ဆီ ဒါမှမဟုတ် ရော်နယ်ဒို မဟုတ်တာကြောင့် နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ် အသင်းကို မပြောင်းဘဲ ချဲလ်ဆီးအသင်းကိုသာ ပြောင်းသင့်ပါတယ်လို့ ပြောကြားသွားပါတယ်။ လီဗာပူးလ်အသင်းဟာ တီမို ဝါနာကို အလဲအထပ် ပြုလုပ်ပြီး ခေါ်ယူချင်ပေမယ့်လည်း ဘာချဉ်းကပ်မှုမှ မပြုလုပ်ရသေးတာ ဖြစ်ပြီး ချဲလ်ဆီးအသင်းကတော့ လိုက်ဇစ် တိုက်စစ်မှူး ဝါနာကို ပေါင် (၅၄) သန်း၊ ယူရို သန်း (၆၀) နဲ့ ညှိနှိုင်း ခေါ်ယူဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

Photo Credit: Goal

တီမို ဝါနာဟာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက လိုက်ဇစ်အသင်းမှာ ခြေစွမ်းပြ ကစားနေပြီး လက်ရှိရာသီမှာ လိုက်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၁) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၃၁) ဂိုး သွင်းယူခဲ့တာကြောင့် အထင်ကြီးလောက်စရာ ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။ တီမို ဝါနာဟာ လီဗာပူးလ်အသင်းကို ရောက်ရှိလာမယ် ဆိုရင် လက်ရှိ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးတွေနဲ့ နေရာလုရမှာ ဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ကိုလီမော်ကတော့ တီမို ဝါနာက ချဲလ်ဆီးအသင်းအတွက် အကောင်းဆုံး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

The Mirror သတင်းမှာ ကိုလီမော်က “တီမို ဝါနာအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ စာချုပ် ချုပ်ဆိုတာက အားလုံးအတွက် အကောင်းဆုံး စီစဉ်မှု ဖြစ်ပါတယ်။ ကစားသမားတွေအတွက်ရော ချဲလ်ဆီးအသင်းအတွက်ရော ပေါင် (၅၃) ရရှိနိုင်မယ့် လိုက်ဇစ်အသင်းအတွက်ရော လီဗာပူးလ်အသင်းအတွက်ရော အကောင်းဆုံး ဖြစ်ပါတယ်။ ဝါနာက ကောင်းတယ်။ ကတိတည်တဲ့ တိုက်စစ်မှူးတစ်ဦးပါ။ ဘောလုံးကို ပိုင်နိုင်တယ်။ ပင်နယ်တီကွင်းထဲကို ဝင်ရောက်ပြီး ဂိုးသွင်းနိုင်တယ်။ ဒါပေမယ့် လီဗာပူးလ် ပရိသတ်တွေက သူ့ကို မခေါ်နိုင်လို့ ဝမ်းနည်းနေတာက ကျွန်တော့်ကို မျက်ရည်လွယ်စေတယ်။ ဘာလို့လဲဆိုရင် ဝါနာက မက်ဆီ ဒါမှမဟုတ် ရော်နယ်ဒို မဟုတ်ဘူး။ အချို့က သူ့ကို မက်ဆီ နဲ့ ရော်နယ်ဒို ပြန်ဝင်စားတယ်လို့ ထင်ကြတယ်”လို့ ပြောခဲ့ပါတယ်။