ချဲလ်ဆီးအသင်းရဲ့ ဗဟိုခံစစ်မှူး ရူဒီဂါကတော့ ချဲလ်ဆီးအသင်းက ဝါနာကို ခေါ်ယူနိုင်ခဲ့တဲ့ အချိန်မှာ ကစားသမား အေးဂျင့် အဖြစ် ဆောင်ရွက်ခဲ့တာကြောင့် ဝါနာအနေနဲ့ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းမပြနိုင်ဘူး ဆိုရင် သူ ဒုက္ခရောက်နိုင်တယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ကစားသမား အေးဂျင့် အဖြစ် ဆောင်ရွက်ခဲ့တဲ့ နောက်ခံလူ ရူဒီဂါကြောင့် လိုက်ဇစ် တိုက်စစ်မှူး တီမို ဝါနာကို ခေါ်ယူခဲ့တဲ့ အချိန်မှာ ခေါ်ယူရတာ  ပိုမို လွယ်ကူသွားခဲ့ပြီး တိုက်စစ်မှူး ဝါနာကို ပေါင် (၄၇.၅) သန်းနဲ့ အပြီးသတ် ခေါ်ယူသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

Photo Credit: Goal

ချဲလ်ဆီးအသင်းဟာ တီမို ဝါနာကို ခေါ်ယူခဲ့တဲ့ အချိန်မှာ ဂျာမနီ အသင်းကြီး ဘိုင်ယန်မြူးနစ်၊ စပိန်အသင်းကြီး ရီးရဲလ်မက်ဒရစ်၊ အင်္ဂလန်အသင်းကြီး လီဗာပူးလ်၊ စတဲ့ အသင်း (၃) သင်းကို ကျော်လွန်ပြီး တိုက်စစ်မှူး တီမို ဝါနာကို (၅) နှစ်စာချုပ်နဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ကြပါတယ်။ တိုက်စစ်မှူး တီမို ဝါနာဟာ ချဲလ်ဆီးအသင်းမှာ တစ်ပတ်ကို ပေါင် (၁၇၀,၀၀၀) ရရှိသွားမှာ ဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူ ရူဒီဂါကတော့ နိုင်ငံ လက်ရွေးစင် အသင်းဖော် ဖြစ်တဲ့ ဝါနာအနေနဲ့ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းမပြဘူး ဆိုရင် သူ ဒုက္ခရောက်ပြီလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ရူဒီဂါက “ကျွန်တော် ဝါနာကို သိတာ အတော် ကြာခဲ့ပါပြီ။ ကျွန်တော်က ဝါနာကို ခေါ်ယူပါလို့ ချဲလ်ဆီးအသင်းကို အကြံပေးခဲ့ပါတယ်။ လာမယ့် ရာသီကနေ စပြီး ဝါနာအနေနဲ့ ခြေစွမ်းပြဖို့ လိုအပ်ပါလိမ့်မယ်။ သူသာ ခြေစွမ်းမပြဘူးဆိုရင် ကျွန်တော် ဒုက္ခရောက်ပါလိမ့်မယ်။ ဝါနာအနေနဲ့ ပင်နယ်တီ ဧရီယာအတွင်းမှာ ခြေသွက်တဲ့ ကစားသမား မဟုတ်ဘူး ဆိုရင်တောင်မှ အင်္ဂလန် နိုင်ငံရဲ့ ဘောလုံး ကစားဟန်နဲ့ အံ့ဝင်ကျသွားပါလိမ့်မယ်။ သူ ဘိုင်နယ်မြူးနစ်အသင်းကိုသာ ပြောင်းသွားမယ် ဆိုရင် သူ့အတွက် တန်ပြန်တိုက်စစ်က ပို ခက်ခဲနိုင်ပါတယ်။ ထိပ်သီးအသင်း မဟုတ်တဲ့ အသင်းတွေက ချဲလ်ဆီးအသင်းကို တိုက်စစ်ဆင် ကစားကြတယ်။ ဒီအခြေအနေက သူ့ကို သူ လိုအပ်တဲ့ နေရာ ပေးပြီး လိုက်ဇစ်အသင်းမှာလို ကစားနိုင်မှာပါ”လို့ ပြောပါတယ်။