ချဲလ်ဆီအသင်းရဲ့ တိုက်စစ်မှူး ပူလီဆစ်ကတော့ အသင်းဖော် ကစားသမားသစ် တီမိုဝါနာကို အလွန် အန္တာရယ်ရှိတဲ့ ကစားသမား ဖြစ်ပါတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအသင်းက တီမိုဝါနာကို လိုက်ဇစ်အသင်းကနေ ပေါင် (၄၇.၅) သန်းနဲ့ ခေါ်ယူသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး တီမို ဝါနာဟာ လိုက်ဇစ်အသင်းမှာ ကစားခဲ့တဲ့ လက်ရှိရာသီ (၂၀၁၉-၂၀) ရာသီမှာ ပြိုင်ပွဲစုံ ပွဲစဉ် (၄၅) ပွဲ ကစားထားခဲ့ရာမှာ သွင်းဂိုး (၃၄) ဂိုး သွင်းယူထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ (၁၈) ရက်နေ့က ချဲလ်ဆီးအသင်းနဲ့ (၅) နှစ်ကြာ ကာလရှည် စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Goal

ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာဟာ ရာသီသစ်မစခင်အထိ ချဲလ်ဆီးအသင်းအတွက် ကစားလို့ ရဦးမှာ မဟုတ်သေးပေမယ့် ပြီးခဲ့တဲ့ အပတ်က ချဲလ်ဆီးအသင်းရဲ့ ကစားသမားတွေနဲ့ လေ့ကျင့်ရေးဆင်းတဲ့ အချိန်မှာ ချဲလ်ဆီးအသင်းဖော်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ အမေရိကန်သား ပူလီဆစ်ကတော့ တီမီဝါနာရဲ့ လေ့ကျင့်ရေးကွင်းက ခြေစွမ်းကို ချီးကျူးသွားခဲ့တာ ဖြစ်ပြီး အသင်းဖော်သစ် တိုက်စစ်မှူး တီမိုဝါနာဟာ အလွန် အန္တာရယ်ရှိတဲ့ အသင်းရဲ့ ကစားသမား ဖြစ်တယ်လို့ ချဲလ်ဆီးအသင်းရဲ့ တရားဝင် ဝက်ဆိုဒ်မှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ချဲလ်ဆီးအသင်းရဲ့ တရားဝင် ဝက်ဆိုဒ်မှာ ပူလီဆစ်က “ဝါနာက အလွန် အန္တာရယ်များတဲ့ သူပါ။ သူ့မှာ ကျွန်တော်နဲ့ ဆင်တူတဲ့ အရည်အချင်း အချို့ ရှိမယ်လို့ ကျွန်တော် ထင်တယ်။ တိုက်စစ် ကစားတဲ့ သူတွေမှာ ရှိကြတဲ့ အရာတွေပေါ့။ သူက တကယ် မြန်ပြီး ဂိုးရှေ့မှာ အင်မတန် သိပ် ကောင်းပါတယ်။ သူက အလွန် ရိုးသားတဲ့ သူနဲ့ တူတယ်။ သူက လေ့ကျင့်ရေးကို ရောက်လာပြီ ကောင်းစွာ လေ့ကျင့်ပါတယ်။ သူကို ယှဉ်ပြိုင်ကစားတဲ့ အခါမှာ ကောင်းမွန်တဲ့ အတွေ့အကြုံကို ရရှိပါတယ်။ ကျွန်တော်တို့ရဲ့ အသင်းမှာ သူ ရှိတာက ကောင်းပါတယ်။ ကျွန်တော် သူနဲ့ အတူ တွဲကစားရဖို့ မျှော်လင့်ပါတယ်”လို့ အသင်းရဲ့ ဝက်ဆိုဒ်မှာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။