ဒီနှစ်ဘောလုံးရာသီအတွင်းမှာ လိုက်ပ်ဇစ်အသင်းအတွက် အထူးခြေစွမ်းပြပြီး သွင်းဂိုးတွေများစွာ ရယူပေးထားနိုင်ခဲ့တဲ့ ဂျာမန်တိုက်စစ်မှူး တီမိုဝါနာက သူ့ကိုလာရောက်ကမ်းလှမ်းခဲ့ကြတဲ့ ဥရောပထိပ်သီးကလပ်အသင်းပေါင်းများစွာထဲကမှ ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့တာဟာ သူ့အတွက် ချယ်လ်ဆီးအသင်းဘက်ရဲ့ ကမ်းလှမ်းမှုကသာ အကောင်းဆုံး Package မျိုးဖြစ်တယ်လို့ ခံစားမိရတာကြောင့် အခြားအသင်းတွေထက် ချယ်လ်ဆီးကိုပဲ ဦးစားပေးရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Express

အသက်(၂၄)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာဟာ ဒီနှစ်ဘောလုံးရာသီမှာ လိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၄)ဂိုးအထိကို ရယူပေးနိုင်ခဲ့တာဖြစ်ပြီး သူရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကြောင့် သူ့ကို ကလပ်အသင်းတွေများစွာကနေ ဝိုင်းပစ်မှတ်ထားလာခဲ့ရာ ဝါနာကတော့ အားလုံးထဲကမှ ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့ပဲ ရွေးချယ်သွားခဲ့ပါတယ်။ ချယ်လ်ဆီးကို ရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး ဝါနာက “ကျွန်တော် ချယ်လ်ဆီးအသင်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တာက ရက်သတ္တပတ်အနည်းငယ်လောက်တောင် ရှိနေပါပြီ”

Photo Credit : Opera News

“အပြောင်းအရွှေ့ကိစ္စကြီးတစ်ခုလုံးက ဘာအထစ်အငေါ့မှမရှိပဲ လျင်လျင်မြန်မြန်ကို ပြီးစီးသွားခဲ့ပါတယ်။ ဒါကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေကို ရပ်နားထားခဲ့တဲ့အချိန်မှာ ကျွန်တော်ဒီအကြောင်းတွေကို ကြိုတင်တွေးတောထားလို့ပါ။ ချယ်လ်ဆီးမဟုတ်ပဲ အခြားအသင်းတွေကိုလည်း ပြောင်းရင်ကောင်းမလားဆိုတာမျိုး ကျွန်တော်အတွေးဝင်ခဲ့ဖူးပါတယ်။ ကျွန်တော်ကို ပိုင်ဆိုင်ရဖို့အတွက် အသင်းတော်တော်များများကလည်း အပြိုင်ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုက ကျွန်တော့်အတွက် ပြီးပြည့်စုံနေတဲ့ အကောင်းဆုံးကမ်းလှမ်းမှု ဖြစ်စေမယ်လို့ ယုံကြည်မိတာကြောင့် ဒါကိုပဲ ရွေးချယ်လိုက်တာပါ။ ဂျာမန်မှာထက် အင်္ဂလန်မှာက ဘောလုံးပွဲတွေကို ပိုကစားကြတယ်။ ဒါကြောင့် လေ့ကျင့်ခန်းအတွက် အချိန်ပိုပေးရမယ်။ ဒါပေမယ့် ကျွန်တော်က တိုးတတ်မှုတွေ လိုအပ်နေသေးတယ်ဆိုတာကတော့ အမှန်ပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဝါနာဟာ လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးအသင်းဆီကို ပေါင်(၅၃)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ မကြာခင်ရက်ပိုင်းအတွင်းမှာ ချယ်လ်ဆီးကစားသမားသစ်အဖြစ်နဲ့ တရားဝင်ထုတ်ပြန်ကြေညာသွားတော့မှာပဲဖြစ်ပါတယ်။