ချဲလ်ဆီးအသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ဖြစ်သူ ဖရန့် ဆင်ကလဲယားက တိုက်စစ်မှူး ဝါနာဟာ ချဲလ်ဆီးအသင်းရဲ့ ဒရော့ဘာ အသစ် ဖြစ်လာနိုင်တယ်လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပြီး တိုက်စစ်မှူး ဝါနာကတော့ လိုက်ဇစ်အသင်းကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွေ့လာခဲ့ပါတယ်။ တိုက်စစ်မှူး ဒရော့ဘာဟာ ချဲလ်ဆီးအသင်းမှာ ကာလရှည် (၉) နှစ်ကြာ ကစားခဲ့ပြီး ချဲလ်ဆီးအသင်းမှာ ကစားခဲ့စဉ်က ပရီးမီးယားလိဂ် ဆုဖလား (၄) ကြိမ် နဲ့ ချန်ပီယံလိဂ် ဆုဖလား (၁)  ကြိမ် ရရှိခဲ့တာကြောင့် ချဲလ်ဆီးအသင်းရဲ့ ဂန္တဝင် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး တီမို ဝါနာဟာ ပြီးခဲ့တဲ့ ဇွန်လ (၁၈) ရက်နေ့မှာ ချဲလ်ဆီးအသင်းနဲ့ ကာလရှည် (၅) နှစ်ကြာ စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလှိုင်လ (၁) ရက်နေ့မှာပဲ လိုက်ဇစ်အသင်းကနေ ချဲလ်ဆီးအသင်းကို အပြီးသတ် ပြောင်းရွှေ့လာလိုက်တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဒရော့ဘာဟာ ချဲလ်ဆီးအသင်းမှာ ကစားခဲ့စဉ်က ဆုဖလားပေါင်း (၁၂) ခုအထိ ရရှိခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ဖရန့် ဆင်ကလဲယားက ဝါနာအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ဒရော့ဘာ အသစ် ဖြစ်လာနိုင်ပါတယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

Gentingbet မှာ ဆင်ကလဲယားက “ဇီယက်စ်က အေဂျက်အသင်းမှာ ကစားခဲ့စဉ်က ချန်ပီယံ လိဂ် ပွဲစဉ်မှာ ထိပ်သီး ကစားသမား ဖြစ်တယ် ဆိုတာကို သက်သေပြသနိုင်ခဲ့ပါတယ်။ ဒီတော့ သူ ပွဲကစားမှာကို ကျွန်တော် စောင့်မျှော်မိပါတယ်။ ဝါနာက ချဲလ်ဆီးအသင်း မပိုင်ဆိုင်ခဲ့တာ ကြာပြီ ဖြစ်တဲ့ ကစားသမားပါပဲ။ သူက ဒရော့ဘာ နောက်ပိုင်း သူ့လို ဖြစ်လာနိုင်တဲ့ သူပါပဲ။ ဒရော့ဘာက ပြေးအား ရှိပြီး တကယ့် ပါးနပ်းတဲ့ ထိပ်သီး အဆင့် တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။ ဟာဗက်ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ရှိပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူဖို့ ကြိုးစားချင်တဲ့ အသင်းတွေ အများကြီး ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။