အာဆင္နယ္ နည္းျပေဟာင္း အာစင္ ဝင္းဂါးက လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ ဖလားကုိ ႏွစ္ (၃၀) ၾကာ မရခဲ့တာေၾကာင့္ အျခား ဆုဖလားထက္ ပရီးမီးယားလိဂ္ ဖလားကုိပဲ ဦးစားေပးမွာ ျဖစ္တယ္လုိ႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။ နည္းျပ ကေလာ့ပ္ရဲ႕ လီဗာပူးလ္အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္ ရႈံးပဲြ မရွိေသးဘဲ ပရီးမီးယားလိဂ္ ပဲြစဥ္ (၁၉) ပဲြ ကစားၿပီးတဲ့ အခ်ိန္မွာ (၁၃) မွတ္ ျဖတ္ထားၿပီး ဖိအားေပးတဲ့ အသင္း မရွိဘဲ ဇယား ထိပ္ဆုံးကေန ဦးေဆာင္ေနလ်က္ ရွိပါတယ္။

Photo Credit: Goal

နည္းျပ ဝင္းဂါဟာ အာဆင္နယ္အသင္းကို နည္းျပခဲ့စဥ္က အာဆင္နယ္အသင္းနဲ႔ အတူ (၄၉) ပဲြ ရႈံးပဲြ မရွိဘဲ ပရီးမီးယားလိဂ္ ေရႊဖလားဆုကုိ ရရွိခဲ့ၿပီး လက္ရွိ လီဗာပူးလ္အသင္းက သူ႔ရဲ႕ စံခ်ိန္ကုိ မွီႏုိင္မလား ဆုိတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ နည္းျပ ဝင္းဂါကေတာ့ လီဗာပူးလ္အသင္းဟာ သူ႔ရဲ႕ စံခ်ိန္ကုိ မွီဖုိ႔ နဲ႔ သူ႔ရဲ႕ စံခ်ိန္ကုိ ခ်ိဳးဖုိ႔ထက္ ႏွစ္ (၃၀) ၾကာ မရခဲ့တဲ့ ပရီးမီးယားလိဂ္ ဖလားကုိ အဓိက ပစ္မွတ္ထားၿပီး ကစားသြားလိမ့္မယ္လုိ႔ beLN Sports မွာ ေျပာသြားလုိက္ပါတယ္။

Photo Credit: Goal

အာစင္ ဝင္းဂါက “လီဗာပူးလ္က မႏွစ္က ရာသီမွာ ပရီးမီးယားလိဂ္ ဆုဖလား ရရွိဖုိ႔ နီးစပ္ခဲ့တယ္။ သူတုိ႔ ပရီးမီးယားလိဂ္ ဆုဖလား ရရွိဖုိ႔ နီးစပ္ေနတုန္းပါ။ ဒါေပမဲ့ ကြ်န္ေတာ့္ကေတာ့ အခုအခ်ိန္မွာ လီဗာပူးလ္အသင္း ေမွ်ာ္လင့္တာက ပရီးမီးယားလိဂ္ ဆုဖလား ရရွိဖုိ႔ပဲ ျဖစ္မယ္လုိ႔ ထင္မိပါတယ္။ ဒါက သူတုိ႔လုိ ေဘာလုံးျမိဳ႕ေတာ္အတြက္ ပထမ ပစ္မွတ္ပါ။ ပရီးမီးယားလိဂ္ဖလားကုိ ႏွစ္ (၃၀) ၾကာ မရခဲ့ပါဘူး။ ဒါကုိ ဘယ္သူ ေတြးမိမွာလဲ။ ဒီဖလားက သူတုိ႔ရဲ႕ အဓိက ဦးစားေပးပါ”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

အာဆင်နယ် နည်းပြဟောင်း အာစင် ဝင်းဂါးက လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို နှစ် (၃၀) ကြာ မရခဲ့တာကြောင့် အခြား ဆုဖလားထက် ပရီးမီးယားလိဂ် ဖလားကိုပဲ ဦးစားပေးမှာ ဖြစ်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ရှုံးပွဲ မရှိသေးဘဲ ပရီးမီးယားလိဂ် ပွဲစဉ် (၁၉) ပွဲ ကစားပြီးတဲ့ အချိန်မှာ (၁၃) မှတ် ဖြတ်ထားပြီး ဖိအားပေးတဲ့ အသင်း မရှိဘဲ ဇယား ထိပ်ဆုံးကနေ ဦးဆောင်နေလျက် ရှိပါတယ်။

Photo Credit: Goal

နည်းပြ ဝင်းဂါဟာ အာဆင်နယ်အသင်းကို နည်းပြခဲ့စဉ်က အာဆင်နယ်အသင်းနဲ့ အတူ (၄၉) ပွဲ ရှုံးပွဲ မရှိဘဲ ပရီးမီးယားလိဂ် ရွှေဖလားဆုကို ရရှိခဲ့ပြီး လက်ရှိ လီဗာပူးလ်အသင်းက သူ့ရဲ့ စံချိန်ကို မှီနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ နည်းပြ ဝင်းဂါကတော့ လီဗာပူးလ်အသင်းဟာ သူ့ရဲ့ စံချိန်ကို မှီဖို့ နဲ့ သူ့ရဲ့ စံချိန်ကို ချိုးဖို့ထက် နှစ် (၃၀) ကြာ မရခဲ့တဲ့ ပရီးမီးယားလိဂ် ဖလားကို အဓိက ပစ်မှတ်ထားပြီး ကစားသွားလိမ့်မယ်လို့ beLN Sports မှာ ပြောသွားလိုက်ပါတယ်။

Photo Credit: Goal

အာစင် ဝင်းဂါက “လီဗာပူးလ်က မနှစ်က ရာသီမှာ ပရီးမီးယားလိဂ် ဆုဖလား ရရှိဖို့ နီးစပ်ခဲ့တယ်။ သူတို့ ပရီးမီးယားလိဂ် ဆုဖလား ရရှိဖို့ နီးစပ်နေတုန်းပါ။ ဒါပေမဲ့ ကျွန်တော့်ကတော့ အခုအချိန်မှာ လီဗာပူးလ်အသင်း မျှော်လင့်တာက ပရီးမီးယားလိဂ် ဆုဖလား ရရှိဖို့ပဲ ဖြစ်မယ်လို့ ထင်မိပါတယ်။ ဒါက သူတို့လို ဘောလုံးမြို့တော်အတွက် ပထမ ပစ်မှတ်ပါ။ ပရီးမီးယားလိဂ်ဖလားကို နှစ် (၃၀) ကြာ မရခဲ့ပါဘူး။ ဒါကို ဘယ်သူ တွေးမိမှာလဲ။ ဒီဖလားက သူတို့ရဲ့ အဓိက ဦးစားပေးပါ”လို့ ပြောခဲ့ပါတယ်။