အာဆင်နယ် နည်းပြဟောင်း ဝင်းဂါးကတော့ အာဆင်နယ်အသင်းကို နည်းပြခဲ့စဉ်က ရရှိခဲ့တဲ့ ရှုံးပွဲမရှိစံချိန်ကို လီဗာပူးလ်အသင်းအနေနဲ့ မမှီဖို့ မျှော်လင့်ပါတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဝင်းဂါးဟာ အာဆင်နယ်အသင်းကို နည်းပြခဲ့စဉ်က (၂၀၀၃-၀၄) ခုနှစ်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်နဲ့ ပရီးမီးယားလိဂ် ရွှေဖလားဆုကို ရရှိခဲ့ပြီး အတော်လေး နာမည်ကြီးခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ခြေစွမ်းပြသလျက်ရှိပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၂၆) ပွဲ ကစားပြီးရာမှာ (၁) ပွဲမှ မရှုံးသေးဘဲ နိုင်ပွဲ ဆက်နေပါတယ်။

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ (၁၂) ပွဲသာ ကျန်တော့တာကြောင့် နိုင်ပွဲ နဲ့ သရေပွဲသာ ကစားနိုင်မယ် ဆိုရင် နည်းပြ ဝင်းဂါးရဲ့ ရှုံးပွဲမရှိစံချိန်ကို မှီသွားမှာပဲ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ မနက်ဖြန် တနင်္လာနေ့ည ဗုဒ္စဟူးနေ့နံနက် (၂း၃၀) အချိန်မှာ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ကစားသွားရမှာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလား ရရှိဖို့ သေချာနေပြီ ဖြစ်ပြီး နည်းပြ ဝင်းဂါးက လီဗာပူးလ်အသင်းကို ရှုံးပွဲမရှိ စံချိန်နဲ့ လက်ရှိရာသီကို မကုန်ဆုံးစေချင်ဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဝင်းဂါးဟာ လီဗာပူးလ်အသင်းအနေနဲ့ ရှုံးပွဲ မရှိစံချိန်နဲ့ ရာသီကုန်ဆုံးနိုင်မလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “ဒါဟာ ဖြစ်နိုင်ပါတယ်။ ဖြစ်ကောင်း ဖြစ်လာမှာပါ။ ရှုံးပွဲမရှိစံချိန်နဲ့ ရာသီကုန်ဆုံးနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ရှုံးပွဲမရှိစံချိန်နဲ့ ရာသီမကုန်ဆုံးစေချင်ပါဘူး။ ရှုံးပွဲမရှိစံချိန်နဲ့ ရာသီကုန်ဆုံးတဲ့ တစ်ဦးတည်းသော သူက ကျွန်တော်ပဲ အမြဲတမ်း ဖြစ်ချင်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်က ရှုံးပွဲမရှိစံချိန်နဲ့ ရာသီမကုန်ဆုံးခဲ့ဘူး ဆိုရင် သူတို့က လုပ်သွားကြမှာပါ။ ကျွန်တော်ကတော့ သူတို့ ရှုံးပွဲမရှိ စံချိန်နဲ့ ရာသီကုန်ဆုံးရင် အကောင်းဆုံး ကစားခဲ့ကြတယ်လို့ ပြောမှာပါ။ စံချိန်မှတ်တမ်းတွေကို မှီလာကြမှာပါ။ ဒါမှမဟုတ် ကျော်သွားကြမှာပါ။ တကယ်လို့ သူတို့ ထိုက်တန်ရင် ဖြစ်စေချင်ပါတယ်။ သူတို့က သိပ်ကောင်းပါတယ်”လို့ ပြောသွားခဲ့ပါတယ်။