မန်ယူအသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာကာ မန််ယူအသင်း ၊ အာဆင်နယ်အသင်း ၊ ဝက်ဖို့ဒ်အသင်းတို့မှာ ကစားဖူးတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဝဲလ်ဘက်ဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ကလပ် ဘရို်က်တန်အသင်းထံ တစ်ရာသီ စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၉နှစ်် အရွယ်သာ ရှိသေးတဲ့ ဝဲလ်ဘက်ဟာ မကြာသေးမီကမှ ဝက်ဖို့ဒ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့တာကြောင့် အသင်းလက်မဲ့ ကစားသမား ဖြစ်ခဲ့ပြီး သူ့ကို ခေါ်ယူဖို့အတွက် ချန်ပီယံရှစ် အသင်းတွေက ကြိုးစားခဲ့ပေမယ့်် ဝဲလ်ဘက်ကတော့ ဘရိုက်တန် အသင်းကိုသာ ရွေးချယ်ခဲ့တာပါ။

Photo Credit: Metro

ဝဲလ်ဘက်ဟာ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးတစ်ဦး ဖြစ်ခဲ့သလို အသင်းဟောင်း မန်ယူအသင်းနဲ့လည်း ပရီးမီးယားလိဂ်ဖလားကို ရယူဖူးသူ ဖြစ်တာကြောင့် ဘရိုက်တန်အသင်း အတွက်တော့ ဝဲလ်ဘက်ကို ရရှိခဲ့တာဟာ အတော်လေး ကောင်းမွန်တဲ့ အပြောင်းအရွှေ့ ဖြစ်ကြောင်း ဘောလုံး သုတေသီတွေက သုံးသပ် ထားကြပါတယ်။ ဝဲလ်ဘက်ဟာ ဘရိုက်တန်အသင်း အတွက် ပွဲဦးထွက်ကို အောက်တိုဘာလ ၂၆ရက်နေ့မှာ ကစားရမယ့် ဝက်စ်ဘရွန်းအသင်းနဲ့ ပွဲစဉ်မှာ စတင် ကစားရဖွယ် ရှိကြောင်းလည်း သိရပါတယ်။ ဘရိုက်တန် အသင်းရဲ့ နည်းပြဖြစ်သူ ပေါ်တာ ကတော့ ဝဲလ်ဘက်ကို ခေါ်ယူနိုင်ခဲ့တာဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း ကို ပြီးပြည့်စုံ သွားစေကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Metro

ဝဲလ်ဘက်ကို ခေါ်ယူနိုင်ခဲ့တာနဲ့ ပတ်သတ်ပြီး ပေါ်တာက “ဒန််နီ(ဝဲလ်ဘက်)က ကျွန်တော်တို့ အသင်းနဲ့ ပူးပေါင်းခဲ့တဲ့ အတွက် ကျွန်တော်တို့တွေက ဝမ်းသာနေကြပါတယ်။ သူဟာ လက်ရှိ ကျွန်တော်တို့ အသင်းရဲ့ တိုက်စစ်ပိုင်း အနေအထားကို ပြည့်စုံသွားစေတဲ့ ကစားသမား တစ်ဦးပါ။ သူ့မှာ သံသယ ဝင်စရာ မလိုတဲ့ မှတ်တမ်းကောင်းတွေ ရှိပြီး လျင်မြန်သလို နည်းစနစ်ပိုင်းလည်း အရမ်းကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ သူက ကျွန်တော်တို့ အသင်းရဲ့ တိုက်စစ်ပိုင်း ခြိမ်းခြောက်နိုင်စွမ်းကို အင်အား တိုးမြှင့်ပေးနိုင်တဲ့ တိုက်စစ်မှူးဖြစ်ပြီး သူ့ရဲ့ အတွေ့အကြုံတွေနဲ့ အရည်အချင်းတွေက ကျွန်တော်တို့ကို ကူညီပေးနိုင်မှာပါ” ဆိုပြီး ပြောကြား သွားခဲ့တာပါ။