MySport Myanmar

ဒီလို ရလဒ်မျိုး ဖြစ်လာလိမ့်မယ်ဆိုတာကို သူ ကြိုသိနေခဲ့တယ်လို့ ဗက်ဟော့စ် ဆို

နယ်သာလန် လက်ရွေးစင်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး ဗောက် ဗက်ဟို့စ်ကတော့ နယ်သာလန်နဲ့ ပိုလန်အသင်းတို့ရဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ နယ်သာလန်အသင်းအတွက် အဖိုးတန်သွင်းဂိုး အဖိုးတန်နိုင်ပွဲတို့ကို ရရှိအောင် အကောင်းဆုံး စွမ်းဆောင်ပေးသွားနိုင်ခဲ့ပါတယ်။

နယ်သာလန်နဲ့ ပိုလန်အသင်းတို့ဟာ အုပ်စု(D)ရဲ့ အုပ်စုအဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ခဲ့ကြပြီး နယ်သာလန်က ပွဲကို ဖိအားပေး ကစားနေရင်း အဓိက ကစားသမား လီဝန်ဒေါစကီး မပါဝင်လာနိုင်တဲ့ ပိုလန်အသင်းက ဦးဆောင်ဂိုးကို စတင် သွင်းယူခဲ့ရာ ဂက်ပိုက နယ်သာလန်အတွက် ချေပဂိုး ပြန်လည် သွင်းယူခဲ့တာကြောင့် ပထမပိုင်း တစ်ဂိုးစီ သရေဖြစ်နေရပါတယ်။

Photo Credit : SuperSport

ဒီပွဲမှာ နယ်သာလန်ဟာ မဖြစ်မနေ အနိုင်ရထားဖို့ လိုအပ်နေပြီး ဒီပိုင်း ဂက်ပိုနဲ့ ဆီမွန်တို့ကလည်း ဂိုးတွေ ထပ်မသွင်းနိုင်တာကြောင့် ပွဲပြီးခါနီးလောက်မှာပဲ နယ်သာလန်နည်းပြ ရော်နယ်လ် ကိုးမန်းက တိုက်စစ်မှူးကြီး ဗက်ဟော့စ်ကို ထည့်သွင်းလိုက်ရပါတယ်။ ပွဲချိန် (၈၃)မိနစ်အရောက်မှာတော့ ဗက်ဟော့စ်က နယ်သာလန်အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပြီး နယ်သာလန်တို့ (2-1) နဲ့ အဖွင့်လှသွားခဲ့ရပါတယ်။

ဗက်ဟော့စ်ဟာ ကလပ်အသင်း ကစားသမားဘဝမှာ ဘာမှ မယ်မယ်ရရ စွမ်းဆောင်နိုင်သူ မဟုတ်ပေမယ့်လည်း လက်ရွေးစင်အသင်းမှာတော့ ကစားခွင့်ရတိုင်း တစ်ခုခု လုပ်ပြနိုင်တက်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားသူဖြစ်လို့ သူ့ကို နယ်သာလန် နည်းပြအဆက်ဆက်က အမြဲတမ်း ကစားသမားစာရင်းမှာ ထည့်သွင်းရွေးချယ်ကြတာ ဖြစ်ပါတယ်။

Photo Credit : Reuters

အခုလည်း နယ်သာလန်အတွက် အရေးပါတဲ့ ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဗက်ဟော့စ်က “ကျွန်တော် ဘယ်လို ခံစားပျော်ရွှင်နေရသလဲဆိုတာကို မပြောပြတက်လောက်အောင်ပါပဲ။ ဒါက လုံးဝ ထူးရှယ်ပါပဲ။ အထူးသဖြင့် ဒီလို အခြေအနေမျိုးမှာ ဂိုးသွင်းရတာက အရမ်းမိုက်ပါတယ်။ ဒါက ကျွန်တော့်အတွက်ဆိုရင် စိတ်ကူးယဉ် ဇာတ်ညွှန်းတစ်ခုလိုပဲ။”

“နောက်ပြီး အခုလို ရလဒ်မျိုး ဖြစ်လာမယ်ဆိုတာကိုလည်း ကျွန်တော် သိထားနေမိတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း ဒီမနက် ကျွန်တော့်ကောင်မလေးဆီ ပို့ထားတဲ့ Whatsapp က စာတွေကို ပြနိုင်ပါတယ်။ ကျွန်တော် အဲ့မှာ ဘာပြောခဲ့လဲဆိုတော့ ပွဲပြီး ခရာမမှုတ်ခင် မိနစ်(၂၀)လောက်မှာ ပွဲက ဂိုးမရှိသရေ ဒါမှမဟုတ် (၁)ဂိုးစီ သရေ ဖြစ်နေမယ် ပြီးရင်တော့ ကျွန်တော် ဝင်လာပြီး ဂိုးသွင်းမယ်ဆိုပြီး ပြောခဲ့တာပါ။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version