MySport Myanmar

ဗက်ဟို့စ်က မန်ယူအသင်းအတွက် အကျိုးပြုနိုင်တဲ့ ကစားသမားလို့ နဗီးလ် ဆို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်ပြီး pundit တစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်က အသင်းရဲ့ တိုက်စစ်ကစားသမား ဗောက်ဗက်ဟို့စ်ဟာ မန်ယူနိုက်တက်အတွက် လုံလောက်တဲ့ ကစားသမားတစ်ဦး ဖြစ်မနေပေမယ့်လည်း အသင်းအတွက်တော့ အကျိုးရှိစေတဲ့ ကစားသမားတစ်ဦးလို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

ယူနိုက်တက်အသင်းဟာ ရော်နယ်လ်ဒိုနဲ့ နှစ်ဦးနှစ်ဖက် သဘောတူပြီး လက်တွဲဖြုတ်သွားချိန်မှာ အထောင်တိုက်စစ် နေရာအတွက် ကစားသမားတစ်ဦးကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်လာတဲ့အတွက် နောက်ဆုံးမှာတော့ နယ်သာလန် တိုက်စစ်မှူးကြီး ဗက်ဟို့စ်ကို ဘန်လေကနေ အငှားနဲ့ ခေါ်ယူလိုက်ရပါတယ်။ ဗက်ဟို့စ်က ယူနိုက်တက်မှာ ပုံမှန် ခြေစွမ်းပြဖို့ ဂိုးတွေ သွင်းယူပေးနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး တချို့ပွဲတွေမှာဆိုရင် လူပိုကြီး တစ်ဦးလို့ ဖြစ်နေရပေမယ့် အသင်းအတွက်ကိုတော့ အကောင်းဆုံး ကြိုးစား ကစားပေးတတ်သလို နည်းပြတန်ဟက်ဂ် ကစားခွင့်ပေးတဲ့ နေရာတိုင်းမှာပါ အဆင်ပြေအောင် ကစားပေးနိုင်တာတွေကြောင့် အသင်းအတွက် အကျိုးပြုပေးနိုင်တယ်လို့ နဗီးလ်က သုံးသပ်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

“ဘောလုံးမှာ ထူးခြားတာကတော့ မန်ချက်စတာယူနိုက်တက်က အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် လုံလောက်ခြင်းမရှိတဲ့ ကစားသမားတစ်ဦးကို ပိုင်ဆိုင်ထားခြင်းပါပဲ။ ဒါပေမယ့် သူက အသင်းအတွက် အကျိုးအမြတ်တွေ ပိုရှိလာစေခဲ့တယ်။ ဗက်ဟို့စ်က ရော်နယ်လ်ဒိုနေရာမှာ အစားမဝင်နိုင်ဘူးဆိုတာ လုံးဝ သေချာတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့်လည်း တူညီတဲ့ အသင်းဖော်တွေ တူညီတဲ့ အချိန်ကာလအတွင်း ကစားခဲ့တဲ့ ကိန်းဂဏန်း အချက်အလက်တွေကို ကြည့်မယ်ဆိုရင် သူက ဒီမှာ မရှိနေသင့်ပေမယ့် သူရဲ့ အသင်းအပေါ် impact ဖြစ်စေတဲ့ stats တွေကြောင့် သူ ဒီမှာ ရှိနေရတာပါ” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Premier League

ဗက်ဟို့စ်ဟာ မန်ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်းကြီး ရော်နယ်လ်ဒိုလောက် အသင်းအတွက် ဂိုးသွင်းယူနိုင်ခြင်း မရှိပေမယ့်လည်း အသင်းအတွက် သူ ပါဝင်ကစားချိန်နောက်ပိုင်းမှာ သူ့ကြောင့် တိုက်စစ်ပိုင်းက ကစားသမားတွေ အထူးသဖြင့် ရပ်ရှ်ဖို့ဒ်က ဂိုးတွေ ပိုမို သွင်းယူလာနိုင်ခဲ့သလို အသင်းကလည်း နိုင်ပွဲတွေ များစွာ ရယူလာနိုင်ခဲ့ပါတယ်။

Exit mobile version