ကဲ ဘာဘာတော့ဗ်ရဲ့ ပရီးမီးယားလိဂ် ပွဲကြို သုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါ ကျရောက်လာပြန်ပါပြီ။ ဒီတပတ်မှာ မန်ချက်စတာ စီးတီးနဲ့ အဲဗာတန် ၊ ဝက်စ်ဟမ်းနဲ့ အာဆင်နယ် ၊ စပါးနဲ့ ဘရိုက်တန် ၊ ဗီလာနဲ့ မန်ယူ စတဲ့ ပွဲကောင်းတွေ ရှိနေတာကြောင့် ဘာဘာတော့ဗ် တယောက် ဘယ်လို ခန့်မှန်းချက်တွေ လုပ်ထားမလဲ ဆိုတာ ဖတ်ရှုကြည့်လိုက်ရအောင်ဗျာ…။

Photo Credit: OPTA Analyst

မန်စီးတီးနဲ့ အဲဗာတန် (စနေနေ့ည ၇နာရီ)

မန်ချက်စတာ စီးတီးမှာ ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်တဲ့ အရည်အသွေးမြင့် ကစားသမားတွေ အများကြီး ရှိပါတယ်။ သူတို့ရဲ့ ကစားပုံကလည်း အမြဲတမ်းကို ကောင်းနေတာပါ။ အဲဗာတန်ကတော့ ရမှတ်လျှော့ပြစ်ဒဏ်ကြောင့် ဒုက္ခရောက်နေဆဲပါပဲ။ ကျွန်တော်ကတော့ ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ မန်ချက်စတာ စီးတီးကပဲ နိုင်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – မန်စီးတီး ၃-၀ အဲဗာတန်

Photo Credit: Sporting News

စပါးနဲ့ ဘရိုက်တန် (စနေနေ့ည ၉နာရီခွဲ)

စပါးက အဆင့်(၄) အတွင်း ဝင်ချင်တယ် ၊ ဥရောပပြိုင်ပွဲတွေမှာ ကစားချင်တယ် ဆိုရင် သူတို့တွေ ကစားနေကြ ပုံစံအတိုင်း ဖျော်ဖြေရေး ဆန်တဲ့ တိုက်စစ်ကစားဟန် ၊ ဂိုးတွေ အများကြီး သွင်းနိုင်တဲ့ တိုက်စစ်ကစားဟန်ကို ဆက်ကစားဖို့ လိုပါတယ်။ မက်ဒီဆန်ကလည်း ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးတဲ့နောက်မှာ ခြေစွမ်းကောင်းတွေ ပြန်ပြနေပါတယ်။ အဲဗာတန်နဲ့ပွဲမှာ ရစ်ချာလီဆန်ကို သူ ဖန်တီးပေးလိုက်တဲ့ အလုံးကို ကြည့်လိုက်တာနဲ့တင် သူ့ရဲ့ ပွဲအခြေအနေ ဖတ်နိုင်စွမ်းကို အတိုင်းသား မြင်နိုင်ပါတယ်။ ကျွန်တော်ကတော့ စပါး နိုင်သွားမယ်လို့ ယုံကြည်ပါတယ်။

ခန့်မှန်းရလဒ် – စပါး ၃-၁ ဘရိုက်တန်

Photo Credit: OPTA Analyst

ဝက်စ်ဟမ်းနဲ့ အာဆင်နယ် (တနင်္ဂနွေနေ့ည ၈နာရီခွဲ)

ဝက်စ်ဟမ်းက ဘယ်လိုလူစာရင်းကို သုံးလာသလဲ ဆိုတာကို ကြည့်ပြီး သူတို့က ပြိုင်ဘက်ကို ဒုက္ခပေးနိုင်လား ၊ ဒါမှမဟုတ် အလွယ်တကူ ဂိုးတွေ ပေးရမလား ဆိုတာကို သုံးသပ်ရပါမယ်။ ဒီပွဲမှာ အာဆင်နယ် လုပ်ရမယ့် တခုထဲသော အရာက နိုင်ပွဲ ရယူဖို့ပါပဲ။ သူတို့က မန်ချက်စတာ စီးတီးနဲ့ လီဗာပူးရဲ့ အမှားတွေကို စောင့်နေရတာ ဆိုတော့ ဒီပွဲကို နိုင်အောင် ကစားရပါမယ်။ ဒါကြောင့် တခါတလေမှာ ကိုယ့်ပြိုင်ဘက်တွေ ကစားပြီးမှ ကစားရတာက ကိုယ့်ရဲ့ စိတ်ပိုင်းဖြတ်မှုကို သက်ရောက်စေပါတယ်။ အာဆင်နယ် တသင်းလုံးက စီးတီးပွဲ ၊ လီဗာပူးပွဲတွေကို ကြည့်မှာ သေချာပါတယ်။ တကယ်လို့ အဲ့ဒီအသင်းတွေကသာ အမှတ်လျော့သွားမယ် ဆိုရင် အာဆင်နယ်ရဲ့ ကစားသမားတွေက “ဟုတ်ပြီ။ သူတို့ကို အမှီ လိုက်ရမယ့် အချိန်ရောက်ပြီ” လို့ ပြောကြပါလိမ့်မယ်။ ဒီပွဲက ခန့်မှန်းရခက်တဲ့ ပွဲမျိုး ဖြစ်ပေမယ့် ကျွန်တော်ကတော့ အာဆင်နယ် အနိုင် ဆိုတဲ့ ဘက်မှာပဲ နေချင်ပါတယ်။

ခန့်မှန်းရလဒ် – ဝက်စ်ဟမ်း ၁-၂ အာဆင်နယ်

Photo Credit: Tribuna

ဗီလာနဲ့ မန်ယူ (တနင်္ဂနွေနေ့ည ၁၁နာရီ)

ဒီပွဲကတော့ သွင်းဂိုး များများစားစား သွင်းပြီး သရေကျမယ့်ပွဲမျိုးပါ။ နှစ်သင်းစလုံးမှာ သွင်းဂိုးတွေ ဆာလောင်နေတဲ့ လူငယ် ကစားသမားတွေ ရှိနေသလို အဲ့ဒီလူငယ်တွေကပဲ သူတို့ဟာ ဘယ်လို ကစားသမားမျိုးတွေလဲ ဆိုတာ ကမ္ဘာကြီးကို ပြသချင်နေပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲမှာ ဂိုးများမယ်လို့ ပြောချင်ပါတယ်။ ဒီပွဲမှာ အနိုင်ရမယ့်သူ မရှိလောက်ပါဘူး။

ခန့်မှန်းရလဒ် – ဗီလာ ၂-၂ မန်ယူ

Photo Credit: Bet Fair

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ဖူလ်ဟမ် ၂-၁ ဘုန်းမောက်

လီဗာပူး ၃-၀ ဘန်လေ

လူတန် ၃-၁ ရှက်ဖီးလ်

ဝုလ်ဗ် ၁-၁ ဘရန့်ဖို့ဒ်

နော်တင်ဟမ် ဖောရက်စ် ၂-၁ နယူးကာဆယ်

ခရစ္စတယ် ပဲလေ့စ် ၂-၁ ချယ်လ်ဆီး