ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘွန်ဒစ်လီဂါကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ရောက်ရှိလာခဲ့ပြီး အင်္ဂလန်ကလပ်အသင်းတွေနဲ့ ဘောလုံးကစားဟန်နဲ့ အံ့မဝင်နိုင်ပဲ ရုန်းကန်ခဲ့ရတဲ့ ဂျာမနီကြယ်ပွင့်လေး ကိုင်းဟားဗက်ဇ်ဟာ ဒီရာသီမှာတော့ စွမ်းဆောင်ရည်ကောင်းတွေ ပြသလာနိုင်ကာ အသင်းရဲ့ အရေးပါဆုံးသော ကစားသမားတစ်ယောက် ဖြစ်လာနေတဲ့အတွက် ထိပ်တန်းကစားသမား ဖြစ်လာတဲ့အထိကို သူ့ဘက်ကနေ ဆက်လက်တွန်းအားပေးသွားရမယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Reuters

အသက်(၂၂)နှစ်အရွှယ်ရှိ လေဗာကူဆင် ကစားသမားဟောင်း ဟားဗက်ဇ်ဟာ ချယ်လ်ဆီးအသင်းဆီကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ချယ်လ်ဆီးကစားသစမားဘဝ ပထမရာသီမှာ ခက်ခဲမှုတွေနဲ့ ရှိခဲ့ရပေမယ့်လည်း ချန်ပီယံလိဂ်ဖို်င်နယ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကာ အသင်းကို ဥရောပချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ဟားဗက်ဇ်ဟာ ချယ်လ်ဆီးအသင်းရဲ့ Key Player တစ်ယောက်အနေနဲ့ ခြေစွမ်းပြနေတာကြောင့် ဒီထက်မက ပိုမိုကောင်းမွန်တဲ့ ကစားသမားတစ်ဦး ဖြစ်လာဖို့အတွက် ဆက်လက်တွန်းအားပေး ဆောင်ရွှက်သွားမယ်လို့ နည်းပြတူဟယ်လ်က ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Daily Express

ဟားဗက်ဇ်နဲ့ပတ်သက်ပြီး တူဟယ်လ်က “ကျွန်တော်တို့တွေ အသင်းနဲ့ ပြန်လည်ပူးပေါင်းချိန်မှာ သူအရမ်း သန်မာလာတာကို မြင်တွေ့ခဲ့ရတယ်။ သူရဲ့ရာသီအစ ခြေစမ်းပွဲတွေနဲ့ အသင်းလိုက် လေ့ကျင့်ခန်း အစီအစဉ်တွေအပေါ်မှာ ထားရှိခဲ့တဲ့ စိတ်နေသဘောထားလေးကလည်း စိတ်ကျေနပ်ဖို့ ကောင်းတယ်။ သူအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း အဆုံးအဖြတ် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ နောက်ပိုင်းကတည်းက သူရဲ့ ယုံကြည်မှုတွေ ပိုကောင်းလာတယ်လို့ ကျွန်တော်ခံစားမိတယ်။ ဒါပေမယ့် တကယ်တော့ သူက ဒါကို ပြန်ထည့်တွက်နေတာ မဟုတ်ပဲနဲ့ အသင်းအပေါ် ဘယ်လောက်ထိ အကျိုးပြုနိုင်မလဲ သူ နေရာဘယ်လောက်ရနိုင်မလဲဆိုတာကိုပဲ လုပ်ဆောင်နေတယ်။ သူက မတူကွဲပြားတဲ့ စိတ်နေစိတ်ထားတွေ ယုံကြည်မှုတွေနဲ့ကို တိုက်ပွဲဝင်နေတယ်။ လေ့ကျင့်ရေး အစီအစဉ်မှာလည်း သူရဲ့ရုပ်ပိုင်းဆိုင်ရာ ပိုမို အသုံးပြုလာတယ်။ ဒါတွေကတော့ သူနဲ့ပတ်သက်ပြီး ကျွန်တော်မြင်မိလာခဲ့ရတဲ့ ကောင်းတဲ့အချက်လေးတွေပေါ့။ သူကိုယ်တိုင်ကလည်း သူရဲ့စွမ်းဆောင်ရည်တွေ ပိုကောင်းလာအောင်နဲ့ အသင်းအပေါ် ပိုအကျိုးပြုနိုင်အောင် တွန်းအားပေးနေတယ်။ ဒါက သူ့ဆီကနေ ကျွန်တောာ် အဖြစ်စေချင်ဆုံး အရာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူ့လို အရည်အသွေး ပြည့်ဝနေတဲ့သူ တစ်ဦးကို တစ်စက္ကန့်လေးမှ အနားမပေးချင်ပါဘူး။ ဒီလို အရည်အသွေးပမာဏ ရှိနေမယ်ဆိုရင် ဒီကစားသမားရဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးဆိုင်ရာနဲ့ ဦးနှောက်ဖြတ်ထိုးညဏ်ပိုင်းဆိုင်ရာတွေမှာ အမြင့်ဆုံးရောက်လာအောင် ကျွန်တော်တို့က ဆက်လက်တွန်းအားပေးနေမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။