စပါးအသင္းကေတာ့ ဒီရာသီမွာ ရလဒ္ေတြတည္ၿငိမ္မႈအားနည္းမႈေတြေၾကာင့္ နည္းျပပိုခ်က္တီႏုိကုိ ရာထူးကေန ထုတ္ပယ္လုိက္ၿပီးတဲ႔ေနာက္မွာ ပရီးမီးယားလိဂ္ရဲ႕နာမည္ေက်ာ္နည္းျပႀကီးတစ္ဦးျဖစ္တဲ့ စပယ္ရွယ္ဝမ္းနည္းျပႀကီး ဟုိေဆးေမာ္ရင္ဟုိကုိ နည္းျပသစ္အျဖစ္ ခန္႔အပ္လုိက္တာ မွန္ကန္ခဲ႔တယ္လုိ႔ပဲ ဆုိရမွာပါ။ အခုဆုိ စပါးအသင္းက နည္းျပသစ္လက္ေအာက္မွာ ၿပိဳင္ပြဲစုံ၃ပြဲဆက္တုိက္ အႏုိင္ရယူႏုိင္ခဲ႔ၿပီး အသင္းသားေတြရဲ႕ႀကိဳးစားအားထုတ္မႈမွာလည္း ယခင္နည္းျပလက္္ေအာက္ကထက္ကုိ ပုိမုိတုိးတတ္လာခဲ႔ကာ ရလဒ္ေတြလည္း ျပန္လည္ေကာင္းမြန္လာတာေၾကာင့္ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာၿပီလုိ႔ပဲ ယူဆရမွာပါ။

Photo Credit : Getty Images

 ခ်ယ္လ္ဆီး မန္ခ်က္စတာယူႏုိက္တက္အသင္းတု႔နဲ႔အတူ ပရီးမီးယားလိဂ္မွာ အေတြ႔အႀကံဳေပါင္းမ်ားစြာ ရယူထားႏုိင္တဲ႔ ကမာၻေက်ာ္ေဘာလုံးနည္းျပ ေမာ္ရင္ဟုိဟာ ယူႏုိက္တက္အသင္းကေန ထုတ္ပယ္ခံလုိက္ရၿပီးေနာက္မွာ ေဘာလုံးနည္းျပဘဝထဲကုိ ျပန္လည္ဝင္ေရာက္လာျခင္းမရွိေသးပဲ နာမည္ေက်ာ္ရုပ္သံေတြမွာ ေဘာလုံးပြဲသုံးသပ္သူအျဖစ္ တာဝန္ယူေဆာင္ရႊက္ေနတာျဖစ္ပါတယ္။ ဒီိလုိ Pundit တစ္ေယာက္အျဖစ္ ေဆာင္ရႊ႔က္ေနစဥ္အတြင္းမွာ ေမာ္ရင္ဟုိကုိ ေအစီမီလန္ ရီးရဲလ္မက္ဒရစ္ လုိင္ယြန္ ဘင္ဖီကာ နယူးကာဆဲလ္ ဂြမ္ဇူးအဲဗားဂရန္ဒီအသင္းေတြကေန ေခၚယူႏုိင္ဖုိ႔ ႀကိဳးပမ္းမႈေတြ ျပဳလုပ္ခဲ႔ေပမယ့္ ဘယ္ကမ္းလွမ္းခ်က္ကိုမွ လက္မခံခဲ႔ပဲ စပါးအသင္းရဲ႕ကမ္းလွမ္းခ်က္ကုိ သေဘာတူညီခဲ႔တာျဖစ္ပါတယ္။

Photo Credit : Getty Images

လက္ရွိမွာ စပါးနည္းျပသစ္အျဖစ္ အေကာင္းဆုံးစြမ္းေဆာင္ေနႏုိင္တဲ႔ ေမာ္ရင္ဟုိနဲ႔ပတ္သက္ၿပီး စပါးအသင္းသား ဆြန္ေဟာင္မင္က “သူကၾကင္နာတတ္တယ္။ သူက အၿမဲၿပံဳးရႊင္ေနတာ။ ကစားသမားေတြကုိလည္း ဟာသေတြ အၿမဲလုပ္တတ္သူပါ။ ကြ်န္ေတာ္ကေတာ့ ဒါကုိ သေဘာက်မိတယ္။ ရလဒ္ေတြလည္း ေျပာင္းလဲလာခဲ႔တယ္။ ဒါက အျပဳသေဘာေဆာင္တဲ႔ အေျပာင္းအလဲေတြပါ။ အသင္းအတြက္က အဆင္မေျပခဲ႔တဲ႔ ရက္သတၱပတ္ေတြ ရွိခဲ႔တယ္။ ကစားသမားေတြအေနနဲ႔ကလည္း ကုိယ့္ရဲ႕နည္းျပကုိ အသင္းကေန ထုတ္ပယ္ခံရတာမ်ိဳး မျမင္ေတြ႔ခ်င္ပါဘူး။ ဒါေပမယ့္ ကြ်န္ေတာ္တုိ႔ ပေရာက္ဖက္ရွင္နယ္ေတြပဲေလ။ အခုဆုိ ၃ပြဲလုံးႏုိင္ထားတယ္။ ဒါက အေကာင္းရလဒ္လုိ႔ ယူဆရမွာပါ။ ဟုိေဆးကေတာ့ ယူႏုိက္တက္အသင္းမွာ ၂ႏွစ္ေလာက္ ကုိင္တြယ္ခဲ႔ဖူးၿပီး ဒီတစ္ပတ္မွာ ရင္ဆုိင္ရမယ့္ သူရဲ႕အသင္းေဟာင္းနဲ႔ပြဲအၿပီးမွာလည္း ရလဒ္ေကာင္းဖုိ႔အတြက္ ကြ်န္ေတာ္တုိ႔ေတြဘက္ကေန စြမ္းေဆာင္ေပးသြားမွာပါ။ ကြ်န္ေတာ္တုိ႔ေတြအေနနဲ႔ အသင္းအတြက္ေရာ ဟုိေဆးအတြက္ကုိပါ ရလဒ္ေကာင္းေတြ ယူေဆာင္ေပးႏုိင္ဖုိ႔ ႀကိဳးစားေပးသြားမွာျဖစ္တယ္” လုိ႔ ရွင္းလင္းေျပာဆိုသြားခဲ႔ပါတယ္။ ေမာ္ရင္ဟုိဟာ လာမယ္ဒီဇင္ဘာလ ၅ရက္ေန႔မွာေတာ့ သူရဲ႕အသင္းေဟာင္း မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ အုိးထရက္ဖုိဒ့္ကြင္းမွာ ရင္ဆုိင္ကစားသြားရမွာပဲျဖစ္ပါတယ္။

(Unicode)

ဟိုဆေးအတွက် ပွဲတိုင်းကို ရလဒ်ကောင်းတွေ ရယူပေးချင်တယ်လို့ ဆွန်ဟောင်မင်ပြောဆို

စပါးအသင်းကတော့ ဒီရာသီမှာ ရလဒ်တွေတည်ငြိမ်မှုအားနည်းမှုတွေကြောင့် နည်းပြပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးတဲ့နောက်မှာ ပရီးမီးယားလိဂ်ရဲ့နာမည်ကျော်နည်းပြကြီးတစ်ဦးဖြစ်တဲ့ စပယ်ရှယ်ဝမ်းနည်းပြကြီး ဟိုဆေးမော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တာ မှန်ကန်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ အခုဆို စပါးအသင်းက နည်းပြသစ်လက်အောက်မှာ ပြိုင်ပွဲစုံ၃ပွဲဆက်တိုက် အနိုင်ရယူနိုင်ခဲ့ပြီး အသင်းသားတွေရဲ့ကြိုးစားအားထုတ်မှုမှာလည်း ယခင်နည်းပြလက််အောက်ကထက်ကို ပိုမိုတိုးတတ်လာခဲ့ကာ ရလဒ်တွေလည်း ပြန်လည်ကောင်းမွန်လာတာကြောင့် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို့ပဲ ယူဆရမှာပါ။

Photo Credit : Getty Images

 ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတု့နဲ့အတူ ပရီးမီးယားလိဂ်မှာ အတွေ့အကြုံပေါင်းများစွာ ရယူထားနိုင်တဲ့ ကမ္ဘာကျော်ဘောလုံးနည်းပြ မော်ရင်ဟိုဟာ ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံလိုက်ရပြီးနောက်မှာ ဘောလုံးနည်းပြဘဝထဲကို ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးပဲ နာမည်ကျော်ရုပ်သံတွေမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် တာဝန်ယူဆောင်ရွှက်နေတာဖြစ်ပါတယ်။ ဒီိလို Pundit တစ်ယောက်အဖြစ် ဆောင်ရွှ့က်နေစဉ်အတွင်းမှာ မော်ရင်ဟိုကို အေစီမီလန် ရီးရဲလ်မက်ဒရစ် လိုင်ယွန် ဘင်ဖီကာ နယူးကာဆဲလ် ဂွမ်ဇူးအဲဗားဂရန်ဒီအသင်းတွေကနေ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဘယ်ကမ်းလှမ်းချက်ကိုမှ လက်မခံခဲ့ပဲ စပါးအသင်းရဲ့ကမ်းလှမ်းချက်ကို သဘောတူညီခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

လက်ရှိမှာ စပါးနည်းပြသစ်အဖြစ် အကောင်းဆုံးစွမ်းဆောင်နေနိုင်တဲ့ မော်ရင်ဟိုနဲ့ပတ်သက်ပြီး စပါးအသင်းသား ဆွန်ဟောင်မင်က “သူကကြင်နာတတ်တယ်။ သူက အမြဲပြံုးရွှင်နေတာ။ ကစားသမားတွေကိုလည်း ဟာသတွေ အမြဲလုပ်တတ်သူပါ။ ကျွန်တော်ကတော့ ဒါကို သဘောကျမိတယ်။ ရလဒ်တွေလည်း ပြောင်းလဲလာခဲ့တယ်။ ဒါက အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေပါ။ အသင်းအတွက်က အဆင်မပြေခဲ့တဲ့ ရက်သတ္တပတ်တွေ ရှိခဲ့တယ်။ ကစားသမားတွေအနေနဲ့ကလည်း ကိုယ့်ရဲ့နည်းပြကို အသင်းကနေ ထုတ်ပယ်ခံရတာမျိုး မမြင်တွေ့ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပရောက်ဖက်ရှင်နယ်တွေပဲလေ။ အခုဆို ၃ပွဲလုံးနိုင်ထားတယ်။ ဒါက အကောင်းရလဒ်လို့ ယူဆရမှာပါ။ ဟိုဆေးကတော့ ယူနိုက်တက်အသင်းမှာ ၂နှစ်လောက် ကိုင်တွယ်ခဲ့ဖူးပြီး ဒီတစ်ပတ်မှာ ရင်ဆိုင်ရမယ့် သူရဲ့အသင်းဟောင်းနဲ့ပွဲအပြီးမှာလည်း ရလဒ်ကောင်းဖို့အတွက် ကျွန်တော်တို့တွေဘက်ကနေ စွမ်းဆောင်ပေးသွားမှာပါ။ ကျွန်တော်တို့တွေအနေနဲ့ အသင်းအတွက်ရော ဟိုဆေးအတွက်ကိုပါ ရလဒ်ကောင်းတွေ ယူဆောင်ပေးနိုင်ဖို့ ကြိုးစားပေးသွားမှာဖြစ်တယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ လာမယ်ဒီဇင်ဘာလ ၅ရက်နေ့မှာတော့ သူရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အိုးထရက်ဖိုဒ့်ကွင်းမှာ ရင်ဆိုင်ကစားသွားရမှာပဲဖြစ်ပါတယ်။