ဘရာဇီးအသင်း လက်ရွေးစင် ကွင်းလယ် ကစားသမားဟောင်း ဖီလစ် မီလိုက အာဂျင်တီးနားအသင်းနဲ့ ကစားရပြီဆိုရင် မက်ဆီကို ကပ်ကစားဖို့ ခြေနဲ့ ကန်ခဲ့ကြပါတယ်လို့ ပြောခဲ့ပါတယ်။ ကွင်းလယ်လူ မီလိုဟာ ဝါရင့် ကွင်းလယ်လူ ကစားသမားဟောင်း ဖြစ်ပြီး ကစားသမားဘဝမှာ ဂျုဗင်တပ်အသင်း၊ ဂါလာတာစရေးအသင်း နဲ့ အင်တာအသင်းတို့အတွက် ကစားခဲ့ရပါတယ်။ သူဟာ ဘရာဇီး လက်ရွေးစင်အသင်းအတွက် (၂) နှစ်ကြာ ကစားခဲ့ပြီး ဘရာဇီး လက်ရွေးစင် အသင်းအတွက် ပွဲစဉ် (၂၂) ပွဲ ကစားထားရာမှာ သွင်းဂိုး (၂) ဂိုး သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ မီလိုကတော့ လက်ရွေးစင် ပွဲစဉ် ကစားရတဲ့ အချိန်မှာ အာဂျင်တီးနားအသင်းနဲ့ ကစားရပြီ ဆိုရင် မက်ဆီကို ကပ်ကစားနိုင်ဖို့ သူ့ကို ခြေနဲ့ ကန်ခဲ့ကြတယ်လို့ ပြောပြခဲ့ပါတယ်။ ကွင်းလယ်လူ မီလိုကတော့ မက်ဆီကို မယုံနိုင်စရာ ကောင်းတယ်လို့ ချီးကျူးသွားခဲ့ရုံမကဘဲ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုထက်တောင် ပို ကောင်းတယ်လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒိုဟာ လာလီဂါ ပြိုင်ပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ကွင်းလယ် ကစားသမား မီလိုကတော့ မက်ဆီက ရော်နယ်ဒိုထက် ပို ပြည့်စုံတယ်လို့လည်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

Clarin သတင်းမှာ ဖီလစ် မီလိုက “မက်ဆီက တမူထူးခြားတဲ့ ကစားသမားပါ။ ကျွန်တော်တို့ ဘရာဇီးအသင်းက သူနဲ့ ယှဉ်ပြိုင် ကစားရပြီဆိုရင် သူ့ကို တစ်ယောက် တစ်ချက်စီ ကန်ကြဖို့ နဲ့ အလှည့်ကျ ကန်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ တကယ်လို့ ကျွန်တော်တို့ မက်ဆီကို မကန်ဘူး ဆိုရင် မက်ဆီကို ကပ်ကစားဖို့ ခက်ခဲလွန်းပါတယ်။ ကျွန်တော်တို့ မက်ဆီ ကျိုးသွားတာကို မလိုချင်ကြပါတယ်။ သူ့ရဲ့ အရှိန် ပျက်သွားဖို့ နဲ့ သူ့ကို နှောင့်ယှက်ဖို့ပါပဲ။ ဒါဟာ ဗျူဟာပါပဲ။ မက်ဆီက မယုံနိုင်စရာ ကောင်းပါတယ်။ သူက ရော်နယ်ဒိုထက်တောင်မှ ပို ကောင်းပါတယ်။ ရော်နယ်ဒိုက အသင်းအတွက် (၅) ဂိုး သွင်းနိုင်မယ် ဆိုရင် မက်ဆီက (၅) ဂိုးသွင်းနိုင်ရုံမက အသင်းဖော်အတွက် ဂိုးဖန်တီးပေးနိုင်ပါတယ်။ မက်ဆီက ပိုပြည့်စုံပါတယ်”လို့ ပြောခဲ့ပါတယ်။