မန်ယူအသင်းရဲ့ ဒုတိယ အမှုဆောင် အက်ဝုဒ်ဝက်က ကစားသမားသစ်တွေကို ခေါ်ယူခဲ့ပေမဲ့ မန်ယူအသင်းအနေနဲ့ ယှဉ်ပြိုင်ရမှာတွေ အများကြီး ရှိနေသေးပြီး ရောက်ချင်နေတဲ့ နေရာကို မရောက်သေးဘူးလို့ ပြောသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ မက်ဂွိုင်းယား၊ ဝမ်ဘစ်ဆာကာ နဲ့ ဂျိမ်းတို့ကို ပေါင် (၁၄၅) သန်းနဲ့ ခေါ်ယူခဲ့ပြီး ယခုနှစ်မှာလည်း ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ပေါင် (၆၇) သန်းနဲ့ ခေါ်ယူခဲ့ပါသေးတယ်။

Photo Credit: DailyMail

မန်ယူအသင်းဟာ လက်ရှိမှာ ရာသီဝက် အားလပ်ရက်ကြောင့် စပိန်နိုင်ငံမှာ လေ့ကျင့်ရေး သွားဆင်းနေပြီး ရာသီဝက် အားလပ်ရက် (ဆောင်းရာသီ အားလပ်ရက်) ပြီးဆုံးသွားပြီ ဆိုရင် ချဲလ်ဆီးအသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်ယူ ဒုတိယ အမှုဆောင် အယ်ဝုဒ်ဝက်ဟာ ကစားသမားသစ် ခေါ်ယူတာ နဲ့ အဓိက ကစားသမားတွေ ဒဏ်ရာက ပြန်သက်သာလာတာက နည်းပြ ဆိုးလ်ရှား နဲ့ အသင်းအတွက် အားတတ်စရာ ဖြစ်တယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။

Photo Credit: DailyMail

အယ်ဝုဒ်ဝက်က “ကျွန်တော်တို့ ဒုတိယရာသီဝက်ကို ဦးတည်နေတဲ့ အချိန်မှာ ဖာနန်ဒက်စ်ကို ခေါ်ယူတာ နဲ့ အဓိက ကစားသမားတွေ ဒဏ်ရာကနေ သက်သာလာကြတာကတော့ အသင်း နဲ့ ဆိုးလ်ရှားအတွက် အားတတ်စရာပါ။ ကျွန်တော်တို့ ယူရိုပါလိဂ်၊ အက်ဖ်အေဖလား ပြိုင်ပွဲ နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယှဉ်ပြုင်ရဦးမှာ ဖြစ်လို့ ကစားရမယ့် ပွဲ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရောက်ချင်တဲ့ နေရာကို မရောက်သေးပါဘူး”လို့ ပြောသွားလိုက်ပါတယ်။