ဒီနှစ်ဘောလုံးရာသီရဲ့ အီတလီစီးရီးအေပြိိုင်ပွဲကို စတင်ကျင်းပလာခဲ့တာဟာဆိုရင် အခု ပွဲစဉ်(၄)အထိကို ရောက်ရှိနေပြီဖြစ်ပြီး လုံးဝကို နိုင်ပွဲမရှိသေးတဲ့ အသင်းတွေထဲမှာ တန်းတတ်ဆလာနီတာနီ ကာဂလီယာရီအသင်းတွေအပြင် ထူးထူးခြားခြား ဂျုဗင်တပ်စ်အသင်းပါ ပါဝင်လို့နေပြီး စီးရီးအေရဲ့ အအောင်မြင်ဆုံး ကလပ်အသင်းကြီးက လက်ရှိမှာ ရမှတ်(၂)မှတ်တည်းနဲ့ တန်းဆင်းဇုန်ထဲကို ရောက်ရှိလျက်ရှိနေပါတယ်။

Photo Credit : BlackWhiteReadAllOver

စီးရီးအေချန်ပီယံဆုကို (၃၆)ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့ဖူးတဲ့ ဂျုဗင်တပ်စ်အသင်းဟာ နည်းပြအယ်လီဂရီနဲ့ တကျော့ပြန် ပေါင်းစည်းခြင်း ခရီးလမ်းအစက အရင်လို ချောမွေ့မှုတွေနဲ့ ကင်းကွာနေခဲ့ရသလို အသင်းရဲ့ အဓိက ကစားသမား ခရစ္စတီယာနိုရော်နယ်လ်ဒို်ကို ဆုံးရှုံးထားမှုကလည်း အသင်းရဲ့ ရလဒ်တွေအပေါ် တနည်းတဖုံနဲ့ အကျိုးသက်ရောက် နေခဲ့ရပါတယ်။ လက်ရှိမှာ ဂျုဗင်တပ်စ်အသင်းဟာ စီးရီးအေပွဲစဉ် (၄)ပွဲအထိ ကစားလို့အပြီး (၂)ပွဲသရေကျထားခဲ့ပြီး (၂)ပွဲရှုံးထားသလို ရမှတ်(၂)မှတ်တည်းနဲ့ အဆင့်(၁၈)နေရာနဲ့ တန်းဆင်းဇုန်ထိ်ကို ရောက်ရှိနေရပါတယ်။

Photo Credit : Breaking Latest News

ဒီအခြေအနေနဲ့ပတ်သက်ပြီး ဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားက သူရဲ့အသင်းဖော်တွေကို သတိပေး ပြောဆိုမှုတွေ လုပ်ဆောင်လာခဲ့ပြီး ဒီလိုအချိန်မှာ အသင်းလိုက် စုစည်းမှုရှိဖို့ကိုသာ လုပ်ဆောင်ရမယ်လို့ ပြောဆိုလာခဲ့ပါတယ်။ ဒီဘားလားက “အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မျိုးမှာ ဘာမှကို လုပ်ဆောင်လို့ မရနိုင်ပေမယ့် အသင်းသားတွေအားလုံး စုစည်းနေဖို့်နဲ့ အသင်းလိုက် စည်းလုံးမှု ရှိနေဖို့တော့ လိုပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ အရင်တုန်းကလည်း ဒီလို လုပ်ဆောင်နိုင်ခဲ့ပါသေးတယ်။ အခုလည်း ဒီလို် လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါလိိမ့်မယ်။ အဆုံးထိကို ကျွန်တော်တို့ တိုက်ပွဲဝင်နေဦးမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ အူဒီးနီးစ်နဲ့ အေစီမီလန်အသင်းတွေကို သရေကစားနိုင်ခဲ့ပြီး နာပိုလီကို အရေးနိမ့်ထားခဲ့ပေမယ့် အမ်ပိုလီလို တန်းတတ်ကလပ်အသင်းမျိုးကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာက အသင်းအတွက် အတော်လေးကို အကျည်းတန်ခဲ့ရပါတယ်။ ဂျုဗင်တပ်စ်အသင်းအနေနဲ့ ဒီတစ်ပတ်အတွင်းမှာတော့ စပီဇီယာ ဆမ်ဒိုရီးယားအသင်းတွေနဲ့ စီးရီးအေပွဲစဉ်တွေအဖြစ် ဆက်လက်ယှဉ်ပြိင်သွားရမှာဖြစ်ပြီး ကြားရက်မှာတော့ ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ် ပွဲကျပ်ပွဲစဉ်အဖြစ် ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။