ပရီးမီးယားလိဂ် ထိပ်တန်းအသင်းဖြစ်တဲ့ စပါးအသင်းကို နည်းပြနေတဲ့ မော်ရင်ဟိုဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ဂျာမန်ကလပ် လစ်ဇက်အသင်းကို အိမ်ကွင်းမှာ တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့အပြီးမှာတော့ ကစားသမားအင်အား ရှားပါးနေမှုအတ​ွက် ငြီးတွား ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Champion League.com

မော်ရင်ဟိုရဲ့ စပါးအသင်းဟာ အိမ်ကွင်းမှာ ကစားရတဲ့ပွဲဖြစ်ပေမယ့် ဧည့်သည် လစ်ဇက် အသင်းကို အသာစီးရအောင် မကစားနိုင်ခဲ့သလို လစ်ဇက်အသင်းရဲ့ ဖိအားပေးကစားမှုတွေကို ခံရခဲ့ပြီး အသင်းခေါင်းဆောင် ဂိုးသမားလိုရစ်ရဲ့ လက်စွမ်းကောင်းတွေကြောင့်သာ ဒုတိယ အကျော့အတွက် မျှော်လင့်ချက် ရှင်သန်ခဲ့ရတာပါ​။ လစ်ဇက်အတွက် တစ်လုံးတည်းသော သွင်းဂိုးကို တိုက်စစ်မှူး တီမိုဝါနာက ပင်နယ်တီမှ သွင်းယူပေးခဲ့တာပါ။

Photo Credit: Champion League.com

ပွဲအပြီးမှာတော့ မော်ရင်ဟိုက တိုက်စစ်ပိုင်း မှာ အသုံးပြုလို့ရမယ့် ကစားသမား မရှိမှုအပေါ် ငြီးတွားသွားခဲ့ပြီး သူတို့ဟာ ကျည်ဆန်မရှိတဲ့ သေနတ်နဲ့ လိုက်ပစ်နေသလို ဖြစ်နေပြီလို့ တင်စားပြောဆိုသွားခဲ့ပါတယ်။ စပါးအသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ကိန်းနဲ့ ဆွန်ဟောင်မင်တို့ကို ဒဏ်ရာတွေကြောင့် ရာသီကုန်အထိ လက်လွှတ်ရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရတဲ့ အသင်းပါ။

Photo Credit: Champion League.com

မော်ရင်ဟိုက ” ဒါက ကျွန်တော်တို့ရဲ့ အခြေအနေပါပဲ။ ကျွန်တော်တို့ဟာ ကျည်ဆန်မရှိတဲ့ သေနတ်နဲ့ လိုက်ပစ်နေတဲ့သူတွေနဲ့ တူနေတယ်။ မကြာခင်မှာ ဘာ့ချ်ဝင့် ၊ လိုဆယ်ဆို ၊ လူးကပ် ( မော်ရာ ) တို့ သေတာကို မြင်ရနိုင်ပါတယ် ” ဆိုပြီး ဟာသဆန်ဆန် ငြီးတွားသွားခဲ့တာပါ။