ချယ်လ်ဆီးအမျိုးသား ဘောလုံးအသင်းမှာ ပါဝင်ကစားလို့နေတဲ့ ရီးစ်ဂျိမ်းစ်နဲ့ ချယ်လ်ဆီးအမျိုးသမီး ဘောလုံးအသင်းမှာ ပါဝင်ကစားနေတဲ့ လော်ရန်ဂျိမ်းစ်တို့နှစ်ဦးဟာ မောင်နှမတွေဖြစ်ကြပြီး နှစ်ဦးလုံး ဘောလုံးသမားဘဝကို ဖြတ်သန်းနေတာရော ချယ်လ်ဆီးအသင်းကို ကိုယ်စားပြုနေတာရော အတူတူ ဖြစ်နေရတဲ့အပြင် လက်ရှိမှာ ချယ်လ်ဆီးရဲ့ အမျိုးသားရော အမျိုးသမီးအသင်းပါ အက်အေဖလား ဗိုလ်လုပွဲတွေစီ တတ်ရောက်ထားလို့ အက်အေဖလားပြိုင်ပွဲရဲ့ ပထမဦးဆုံး ချန်ပီယံဆွတ်ခူးနိုင်မယ့် မောင်နှမတွေအဖြစ်ပါ စံချိန်တင်နိုင်ဖွယ် ရှိနေရပါတယ်။

Siblings Lauren and Reece James go from back garden to England history |  Women's football | The Guardian

Photo Credit : The Guardian

အသက်(၂၂)နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင် ညာနောက်ခံကစားသမား ရီးစ်ဂျိမ်းစ်ဟာ ချယ်လ်ဆီးလူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ချယ်လ်ဆီးစီနီယာအသင်းအတွက် စတင်ကစားပေးခွင့် ရရှိခဲ့ရင်း အခုဆိုရင် ချယ်လ်ဆီးရဲ့ အမာခံ ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။ သူရဲ့ညီမဖြစ်သူ လော်ရန်ဂျိမ်းစ်ကတော့ လက်ရှိမှာ အသက်(၂၀)အရွှယ်သာ ရှိလို့နေသေးပြီး တိုက်စစ်နေရာမှာ ကစားတတ်သူဖြစ်သလို ချယ်လ်ဆီး လူငယ်အကယ်ဒမီက ပေါ်ထွက်ခဲ့သူ ဖြစ်ပေမယ့် အာဆင်နယ်မှာ စီနီယာ ကစားသမားဘ၊ဝကို စတင်ခဲ့သလို အာဆင်နယ် မန်ချက်စတာယူနိုက်တက်တို့မှာ ကစားခဲ့ပြီးမှ ချယ်လ်ဆီးကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Independent

ဒီရာသီမှာ ချယ်လ်ဆီးအသင်းနဲ့ ဥရောပစူပါဖလား ဖီမာကလပ်ကမ္ဘာ့ဖလားတွေကို သိမ်းပိုက်ရယူထားနိုင်ခဲ့တဲ့ ရီးစ်ဂျိမ်းစ်ဟာ လက်ရှိမှာလည်း အက်အေဖလားတစ်လုံးကိုပါ ထပ်မံရယူသွားဖို့ အခြေအနေကောင်းလို့နေပြီး မနက်ဖြန် ဝင်ဘာလေကွင်းမှာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ဗိုလ်လုရမှာ ဖြစ်ပါတယ်။ ရီးစ်ဂျိမ်းစ်လိုပဲ သူရဲ့ညီမ လော်ရန်ဂျိမ်းစ်ကလည်း လာမယ့် တနင်္ဂနွေနေ့ ဝင်ဘာလေကွင်းထဲမှာ မန်ချက်စတာ အမျိုးသမီးအသင်းနဲ့ အက်အေဖလား ဗိုလ်လုပွဲကို ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ လော်ရန်ဂျိမ်းစ်ကလည်း ချယ်လ်ဆီးအသင်းနဲ့ WSL ဆိုတဲ့ Women Super League မှာ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်လို့ ဒီတစ်ကြိမ် မန်စီးတီး အမျိုးသမီးအသင်းကိုသာ အနိုင်ရခဲ့မယ်ဆိုရင် နှစ်ရာသီဆက်တိုက် WSL နဲ့ Women FA Cup ချန်ပီယံတွေ ဖြစ်လာရပါလိမ့်မယ်။