ဒေါ့မွန် အသင်း ရဲ့ အကြီးအကဲ ဖြစ်သူ ဝတ်ဇ်ကီ ဟာ အားလင်း ဟာလန်း ကို အသင်းမှာ ဆက်ရှိနေစေချင်နေပြီးတော့ လီဝန်ဒေါ့စကီး ရဲ့ ခြေရာကို လိုက်သင့်တယ်လို့ အကြံပြု ပြောဆိုလိုက်ပါတယ်။ ဂျာမန် ဘွန်ဒက်လီဂါ ကလပ် ဒေါ့မွန် အသင်းရဲ့ ကြယ်ပွင့် တိုက်စစ် ကစားသမား တစ်ဦး ဖြစ်သူ အားလင်း ဟာလန်း ရဲ့ ခြေစွမ်းပိုင်း ကောင်းမွန်မှုတွေကြောင့် အသင်းကြီး တော်တော်များများက စိတ်ဝင်စားလျက်ရှိနေကြပြီးတော့ ထိုအထဲမှာ ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းလည်း ပါဝင်နေပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ မန်ယူအသင်း အနေနဲ့ ဟားလန်း ကို ခေါ်ယူနိုင်ဖို့ရာ အတွက် ကမ်းလှမ်းမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်နေပါတယ်။

Photo Credit: Daily Mail

ဒေါ့မွန် အသင်းရဲ့ အကြီးအကဲ ဖြစ်သူ ဟန်းစ်-ဂျိုအာကင် ဝတ်ဇ်ကီ က ဟာလန်း ကို မန်ချက်စတာ ယူနိုက်တက် နဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့က ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှုတွေ ရှိနေပေမယ့်လည်း သူ့ရဲ့ ကစားသမား ဖြစ်သူဟာ ဒေါ့မွန်အသင်းမှာပဲ ဆက်လက် ရှိနေလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ အားလင်း ဟာလန်း ဟာ မန်ချက်စတာယူနိုက်တက် အသင်း နည်းပြ ဖြစ်သူ အိုလီဂန်းနား ဆိုးလ်ရှား ရဲ့ အဓိကပစ်မှတ် ဖြစ်နေခဲ့တာဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ အပြောင်းအရွှေ့ ကတည်းက ဖြစ်ကာ၊ ထိုအချိန်တုန်းကတော့ ဟားလန်း ဟာ သူ့ရဲ့ နည်းပြဟောင်းဖြစ်သူ နဲ့ ပြန်လည် စုံစည်းဖို့ လမ်းဖြစ်တဲ့ အိုးထရက်ဖို့ဒ် ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပါတယ်။ နော်ဝေးလက်ရွေးစင် ကစားသမား ဖြစ်သူ ဟာလန်း ဟာ မန်ယူ အသင်းကို မပြောင်းရွှေ့ခဲ့ပဲနဲ့ ဆော့ဇ်ဘတ် အသင်းကနေ ‌ဂျာမန် ကလပ် ဒေါ့မွန် အသင်းဆီကို ပြောင်းရွှေ့ကစားခဲ့ကာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ဆက်လက် ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail

ဟာလန်း နဲ့ ဒေါ့မွန် အသင်း ချုပ်ဆိုထားတဲ့ စာချုပ်မှာ ၂၀၂၂ နွေရာသီရောက်ရင် ပေါင် ၆၈ သန်း နဲ့ ထွက်ခွာခွင့်ပေးရမယ်ဆိုတဲ့ အချက်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ ဟာလန်း ကို ကမ်းလှမ်းမှုတွေ ဆက်တိုက်ပြုလုပ်နေပေမယ့်လည်း ဝတ်ဇ်ကီ ကတော့ ဟားလန်းအနေနဲ့ လီဝန်ဒေါ့စကီး ရဲ့ ခြေရာ အတိုင်းလိုက်သင့်ပြီးတော့ ဒေါ့မွန် အသင်းနဲ့ အတူ သူ့ရဲ့ ခြေစွမ်းတွေကို ပိုမို တိုးတက်အောင် လုပ်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ “ ကျွန်တော်ကတော့ အဲ့ဒီ အပြောင်းအရွှေ့ ဖြစ်လာလိမ့်မယ်လို့ မထင်မိဘူး။ အားလင်း နဲ့ သူ့ရဲ့ အကြံပေး မီနို ရိုင်အိုလာ တို့က ကျွန်တော်တို့မှာ ဘာရှိတယ် ဆိုတာကို သိပါတယ်။ ကျွန်တော်ကတော့ သူ့ကို လီဝန်ဒေါ့စကီးလိုမျိုး လိုက်လုပ်သင့်တယ်လို့ အကြံပေးပါတယ်။ လီဝန်‌ဒေါ့စကီးက ကမ္ဘာ့အဆင့်မှီ ကစားသမားတစ်ဦး ဖြစ်လာဖို့ အတွက် ဒေါ့မွန်မှာ သူ့ကိုယ်သူ အချိန်ပေးခဲ့တယ်။ ခင်ဗျား အနေနဲ့ ကမ္ဘာ့အဆင့်မှီကစားသမားတစ်ဦး တစ်နှစ်အတွင်းတော့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် အဲ့ဒါက ရှင်းပါတယ်၊ အကယ်၍သာ ဟားလန်း အနေနဲ့ ကျွန်တော်တို့ကို တစ်ချိန်ချိန်မှာ ထားခဲ့ပြီး ပိုကြီးမားတဲ့ အသင်းကြီး တစ်သင်းဆီ ပြောင်းရွှေ့သွားမယ်ဆိုရင် သူ့ကို အခုလောက် ထည့်သွင်း စဉ်းစားကြတော့မှာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် ခင်ဗျား အနေနဲ့ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးကို ပြောင်းမယ်ဆိုရင် ခင်ဗျား အနေနဲ့ ကမ္ဘာ့အဆင့်မှီ ဖြစ်နေဖို့တော့ လိုပါမယ် ” လို့ ပြောဆိုခဲ့ပါတယ်။