MySport Myanmar

ဖခင် ဝိန်းရွန်နီလို မန်ချက်စတာဒါဘီမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကိုင်ရွန်နီ

အသက်(၁၃)နှစ်အရွယ်သာ ရှိနေသေးတဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားလေး ကိုင်ရွန်နီဟာ သူရဲ့ဖခင် ဝိန်းရွန်နီရဲ့ ခြေရာအတိုင်း မန်ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာဒါဘီမှာ သွင်းဂိုးတစ်ဂိုး သွင်းယူပြီး အသင်းကို နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

U13 National Cup North Final ပွဲအဖြစ် ကျင်းပခဲ့တဲ့ မန်ချက်စတာဒါဘီ ဖိုင်နယ်ပွဲစဉ်မှာ ကိုင်က သူရဲ့အသင်းဖော် ဂျေဂျေဂါဘရီရယ်နဲ့အတူ တစ်ဂိုးစီ သွင်းယူရင်း ယူနိုက်တက်က စီးတီးကို (2-0)နဲ့ အနိုင်ရကာ မြောက်ပိုင်း ပြိုင်ပွဲဘက်မှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ကိုင်ရွန်နီရဲ့ ယူနိုက်တက် လူငယ်အသင်းဟာ U13 National Cup ဖိုင်နယ်မှာ အာဆင်နယ် လူငယ်အသင်းနဲ့ ဆက်လက် ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : talkSPORT

ဖခင် ခြေရာနှင်းနိုင်မယ့် ကစားသမားလေးလို့ တင်စား ခေါ်ဆိုခံနေရတဲ့ ကိုင်ဟာ ၂၀၂၀ခုနှစ်မှာပဲ ယူနိုက်တက် လူငယ် အကယ်ဒမီကို ရောက်ရှိနေခဲ့ပြီး ယူနိုက်တက် ယူ-၁၂အသင်းအတွက် ပါဝင်ကစားခဲ့စဉ်တုန်းကလည်း သွင်းဂိုး စုစုပေါင်း (၅၆)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို (၂၈)ဂိုးအထိပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အခုလည်း ယူ-၁၃အသင်းမှာ ခြေစွာလာခဲ့ပြန်တာကြောင့် တချိန်ချိန်မှာ ယူနိုက်တက် စီနီယာအသင်းထိပါ ကစားခွင့် ရလာဦးမလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။ သူရဲ့ဖခင်ကြီး ဝိန်းရွန်နီကတော့ ယူနိုက်တက်မှာ နှစ်ပေါင်းများစွာ ပါဝင်ကစားထားခဲ့တဲ့ legend player တစ်ဦးလည်းဖြစ်ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်နဲ့လည်း ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းမှာ နည်းပြအဖြစ် ဆောင်ရွက်နေပြီး သားဖြစ်သူ ကိုင်ရဲ့ အောင်မြင်မှုတွေအပေါ် ဂုဏ်ယူမဆုံး ဖြစ်နေပါတယ်။

Exit mobile version