မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ အဲဗာတန္အသင္းတုိ႔ရဲ႕တုိက္စစ္မွဴးေဟာင္း ဝိန္းရူနီကေတာ့ အေမရိကန္ႏုိင္ငံ ေမဂ်ာလိဂ္ေဘာာလုံးၿပိဳင္ပြဲအတြင္း ဒီစီယူႏုိက္တက္အသင္းမွာ သူရဲ႕ေမဂ်ာလိဂ္ကစားသမားဘဝကုိ ႏွစ္ရာသီၾကာျဖတ္သန္းခဲ႔ၿပီးတဲ႔ေနာက္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးသြားခဲ႔ၿပီျဖစ္တာေၾကာင့္ သူရဲ႕ေမြးရပ္ေျမ အဂၤလန္ႏုိင္ငံကုိ ျပန္ေရာက္လာၿပီျဖစ္ၿပီး မၾကာခင္မွာ ကစားသမားနည္းျပအျဖစ္ စတင္တာဝန္ထမ္းေဆာင္ရေတာ့မယ့္ ခ်န္ပီယံရွစ္ကလပ္ ဒါဘီေကာင္တီအသင္းဆီကုိ ေရာက္ရွိလာခဲ႔ၿပီလုိ႔ သိရွိရပါတယ္။

Photo Credit : Getty Images

အသက္၃၄ႏွစ္အရႊယ္ရွိေနၿပီျဖစ္တဲ႔ အဂၤလန္လက္ေရြးစင္ေဟာင္း တုိက္စစ္ကစားသမား ရူနီဟာ ဒီစီယူႏုိက္္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းမကုန္ဆုံးခင္မွာပဲ ဒါဘီအသင္းဆီမွာ ကစားသမားနည္းျပအျဖစ္ လာေရာက္တာဝန္ယူေဆာင္ရႊက္ဖုိ႔ သေဘာတူညီခ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ရူနီဟာ လာမယ့္ဇန္နဝါရီလမွသာ သူရဲ႕တာဝန္ကုိ စတင္ထမ္းေဆာင္ရမွာပဲျဖစ္ၿပီးေတာ့ လက္ရွိမွာေတာ့ ရူနီဟာ တာဝန္ေတြစတင္မယ့္ အခ်ိန္ထက္ ႏွစ္လခန္႔ေလာက္ေစာၿပီး အေမရိကန္ကေန အဂၤလန္ႏုိင္ငံ ဒါဘီေကာင္တီအသင္း အေျခစုိက္ရာ ဒါဘီရွုိင္းယားၿမိဳ႕ဆီကုိ ေရာက္ရွိလာခဲ႔ပါတယ္။

Photo Credit : Getty Images

ယူႏုိက္တက္အသင္းရဲ႕ဂုိးသြင္းအမ်ားဆုံးကစားသမားတစ္ေယာက္အျဖစ္ ရပ္တည္ႏုိင္ခဲ႔တဲ့ ရူနီဟာ ၂၀၁၇ခုႏွစ္မွာ သူရဲ႕အသင္းေဟာင္းအဲဗာတန္အသင္းဆီကုိ အလြတ္ေျပာင္းေရႊ႔ခဲ႔ၿပီး တစ္ရာသီပါဝင္ကစားခဲ႔ၿပီးတဲ႔ေနာက္ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏုိက္တက္အသင္းဆီကုိ ထပ္မံေျပာင္းေရႊ႔ျဖစ္ခဲ႔ကာ ေမဂ်ာလိဂ္ၿပိဳင္ပြဲအတြင္း ႏွစ္ရာသီၾကာအထိ ပါဝင္ကစားျဖစ္ခဲ့ပါတယ္။ ရူနီဟာ ဒီစီယူႏုိက္တက္အသင္းမွာေတာ့ အေကာင္းဆုံးေျခစြမ္းျပ သြင္းဂုိးေတြ ရယူႏုိင္ခဲ႔တာေၾကာင့္ ၂၀၁၈ ေမဂ်ာလိဂ္အေကာင္းဆုံးအသင္းနဲ႔ ဒီရာသီ MLA All Stars အသင္းေတြမွာပါ ေရြးခ်ယ္ခံခဲ႔ရပါတယ္။

Photo Credit : Getty Images

အသက္အရႊယ္အရ အက်ဘက္ကုိ ေရာက္ေနေပနယ့္လည္း အရင္တုန္းေျခစြမ္းေကာင္းေတြကို ဆက္လက္ထိန္းသိမ္းထားႏုိင္ဆဲျဖစ္တာေၾကာင့္ သူ႔ကို လိဂ္ခ်န္ပီယံရွစ္ကလပ္ ဒါဘီေကာင္တီအသင္းကေန ေခၚယူဖုိ႔ ကမ္းလွမ္းခဲ႔တာျဖစ္ၿပီး ရူနီက ကစားသမားဘဝကေန အနားယူတဲ႔အခါ နည္းျပဘဝကုိပါ ဝင္ေရာက္သြားမွာျဖစ္တာေၾကာင့္ ကစားသမားနည္းျပရာထူးကုိ ေရြးခ်ယ္လုိက္တာျဖစ္ပါတယ္။ ဒါဘီက မႏွစ္ကေတာ့ လမ္းပတ္ရဲ႕လက္ေအာက္မွာ အေကာင္းဆုံးစြမ္းေဆာင္ရည္ေတြနဲ႔ ပရီးမီးယားလိဂ္ကုိ ျပန္လည္တတ္လွမ္းဖုိ႔အထိ နီးစပ္ခဲ႔ေပမယ့္လည္း လက္ရွိမွာေတာ့ ခ်န္ပီယံရွစ္မွာ အဆင့္၁၅ထိ ေရာက္ရွိလုိ႔ေနရပါတယ္။

(Unicode)

အင်္ဂလန်နိုင်ငံ ဒါဘီကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ယူနိုက်တက်တိုက်စစ်မှူး ဟောင်းဝိန်းရူနီ

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့တိုက်စစ်မှူးဟောင်း ဝိန်းရူနီကတော့ အမေရိကန်နိုင်ငံ မေဂျာလိဂ်ဘောာလုံးပြိုင်ပွဲအတွင်း ဒီစီယူနိုက်တက်အသင်းမှာ သူရဲ့မေဂျာလိဂ်ကစားသမားဘဝကို နှစ်ရာသီကြာဖြတ်သန်းခဲ့ပြီးတဲ့နောက် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်တာကြောင့် သူရဲ့မွေးရပ်မြေ အင်္ဂလန်နိုင်ငံကို ပြန်ရောက်လာပြီဖြစ်ပြီး မကြာခင်မှာ ကစားသမားနည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ရတော့မယ့် ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းဆီကို ရောက်ရှိလာခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Getty Images

အသက်၃၄နှစ်အရွှယ်ရှိနေပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား ရူနီဟာ ဒီစီယူနိုက််တက်အသင်းနဲ့ စာချုပ်သက်တမ်းမကုန်ဆုံးခင်မှာပဲ ဒါဘီအသင်းဆီမှာ ကစားသမားနည်းပြအဖြစ် လာရောက်တာဝန်ယူဆောင်ရွှက်ဖို့ သဘောတူညီခ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရူနီဟာ လာမယ့်ဇန်နဝါရီလမှသာ သူရဲ့တာဝန်ကို စတင်ထမ်းဆောင်ရမှာပဲဖြစ်ပြီးတော့ လက်ရှိမှာတော့ ရူနီဟာ တာဝန်တွေစတင်မယ့် အချိန်ထက် နှစ်လခန့်လောက်စောပြီး အမေရိကန်ကနေ အင်္ဂလန်နိုင်ငံ ဒါဘီကောင်တီအသင်း အခြေစိုက်ရာ ဒါဘီရှိုင်းယားမြို့ဆီကို ရောက်ရှိလာခဲ့ပါတယ်။

Photo Credit : Getty Images

ယူနိုက်တက်အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ရူနီဟာ ၂၀၁၇ခုနှစ်မှာ သူရဲ့အသင်းဟောင်းအဲဗာတန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ခဲ့ပြီး တစ်ရာသီပါဝင်ကစားခဲ့ပြီးတဲ့နောက် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းဆီကို ထပ်မံပြောင်းရွှေ့ဖြစ်ခဲ့ကာ မေဂျာလိဂ်ပြိုင်ပွဲအတွင်း နှစ်ရာသီကြာအထိ ပါဝင်ကစားဖြစ်ခဲ့ပါတယ်။ ရူနီဟာ ဒီစီယူနိုက်တက်အသင်းမှာတော့ အကောင်းဆုံးခြေစွမ်းပြ သွင်းဂိုးတွေ ရယူနိုင်ခဲ့တာကြောင့် ၂၀၁၈ မေဂျာလိဂ်အကောင်းဆုံးအသင်းနဲ့ ဒီရာသီ MLA All Stars အသင်းတွေမှာပါ ရွေးချယ်ခံခဲ့ရပါတယ်။

Photo Credit : Getty Images

အသက်အရွှယ်အရ အကျဘက်ကို ရောက်နေပေနယ့်လည်း အရင်တုန်းခြေစွမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်တာကြောင့် သူ့ကို လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းကနေ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ရူနီက ကစားသမားဘဝကနေ အနားယူတဲ့အခါ နည်းပြဘဝကိုပါ ဝင်ရောက်သွားမှာဖြစ်တာကြောင့် ကစားသမားနည်းပြရာထူးကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။ ဒါဘီက မနှစ်ကတော့ လမ်းပတ်ရဲ့လက်အောက်မှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်တတ်လှမ်းဖို့အထိ နီးစပ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ချန်ပီယံရှစ်မှာ အဆင့်၁၅ထိ ရောက်ရှိလို့နေရပါတယ်။