မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦး ဖြစ်သလို အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားလည်းဖြစ်တဲ့ ဝိန်းရူနီဟာ အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲ ရပ်နားနေချိန်အတွင်း အသင်းဟောင်း ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကွင်းဆီ လည်ပတ်ခဲ့ရင်း ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်ကိုပါ အထင်ကြီး လေးစားနေသလို တစ်နေ့နေ့တစ်ချိန်ချိန်မှာလည်း အသင်းဆီကို အသင်းနည်းပြအဖြစ်နဲ့ ပြန်လာချင်နေတယ်လို့ သိရပါတယ်။

Wayne Rooney says Ten Hag should drop two Man Utd stars vs Liverpool

Photo Credit : SPORF

ယူနိုက်တက်ရဲ့ အထင်ကရ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရူနီဟာ လက်ရှိမှာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်း နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေတာဖြစ်ပြီး ကမ္ဘာ့ဖလားမတိုင်ခင် မေဂျာလိဂ်ပြိုင်ပွဲ ရပ်နားစဉ်မှာ ယူနိုက်တက်အသင်းရဲ့ လူငယ်အကယ်ဒမီထဲမှာ ပါဝင်နေတဲ့ သားနှစ်ဦးရဲ့ ပွဲတွေကို လာရောက် ကြည့်ရှုရင်း တန်ဟက်ဂ် အပါအဝင် နည်းပြအဖွဲ့ဝင်တွေနဲ့ပါ ဆုံတွေ့ဖြစ်ခဲ့ပါတယ်။ ရူနီက လက်ရှိ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်နဲ့ သူရဲ့ ဆရာသမားဟောင်းဖြစ်တဲ့ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နဲ့ကြားမှာ တူညီတဲ့ အချက်အလက်တွေ များစွာ ရှိနေတယ်လို့ သတိထားမိထားပြီး တန်ဟက်ဂ်ကိုလည်း အထင်ကြီး လေးစားနေမိတယ်လို့ သိရပါတယ်။

Wayne Rooney 'has been picking the brains of Erik ten Hag at Man United's  training ground' | Daily Mail Online

Photo Credit : Daily Mail

ဘောလုံးသမားဘဝကို အဆုံးသတ်ခဲ့ပြီးနောက်မှာ သူနောက်ဆုံး ပါဝင်ကစားဖြစ်တဲ့ ဒါဘီကောင်တီအသင်းမှာ နည်းပြအဖြစ် စတင် တာဝန်ယူခဲ့တဲ့ ရူနီဟာ ဒါဘီအသင်းကို အကောင်းဆုံး အခြေအနေမျိုးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အသင်းက ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာရရင်း နောက်ဆုံးမှာတော့ အသင်းနဲ့ လမ်းခွဲဖြစ်ခဲ့ရပြီး ကစားသမားဘဝတုန်းက သူပါဝင်ခဲ့ဖူးတဲ့ ဒီစီယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကိုင်တွယ်ဖြစ်ခဲ့ပါတယ်။ နည်းပြသက်တမ်း နုနယ်သေးတဲ့ ရူနီဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ ကစားသမားဘဝအတွင်းမှာ အချိန်ကြာမြင့်စွာ ပါဝင်ခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူသွားဖို့ပါ စိတ်ကူးထားခဲ့ပါတယ်။ ရူနီဟာ ယူနိုက်တက်အသင်းအတွက် (၅၅၉)ပွဲ ပါဝင်ကစားခဲ့ဖူးပြီး (၂၅၃)ဂိုးအထိ သွင်းယူထားခဲ့ကာ အသင်းရဲ့ ၈ိုးသါင်းအများဆုံး ကစားသမားအဖြစ်နဲ့ ရပ်တည်ထားခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရူနီဟာ တန်ဟက်ဂ်နဲ့ တွေ့ဆုုံဖြစ်နေပြီး တန်ဟက်ဂ်ကလည်း သူတတ်ကျွမ်းထားတဲ့ နည်းပြပညာရပ်တွေကို ရူနီအတွက် အကြံပြု သင်ကြားပေးတာမျိုးတွေပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။