MySport Myanmar

အသင်းလက်မဲ့ ဖြစ်နေသူ လင်ဂတ်ကို ဒီစီယူနိုက်တက်ဆီ ခေါ်ယူချင်နေတဲ့ ဝိန်းရွန်နီ

မကြာသေးခင်ကမှ အမေရိကန် မေဂျာလိဂ် ဘောလုံးကလပ် ဒီစီယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ ဝိန်းရွန်နီဟာ သူရဲ့ကလပ်အသင်းအတွက် မန်ချက်စတာယူနိုက်တက်အသင်း ကစားသမားဟောင်းတွေဖြစ်တဲ့ ဂျက်ဆီလင်ဂတ်နဲ့ ရေဗယ်မော်ရစ်ဆင်တို့ နှစ်ဦးလုံးကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : DC United

မန်ယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ legend ကစားသမားဟောင်းကြီး ရွန်နီဟာ ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက်မှာ နည်းပြနယ်ပယ်ထဲကို ချက်ချင်း ရောက်ရှိလာပြီး ဒါဘီကောင်တီအသင်းကို ကိုင်တွယ်ခဲ့ပါတယ်။ မကြာသေးခင်ကမှ ဒါဘီနဲ့ လမ်းခွဲခဲ့တဲ့ ရွန်နီဟာ သူရဲ့ ကလပ်အသင်းဟောင်း ဒီစီယူနိုက်တက်အသင်းရဲ့ နည်းပြသစ်အဖြစ် ကိုင်တွယ်ခဲ့ပြီး အခုတော့ ယူနိုက်တက်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ လင်ဂတ်နဲ့ မော်ရစ်ဆင်တို့ကို ခေါ်ယူသွားဖို့ပါ စီစဉ်လျက် ရှိနေပါတယ်။

Photo Credit : Goal

မန်ချက်စတာယူနိုက်တက်ရဲ့ အကယ်ဒမီကနေ အတူတူ ထွက်ပေါ်လာခဲ့ကြတဲ့ ကစားသမားတွေဖြစ်သော လင်ဂတ်နဲ့ မော်ရစ်ဆင်တို့ဟာ လက်ရှိအချိန်မှာ နှစ်ဦးလုံးက free agent ကစားသမားတွေ ဖြစ်နေတာကြောင့် ရွန်နီအနေနဲ့ ဒီကစားသမားတွေကို သူရဲ့ ဒီစီယူနိုက်တက်အသင်းဆီ ခေါ်ဆောင်နိုင်ဖို့က ဖြစ်နိုင်ခြေ ရှိနေရပါတယ်။ လင်ဂတ်နဲ့ မော်ရစ်ဆင်တို့ထဲမှာ လင်ဂတ်က မော်ရစ်ဆင်ထက် ပိုမို အောင်မြင်ခဲ့သူ ဖြစ်ခဲ့ရပြီး မော်ရစ်ဆင်ကတော့ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေနဲ့ သူရဲ့ character ပိုင်း မကောင်းမွန်မှုတွေကြောင့် ထင်သလောက် မကျော်ကြားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် မော်ရစ်ဆင် ရွန်နီလက်အောက်မှာ ဒါဘီကောင်တီအသင်းမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး လင်ဂတ်ကတော့ ရွန်နီနဲ့အတူ ယူနိုက်တက်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးပါတယ်။ အင်္ဂလန်သားတွေလည်းဖြစ် ကွင်းလယ်ကစားတွေလည်း ဖြစ်သလို အသင်းဖော်ဟောင်းတွေပါဖြစ်တဲ့ လင်ဂတ်နဲ့ မော်ရစ်ဆင်တို့ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာပဲ သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ စာချုပ်တွေ အသီးသီး ကုန်ဆုံးခဲ့ကြတာဖြစ်ကာ လင်ဂတ်ကိုတော့ ကလပ်အသင်းများစွာကနေ စိတ်ဝင်စားနေကြပါတယ်။ နှစ်ဦးလုံးက ဘောလုံးအရည်အသွေးတွေ ကိုယ်စီရှိထားကြသူတွေဖြစ်လို့ ရွန်နီအနေနဲ့ ဒီကစားသမားတွေကို ဒီစီအသင်းဆီ ခေါ်ဆောင်နိုင်မယ်ဆိုရင် အသင်းအတွက် အကျိုးရှိတဲ့ ခေါ်ယူမှု ဖြစ်လာနိုင်သလို အမှတ်ပေးဇယားရဲ့ တန်းဆင်းနားထိ ရောက်ရှိနေတဲ့ ဒီစီအသင်းအတွက်လည်း အားတတ်စရာကောင်းတဲ့ ကစားသမား အားဖြည့်တင်းမှု ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

Exit mobile version