MySport Myanmar

ရွန်နီကို ခေါ်ယူသွားဖို့ Sky ,BT Sport ,BBC နဲ့ ITV ရုပ်သံတွေ အပြိုင်ကြိုးပမ်းနေ

လိဂ်ဝမ်းကလပ် ဒါဘီကောင်တီအသင်းနဲ့ လက်တွဲဖြုတ်လိုက်တဲ့ နည်းပြဝိန်းရွန်နီဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေရပေမယ့် သူ့ကို ကလပ်အသင်းတချို့က ခေါ်ယူချင်နေကြတဲ့အပြင် Sky Sports ,BT Sport ,BBC နဲ့ ITV တို့လို ဗြိတိန်ရဲ့ နာမည်ကြီး အားကစားရုပ်သံလိုင်းတွေမှာ ဘောလုံးပွဲအကြောင်း သုံးသပ်တင်ဆက်သူ Pundit တာဝန် ပေးအပ်ဖို့အထိပါ အပြိုင်အဆိုင် အလိုရှိနေကြတယ်လို့ သိရှိရပါတယ်။

Photo Credit : The Hindu

အအအသက်(၃၆)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဝိန်းရွန်နီဟာ ဇွန်(၂၂)ရက်နေ့ကမှ သူတာဝန်ယူ ကိုင်တွယ်နေတဲ့ ဒါဘီကောင်တီအသင်းကနေ နုတ်ထွက်ထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေရတဲ့ ရွန်နီကို ဗြိတိန်နာမည်ကျော် အားကစားရုပ်သံမီဒီယာကြီးနှစ်ခုဖြစ်တဲ့ Sky Sports နဲ့ BT Sport တို့ကနေ Pundit အဖြစ် တာဝန်ပေးသွားဖို့အတွက် အပီအပြင် လွန်ဆွဲနေကြတယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

The Sun ရဲ့ ဖော်ပြချက်မှာ “Sky နဲ့ BT တို့ဟာ ဝိန်းကို သူတို့ရဲ့ Pundit Team ထဲ ထည့်သွင်းချင်နေပြီး ဝိန်းကိုယ်တိုင်ကလည်း Monday night football အစီအစဉ်မှာ ပါဝင်ခဲ့ဖူးသလို သူရဲ့တင်ဆက်မှုက အရမ်းကောင်းလို့ ကြည့်ရှုသူတွေ သဘောကျ နှစ်သက်ခဲ့ရပါတယ်။ ဒါ့အပြင် ဝိန်းက Sky မှာ Pundits တွေအဖြစ် တွဲဖက်ညီညီ လုပ်ဆောင်နေကြတဲ့ ဂယ်ရီနဖီးလ် ဂျင်မီကာရေဂါတို့နဲ့ပါ ကောင်းမွန်တဲ့ ပူးပေါင်းတင်ဆက်နိုင်တဲ့ အနေအထားမျိုးလည်း ရှိနေတာဖြစ်လို့ ဝိန်းရဲ့ တင်ဆက်မှုက ပြောင်မြောက်ပြီး သဘာဝအတိုင်း အံ့ဝင်ခွင်ကျ ဖြစ်နိုင်တယ်လို့ ထုတ်လုပ်သူတွေဘက်ကနေ ယူဆနေကြပါတယ်။ ဒါပေမယ့် BT ဘက်ကလည်း ဝိန်းကို အလိုရှိနေပါတယ်။ ဝိန်းဟာ ဘောလုံးသမားဘဝမှာ legend player တစ်ဦး ဖြစ်ခဲ့သလို သူ့လို လူတစ်ဦးကို Pundit အဖွဲ့ထဲ အားဖြည့်လိုက်နိုင်မယ်ဆိုရင် တခြားသော ပြိုင်ဘက်ရုပ်သံတွေထက်ပါ ပိုပြီး ခေါင်းတစ်လုံးသာသွားနိုင်မှာ ဖြစ်ပါမယ်။ လောလောဆယ်မှာလည်း ဝိန်းက ဒီရုပ်သံလိုင်းကြီး နှစ်ခုလုံးနဲ့ ဆွေးနွေးသွားမှာဖြစ်ပြီး အဆင်ပြေနိုင်မယ့် တစ်ခုကို ရွေးချယ်သွားဖွယ် ရှိနေတယ်လို့” သိရပါတယ်။ တိုက်စစ်ကစားသမားဟောင်းကြီး ရွန်နီဟာ ကစားသမားဘဝအတွင်း အဲဗာတန် မန်ယူ ဒီစီယူနိုက်တက် ဒါဘီကောင်တီအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး မန်ယူအသင်းရဲ့ legend ကစားသမား ဖြစ်ခဲ့သလို အင်္ဂလန်အသင်းအတွက်လည်း ပွဲပေါင်း(၁၂၀)ထိ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ ရွန်နီဟာ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာပဲ ကစားသမားဘဝကို အနားယူခဲ့ပြီး နည်းပြနယ်ပယ်ထဲ ချက်ချင်းဝင်ရောက်ခဲ့သလို လက်ရှိမှာတော့ Pundit တစ်ယောက်အဖြစ် ဆက်လက်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Exit mobile version