ေနာက္ဆုံးယွဥ္ၿပိဳင္ကစားခဲ႔တဲ႔ ၿပိဳင္ပြဲစုံပြဲ၅ပြဲအတြင္းမွာ ႏုိင္ပြဲ၁ပြဲပဲရွိခဲ႔တဲ႔အထိကုိ ရလဒ္ေတြ ဆုိးရႊားေနခဲ႔ရတဲ႔ စပါးအသင္းဟာ ဒီေန႔ည၇နာရီအခ်ိန္မွာ သူတုိ႔အသင္းနဲ႔ ရလဒ္ေျပာင္းျပန္ျဖစ္ေနၿပီး အမွတ္ေပးဇယားေအာက္ဆုံး တန္းဆင္းဇုန္အတြင္းကေနေတာင္ လြတ္ေျမာက္လာခဲ႔တဲ႔ ဝက္ဖုိဒ့္အသင္းနဲ႔ Vicarage Road ကြင္းႀကီးထဲမွာ ယွဥ္ၿပိဳင္ကစားခဲ႔ၿပီး ဂုိးမရွိသေရနဲ႔ ပြဲၿပီးသြားခဲ႔ရပါတယ္။

Photo Credit : Getty Images

ဟယ္ရီကိန္း အဲရစ္ဆင္ ဆစ္ဆုိခုိတုိ႔ကုိ အဓိက ကစားသမားေတြ ပြဲထြက္ကစားသမားစာရင္းမွာ ပါဝင္လာျခင္းမရွိတဲ႔ စပါးအသင္းဟာ ေမာ္ရာကုိ အေထာင္ထားၿပီး သူ႔ေနာက္မွာ အလီ လာမယ္လာ ဆြန္ေဟာင္မင္တုိ႔ကုိ အသုံးျပဳလာကာ လုိဆယ္ဆုိနဲ႔ ဟယ္ရီဝင့္စ္က ကြင္းလယ္နဲ႔ တန္ဂါဂါ ဗာတြန္ဂန္ အယ္ဒါဝီရယ္ ေအာ္ရီယာတုိ႔က ခံစစ္မွာ ဝင္ကစားခဲ့ၿပီး ဂုိးသမားေနရာမွာ ဂါဇာနီကာကုိ ဆက္လက္အသုံးျပဳခဲ႔ပါတယ္။ ပုံစံေကာင္းေတြ ျပသထားတဲ႔ အိမ္ရွင္ကလည္း ဒီေနး ဒူကုိရီ ဒယ္လုိဖူလ္ အစၥေမလာဆားလ္တုိ႔လုိ အဓိက ကစားသမားေတြနဲ႔ ပြဲထြက္လာခဲ႔ၿပီး စပါးကုိ ရင္ဆုိင္လာခဲ႔ပါတယ္။ ပထမပုိင္းမွာကတည္းက အျပန္အလွန္ထုိးေဖာက္မႈေတြနဲ႔ ဇာတ္ရွိန္ျမင့္ခဲ႔တဲ႔ ပြဲေကာင္းတစ္ပြဲျဖစ္ခဲ႔ေပမယ့္လည္း ဝက္ဖုိဒ့္ရဲ႕ထုိးေဖာက္မႈေတြက ထိေရာက္မႈမရွိသလုိ ကြင္းလယ္လူေတြ မ်ားစြာပါဝင္လုိ႔ေနတဲ႔ စပါးကလည္း အေထာင္တုိက္စစ္မွဴးစစ္စစ္ ပါဝင္ျခင္းမရွိတာေၾကာင့္ အခြင့္အေရးေတြ ပုိမုိပုိင္ဆုိင္ခဲ႔ေပမယ့္ ဂုိးရဖုိ႔ေတာ့ ရုန္းကန္ေနခဲ႔ရပါတယ္။ ဒါေပမယ့္ ပြဲတုိင္းဂုိးေပးေနရတဲ႔ စပါးခံစစ္ကေတာ့ ဒီပြဲမွာ တည္ၿငိမ္မႈရွိခဲ႔ၿပီး ဝက္ဖုိဒ့္တုိက္စစ္ကုိ အေကာင္းဆုံးထိန္းခ်ဳပ္ႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

ဒုတိယပုိင္းျပန္လည္စတင္ခ်ိန္မွာေတာ့ အိမ္ရွင္အသင္းရဲ႕ထုိးေဖာက္မႈေတြကုိ ပုိမုိျမင္ေတြ႕လာခဲ႔ရၿပီး စပါးခံစစ္ကလည္း ဂုိးေပးရျခင္းမရွိေအာင္ ထိန္းခ်ဳပ္ကစားရင္းနဲ႔ ေကာင္တာတုိက္စစ္ေတြနဲ႔ ဦးေဆာင္ရဖုိ႔ ႀကိဳးပမ္းခဲ႔ပါတယ္။ ဒါေပမယ့္ ဝက္ဖုိဒ့္ရဲ႕တုိက္စစ္ဆင္မႈေတြက ဆက္တုိက္ေပၚေပါက္လာရင္းနဲ႔ မိနစ္၆၉ခန္႔မွာ ဗာတြန္ဂန္က ဝက္ဖုိဒ့္အသင္းရဲ႕ တုိက္စစ္ဆင္မႈေတြကုိ ခုခံရင္း ဧရိယာအတြင္းထဲ လက္ထိခဲ႔လုိ႔ ပင္နယ္တီကန္ခြင့္ ပုိင္ဆုိင္ခဲ့ၿပီး ဒီပင္နယ္တီကုိ ဒီေနး ကန္သြင္းရမွာ ဂါဇာနီကာ ကာကြယ္ခဲ႔တာေၾကာင့္ ဝက္ဖုိဒ့္အတြက္ နစ္နာခဲ႔ရပါတယ္။ သြင္းဂုိးခြင့္ျပဳလုနီးပါး ျဖစ္ခဲ႔ၿပီးတဲ႔ေနာက္မွာ စပါးအသင္းဟာ အဲရစ္ဆင္နဲ႔ ကစားသမားသစ္ေလး ဂတ္စ္ဆန္ဖာနန္ဒက္စ္တုိ႔ကုိ ထည့္သြင္းလာခဲ႔ၿပီး တုိက္စစ္ျမင့္တင့္ခဲ႔ၿပီး ဖာနန္ဒက္စ္ဆုိရင္လည္း မိနစ္ပုိင္းေလးမွာ တုိက္စစ္ဆင္မႈတစ္ခု လုပ္ေဆာင္ခဲ႔ေပမယ့္လည္း ထိေရာက္မႈေတာ့ မရွိခဲ႔ပါဘူး။ ပြဲၿပီးခါနီးမွာ စပါးဘက္ကေန ဂုိးရလုနီးပါးအထိ ျဖစ္ခဲ႔ေပမယ့္လည္း ဝက္ဖုိဒ့္ကစားသမားသစ္က ဂုိးစည္းေပၚဘက္ကေန ျဖတ္ထုတ္ႏိုင္ခဲ႔လု႔ိ ဂုိးမရွိသေရနဲ႔သာ အဆုံးသတ္ခဲ႔ရပါတယ္။

 

 

(Unicode)

ပင်နယ်တီ ကာကွယ်နိုင်မှုအတူနဲ့ ခြေတတ်နေတဲ့ ဝက်ဖိုဒ့်ဆီကနေ အမှတ်ခွဲယူခဲ့ရတဲ့ စပါး

နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံပွဲ၅ပွဲအတွင်းမှာ နိုင်ပွဲ၁ပွဲပဲရှိခဲ့တဲ့အထိကို ရလဒ်တွေ ဆိုးရွှားနေခဲ့ရတဲ့ စပါးအသင်းဟာ ဒီနေ့ညရနာရီအချိန်မှာ သူတို့အသင်းနဲ့ ရလဒ်ပြောင်းပြန်ဖြစ်နေပြီး အမှတ်ပေးဇယားအောက်ဆုံး တန်းဆင်းဇုန်အတွင်းကနေတောင် လွတ်မြောက်လာခဲ့တဲ့ ဝက်ဖိုဒ့်အသင်းနဲ့ Vicarage Road ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိသရေနဲ့ ပွဲပြီးသွားခဲ့ရပါတယ်။

Photo Credit : Getty Images

ဟယ်ရီကိန်း အဲရစ်ဆင် ဆစ်ဆိုခိုတို့ကို အဓိက ကစားသမားတွေ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်လာခြင်းမရှိတဲ့ စပါးအသင်းဟာ မော်ရာကို အထောင်ထားပြီး သူ့နောက်မှာ အလီ လာမယ်လာ ဆွန်ဟောင်မင်တို့ကို အသုံးပြုလာကာ လိုဆယ်ဆိုနဲ့ ဟယ်ရီဝင့်စ်က ကွင်းလယ်နဲ့ တန်ဂါဂါ ဗာတွန်ဂန် အယ်ဒါဝီရယ် အော်ရီယာတို့က ခံစစ်မှာ ဝင်ကစားခဲ့ပြီး ဂိုးသမားနေရာမှာ ဂါဇာနီကာကို ဆက်လက်အသုံးပြုခဲ့ပါတယ်။ ပုံစံကောင်းတွေ ပြသထားတဲ့ အိမ်ရှင်ကလည်း ဒီနေး ဒူကိုရီ ဒယ်လိုဖူလ် အစ္စမေလာဆားလ်တို့လို အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး စပါးကို ရင်ဆိုင်လာခဲ့ပါတယ်။ ပထမပိုင်းမှာကတည်းက အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ဇာတ်ရှိန်မြင့်ခဲ့တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပေမယ့်လည်း ဝက်ဖိုဒ့်ရဲ့ထိုးဖောက်မှုတွေက ထိရောက်မှုမရှိသလို ကွင်းလယ်လူတွေ များစွာပါဝင်လို့နေတဲ့ စပါးကလည်း အထောင်တိုက်စစ်မှူးစစ်စစ် ပါဝင်ခြင်းမရှိတာကြောင့် အခွင့်အရေးတွေ ပိုမိုပိုင်ဆိုင်ခဲ့ပေမယ့် ဂိုးရဖို့တော့ ရုန်းကန်နေခဲ့ရပါတယ်။ ဒါပေမယ့် ပွဲတိုင်းဂိုးပေးနေရတဲ့ စပါးခံစစ်ကတော့ ဒီပွဲမှာ တည်ငြိမ်မှုရှိခဲ့ပြီး ဝက်ဖိုဒ့်တိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ အိမ်ရှင်အသင်းရဲ့ထိုးဖောက်မှုတွေကို ပိုမိုမြင်တွေ့လာခဲ့ရပြီး စပါးခံစစ်ကလည်း ဂိုးပေးရခြင်းမရှိအောင် ထိန်းချုပ်ကစားရင်းနဲ့ ကောင်တာတိုက်စစ်တွေနဲ့ ဦးဆောင်ရဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ဝက်ဖိုဒ့်ရဲ့တိုက်စစ်ဆင်မှုတွေက ဆက်တိုက်ပေါ်ပေါက်လာရင်းနဲ့ မိနစ်၆၉ခန့်မှာ ဗာတွန်ဂန်က ဝက်ဖိုဒ့်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ခုခံရင်း ဧရိယာအတွင်းထဲ လက်ထိခဲ့လို့ ပင်နယ်တီကန်ခွင့် ပိုင်ဆိုင်ခဲ့ပြီး ဒီပင်နယ်တီကို ဒီနေး ကန်သွင်းရမှာ ဂါဇာနီကာ ကာကွယ်ခဲ့တာကြောင့် ဝက်ဖိုဒ့်အတွက် နစ်နာခဲ့ရပါတယ်။ သွင်းဂိုးခွင့်ပြုလုနီးပါး ဖြစ်ခဲ့ပြီးတဲ့နောက်မှာ စပါးအသင်းဟာ အဲရစ်ဆင်နဲ့ ကစားသမားသစ်လေး ဂတ်စ်ဆန်ဖာနန်ဒက်စ်တို့ကို ထည့်သွင်းလာခဲ့ပြီး တိုက်စစ်မြင့်တင့်ခဲ့ပြီး ဖာနန်ဒက်စ်ဆိုရင်လည်း မိနစ်ပိုင်းလေးမှာ တိုက်စစ်ဆင်မှုတစ်ခု လုပ်ဆောင်ခဲ့ပေမယ့်လည်း ထိရောက်မှုတော့ မရှိခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ စပါးဘက်ကနေ ဂိုးရလုနီးပါးအထိ ဖြစ်ခဲ့ပေမယ့်လည်း ဝက်ဖိုဒ့်ကစားသမားသစ်က ဂိုးစည်းပေါ်ဘက်ကနေ ဖြတ်ထုတ်နိုင်ခဲ့လို့ ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။