ဝိုင်ကမ်ဘီဝါးရန်းဒါးအသင်းကတော့ သူတို့အသင်းရဲ့ သမိုင်းတလျှောက်မှာ တစ်ခါမှကို မရဖူးသေးတဲ့ အောင်မြင်မှုကြီးတစ်ခုဖြစ်တဲ့ လိဂ်ဝမ်းပြိုင်ပွဲကနေ လိဂ်ချန်ပီယံရှစ်ဆီ တတ်လှမ်းသွားနိုင်ခဲ့လို့ အသင်းသားတွေ အသင်းပရိသတ်တွေကြားမှာ အရမ်းကို ပျော်ရွှင်နေကြပြီး တခြားသူတွေထက် အပျော်တွေ ထပ်ဆင့်ရသွားတဲ့သူကတော့ ဝိုင်ကမ်ဘီအသင်းရဲ့ တိုက်စစ်မှူးကြီး အာဘီဘာယိုအာကင်ဖန်ဝါဖြစ်နေပြီး အသင်းနဲ့အတူ ချန်ပီယံရှစ်ကို တတ်လှမ်းခဲ့တဲ့အပြင် သူအရမ်းလေးစားရတဲ့ လီဗာပူးလ်နည်းပြကြီး ယာဂင်ကလော့ဆီကနေတောင် ဂုဏ်ပြုချီးကျူးစကားတွေ ပြောဆိုခြင်းကိုပါ ခံလိုက်ရပါတယ်။

Photo Credit : The Sun

လိဂ်ဝမ်းပြိုင်ပွဲလောက်ကိုပဲ အသင်းရဲ့အမြင့်ဆုံးနေရာအနေနဲ့သာ ယှဉ်ပြိုင်ခဲ့ရဖူးတဲ့ ဝိုင်ကမ်ဘီအသင်းဟာ ဒီရာသီမှာ လိဂ်ဝမ်းအမှတ်ပေးဇယားအတွင်း အဆင့်(၃)နေရာနဲ့ အဆုံးသတ်ခဲ့လို့ ရာသီအကုန်မှာ Play-off ဆင်နွဲခဲ့ရပြီး ဆီမီးဖိုင်နယ်မှာ ဖလက်ဝုဒ်တောင်းကို ဖြတ်ကျော်ခဲ့သလို ဖိုင်နယ်မှာလည်း အောက်ဖိုဒ့်ယူနိုက်တက်ကိုလည်း အနိုင်ယူကာ ချန်ပီယံရှစ်ဆီ ပထမဆုံးအကြိမ်အဖြစ် တတ်လှမ်းခွင့်ရခဲ့ပါတယ်။ ဒီလို အောင်မြင်မှုကြောင့် အသင်းသားတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူးအာကင်ဖန်ဝါမှာ အရမ်းကို ပျော်ရွှင်လို့နေပြီး သူအရမ်းလေးစားအားကျရတဲ့ နည်းပြကြီးကလော့ဆီကနေ ဂုဏ်ပြုဗီဒီယိုဖိုင်ကိုပါ ရရှိခဲ့လို့ နှစ်ဆလောက်ကို ပျော်ရွှင်နေခဲ့ရပါတယ်။

Photo Credit : The Sun

အသက်(၃၈)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ဝါရင့်အင်္ဂလန်တိုက်စစ်ကစားသမားကြီး အာကင်ဖန်ဝါဟာ သူရဲ့ကိုယ်လုံးအရွှယ်အစား ကြီးမားမှုကြောင့် The Beast လို့ပါ တင်စားခေါ်ဆိုထားခံရပြီး သူရဲ့အရမ်းကို အောင်မြင်မှုဆာလောင်တဲ့ ပုံစံကြောင့် လူသိများထင်ရှားသလို လီဗာပူးလ်အသင်းကိုလည်း အရူးအမှုးအားပေးသူလည်း ဖြစ်ပါတယ်။ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် သတ်မှတ်ခံလိုက်ရပြီးနောက် သူအားပေးရတဲ့ လီဗာပူးလ်ဝတ်စုံနဲ့ပါ လေ့ကျင့်ခန်းဆင်းခဲ့လို့ ဒဏ်ရိုက်ခံရပါသေးတယ်။ ဒီလို လီဗာပူးလ်အသင်းကို အားပေးခဲ့တဲ့ အာကင်ဖန်ဝါဟာ သူ့ Idol ကြီးဖြစ်တဲ့ ယာဂင်ကလော့ဆီကနေပါ Whatsapp ကနေပြီး ဂုဏ်ပြုစကားပြောဆိုထားတဲ့ ဗီဒီယိုကိုပါ ပိုင်ဆိုင်ခဲ့ရလို့ အရမ်းဝမ်းမြောက်နေရကြောင်း သူရဲ့တွစ်တာကနေ ပြန်လည်ဖော်ပြလာခဲ့ပါတယ်။ အခုလို ချန်ပီယံရှစ်ကို ရောက်ရှိလာခဲ့တဲ့ ဝိုင်ကမ်ဘီနဲ့ အာကင်ဖန်ဝါတို့ လာမယ့်နှစ်တွေမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီကိုပါ တတ်ရောက်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။