မန်ယူနောက်ခံလူ လုရှော့ကတော့ အသင်းဖော် ညာနောက်ခံလူ ဝမ်ဘစ်ဆာကာကို ဘယ်သူမှ မကျော်နိုင်ဘူးလို့ ချီးကျူးသွားခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့လည်း မန်ယူအသင်းရဲ့ တရားဝင် ဝက်ဆိုင်ဒ်မှာ အခိုင်အမာ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။ ဝမ်ဘစ်ဆာကာဟာ ခရစ်စတယ် ပဲလေ့စ်အသင်းမှာ ကစားခဲ့စဉ်က ခြေစွမ်းပြသခဲ့တာကြောင့် ပြီးခဲ့တဲ့ နှစ် ဇွန်လမှာ ခရစ်စတယ် ပဲလေ့စ်အသင်းကနေ မန်ယူအသင်းကို ပေါင် သန်း (၅၀) နဲ့ ပြောင်းရွေ့လာခဲ့ပြီး မန်ယူအသင်းမှာ ညာနောက်ခံ နေရာကို အပြည့်အဝ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ညာနောက်ခံလူ ဝမ်ဆစ်ဆာကာဟာ မန်ယူအသင်းကို ရောက်လာကတည်းက မန်ယူ နည်းပြ ဆိုးလ်ရှားရဲ့ အသုံးတော်ခံ ဖြစ်လာခဲ့တာကြောင့် ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့ပြီး နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းအတွက် ပြိုင်ပွဲအရပ်အရပ်မှာ ပြိုင်ပွဲစုံ (၃၄) ပွဲ ကစားထားသွားပြီးပဲ ဖြစ်ပါတယ်။ အင်္ဂလန် လူမျိုး နောက်ခံလူ ဝမ်ဘစ်ဆာကာဟာ မန်ယူအသင်းရဲ့ ခံစစ်ကို ပိုမို မာကျောစေခဲ့တာကြောင့် နောက်ခံလူ လုရှော့က ဝမ်ဘစ်ဆာကာဟာ ပြိုင်ဘက် ကစားသမားနဲ့ တစ်ဦးချင်း တွေ့တဲ့ အချိန်မှာ အကောင်းဆုံး နောက်ခံလူ ဖြစ်တယ်လို့လည်း အမွမ်းတင် ချီးကျူးခဲ့ပါတယ်။

Photo Credit: Goal

မန်ယူအသင်းရဲ့ တရားဝင် ဝက်ဆိုင်ဒ်မှာ လုရှော့က “ကျွန်တော် အာရွန် ဝမ် ဘစ်ဆာကာကို မကျော်နိုင်ပါဘူး။ ကျွန်တော့်အတွက်ကတော့ သူက လက်ရှိရာသီမှာ ခြေစွမ်း အတည်ငြိမ်ဆုံး ကစားသမာပါ။ ကျွန်တော်တို့ ကစားခဲ့တဲ့ ပွဲစဉ်တွေ အားလုံးကို ပြန်ကြည့်ရင် ဝက်ဖို့ဒ်အသင်းကို ပင်နယ်တီ ပေးခဲ့ရတဲ့ အမှား တစ်ခုကိုပဲ ကျွန်တော် သတိရပါတယ်။ ဝမ်ဘစ်ဆာကာက သူ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ သူ့ရဲ့ ကြံခိုင်မှုက (၁၀) မှာ ဆိုရင် (၈) အထိ ရှိတယ်။ ကျွန်တော့် အတွက်ကတော့ သူက ပြိုင်ဘက်နဲ့ တစ်ဦးချင်းတွေ့တဲ့ အချိန်မှာ အကောင်းဆုံး နောက်ခံလူပါပဲ။ သူ့ကို ဘယ်သူမှ မကျော်နိုင်ဘူး။ သူက သူ့ရဲ့ ပွဲစဉ်မှာ တိုးတတ်လာပြီး တိုက်စစ်လိုက်ပါမှုကလည်း တိုးတတ်လာပါတယ်။ သူက နေ့တိုင်း သင်ယူချင်ပါတယ်”လို့ ပြောကြားသွားလိုက်ပါတယ်။