မန်ယူအသင်းရဲ့ ညာအစွန် နောက်ခံ ကစားသမား ဝမ် ဘစ်ဆာကာတော့ ပရီးမီးယားလိဂ်ရဲ့ ကစားသမားတွေထဲမှာ လီဗာပူးလ်အသင်းရဲ့ ကစားသမား မာနေးနဲ့ အင်္ကျီလဲချင်ပါတယ်လို့ ပြောခဲ့ပြီး လက်ရှိရာသီကိုလည်း ဆက်လက် ကစားစေချင်တယ်လို့ ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းရဲ့ ညာအစွန် နောက်ခံလူ ဝမ် ဘစ်ဆာကာဟာ ခရစ်စတယ် ပဲလေ့စ်အသင်းမှာ ကစားသမားဘဝကို အစပြုခဲ့ပြီး ခရစ်စတယ် ပဲလေ့စ်အသင်းမှာ (၃) နှစ်ကြာ ကစားပြီးသွားတဲ့ အချိန်မှာ (၂၀၁၉) ခုနှစ်၊ ဇွန်လက မန်ယူအသင်းကို အပြီးသတ် ပြောင်းရွေ့လာခဲ့ပါတယ်။

Photo Credit: Liverpoolecho

နောက်ခံလူ ဝမ် ဘစ်ဆာကာဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို မရပ်နားသေးခင်မှာ မန်ယူအသင်းအတွက် အဓိက ညာနောက်ခံ ကစားသမား ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၂၆) ပွဲ နဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၃၄) ပွဲ ကစားခဲ့တာကြောင့် အရေးပါ အရာရောက်သူ ဖြစ်နေခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ရပ်နားနိုင်ပါတယ်လို့ သတင်းတွေ ထွက်လာပေမဲ့လည်း မန်ယူအသင်းရဲ့ နောက်ခံလူ ဝမ် ဘစ်ဆာကာကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဆက်လက် ကစားစေချင်တယ်လို့ ပြောသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Liverpoolecho

မန်ယူအသင်းရဲ့ ညာအစွန် နောက်ခံ ကစားသမား ဝမ် ဆစ်ဆာကာဟာ ဘယ်ပရီးမီယားလိဂ် ကစားသမားနဲ့ အင်္ကျီလဲချင်သလဲလို့ အမေးခံရတဲ့ အချိန်မှာ သူက “မာနေးနဲ့ လဲချင်တယ်။ ကျွန်တော် ပြီးခဲ့တဲ့ ရာသီမှာ သူ့ရဲ့ အင်္ကျီကို ရရှိခဲ့ပါတယ်”လို့ ပြန်လည် ဖြေကြားသွားပါတယ်။ ဝမ်ဘစ်ဆာက “ကျွန်တော် လက်ရှိရာသီကို ဆက်ကစားစေချင်ပါတယ်။ ကျွန်တော် ပြိုင်ပွဲကို လွမ်းနေပါပြီ။ လက်ရှိရာသီမှာ ကောင်းစွာ ကစားခဲ့ကြတဲ့ အသင်းတွေအနေနဲ့ သူတို့ ပြီးသင့်တဲ့ နေရာမှာ အဆုံးသတ်ချင်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချန်ပီယံလိဂ် ဝင်လုနီးပါး ဖြစ်နေပြီး အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းရဲ့ အောက်၊ အဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။