MySport Myanmar

ဗလာဟိုဗစ်က ဟော်လန်းထက်ကို ပိုကောင်းတယ်လို့ ဆာဘီးယား FA Chief ပြောဆို

ဆာဘီးယား ဘောလုံးအဖွဲ့အချုပ် အကြီးအကဲ ဘီယက်ကိုဗစ်က သူတို့ရဲ့ ဆာဘီးယား တိုက်စစ်ကစားသမား ဒူဆန်ဗလာဟိုဗစ်ဟာ နွေဈေးကွက်အတွင်း ဒေါ့မွန်ကနေ မန်ချက်စတာစီးတီးအသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ နော်ဝေတိုက်စစ်ကစားသမား အာလင်းဟော်လန်းထက်ပင် ပိုမို ကောင်းမွန်ပြီး ပြီးပြည့်စုံတဲ့ ကစားသမားမျိုး ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sporting News

ပြီးခဲ့တဲ့ ဘောလုံးရာသီ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ဖီအိုရင်တီးနားအသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဆာဘီးယား လက်ရွေးစင် ဗလာဟိုဗစ်ဟာ ဂျုဗီကို ရောက်ရှိလာစဉ်မှာ သူရဲ့ ဂိုးသွင်းအားတွေက မကျဆင်းသွားခဲ့ပဲ အသင်းအတွက် ပြိုင်ပွဲစုံ (၂၁)ပွဲကစား (၉)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အသသက်(၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဗလာဟိုဗစ်ဟာ သူနဲ့ အသက်မတိမ်းမယိမ်း ဖြစ်နေတဲ့ ဟော်လန်းထက်ကို ပိုမိုပြီးပြည့်စုံတဲ့ တိုက်စစ်ကစားသမားတစ်ဦး ဖြစ်တယ်လို့ ဆာဘီးယား ဘောလုံးအဖွဲ့ချုပ် အကြီးအကဲက ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Sempreinter

လက်ရှိ ဥရောပ ဘောလုံးနယ်ပယ်မှာ ထိပ်တန်း တိုက်စစ်ကစားသမားတွေ ဖြစ်နေကြတဲ့ ဗလာဟိုဗစ် ဟော်လန်းတို့နဲ့ ပတ်သက်ပြီး ဆာဘီးယား FA Chief ဘီယက်ကိုဗစ်က “ဗလာဟိုဗစ်က ဟော်လန်းထက် ပိုကောင်းပြီး ပြီးပြည့်စုံပါတယ်။ နော်ဝေကစားသမားက အထင်ကြီးလောက်စရာ အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် ဒူဆန်ကလည်း အဆင့်အတန်းနိမ့်တဲ့သူ မဟုတ်ပါဘူး။ ပြီးတော့ ဒီကစားသမားနှစ်ယောက်ရဲ့ အရပ်အမြင့်ပိုင်းမှာလည်း ကွာခြားချက်က မရှိသလောက် နည်းပါးပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ် တိုက်စစ်မှူးလေးရဲ့ ကွဲပြားမှုနဲ့ ကစားတဲ့ပုံစံက ပိုကောင်းပါတယ်။ မန်ချက်စတာစီးတီးအသင်းနဲ့ ဂျုဗင်တပ်စ်အသင်းတို့ဟာလည်း ဒီကစားသမားလေးနှစ်ယောက်ကို ဒေါ့မွန် ဖီအိုရင်တီးနားအသင်းတွေကနေ ခေါ်ယူနိုင်ဖို့အတွက် ကော်မရှင်ခတွေ အပါအဝင် တူညီတဲ့ အခကြေးငွေတွေကို ပိုပေးခဲ့ရပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဟော်လန်းက ဒဏ်ရာပြသာနာတွေနဲ့ ပိုမိုရင်ဆိုင်ခဲ့ရပေမယ့်လည်း တစ်ရာသီအတွင်းမှာ ပြိုင်ပွဲစုံ စုစုပေါင်း (၂၉)ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး တစ်ရာသီတည်းမှာ ဖီအိုရင်တီးနားနဲ့ ဂျုဗင်တပ်စ်အသင်းတွေအတွက် ပါဝင်ခဲ့ရတဲ့ ဗလာဟိုဗစ်ကလည်း ဟော်လန်းနဲ့ ဂိုးအရေအတွက်ချင်း တူညီခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်နှစ်မှာ ဘယ်ကစားသမားက ပိုမိုတောက်ပလာနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေရပြီး လက်ရှိအနေအထားအရ ဟော်လန်းသာ ဆက်လက်တောက်ပဖွယ် ရှိနေရပါတယ်။

Exit mobile version