လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ကတော့ နှစ် (၃၀) ကြာ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို လီဗာပူးလ် ပရိသတ်တွေ တစ်ဦးမှ မပါဘဲ အန်ဖီးလ်ကွင်းမှာ ရယူရမယ် ဆိုရင် လီဗာပူးလ် ပရိသတ်တွေရှေ့ကို ယူဆောင်လာပေးမယ်လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် နောက်ထပ် (၂) ပွဲ ကစားပြီး အနိုင်ရရှိမယ်ဆိုရင် ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ သေချာသွားမှာ ဖြစ်ပေမဲ့ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရပ်နားထားရပြီး ပရီးမီးယားလိဂ် ပွဲစဉ် မကစားနိုင်လျက် ရှိပါတယ်။

Photo Credit: Mirror

ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ရပ်နားလိုက်တာနဲ့ တစ်ပြိုက်နက်တည်းမှာပဲ လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ဆုဖလား ရရှိနိုင်မလား ဆိုတာကို လူတိုင်းက သိချင်လာခဲ့ကြပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဧပြီလ (၄) ရက်နေ့အထိ ရပ်နားထားပြီ ဖြစ်တာကြောင့် လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို အချိန်မီ ပြီးဆုံးနိုင်မလား ဆိုတာလည်း မေးလာကြပါတယ်။ လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ကတော့ ပရီးမီးယားလိဂ် ဆုဖလားကို ပွဲကြည့် ပရိသတ်တွေ မပါဘဲ ယူရမယ် ဆိုရင် အသင်း ပရိသတ်တွေရှေ့ကို ယူလားပေးမယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Mirror

နောက်ခံလူ ဗန်ဒိုက်က “တကယ်လို့ ကျွန်တေ်ာတို့အနေနဲ့ ပရိသတ်မပါတဲ့ ဘောလုံးကွင်းမှာ ပရီးမီးယားလိဂ် ဖလား ယူရရင် ကျွန်တော် အသင်းပရိသတ်တွေအတွက် စိတ်မကောင်း ဖြစ်မှာပါပဲ။ တကယ်လို့ အန်ဖီးလ်ကွင်းထဲမှာ ပရိသတ် တစ်ဦးမှ မရှိဘူး ဆိုရင် ဒါဟာ စိတ်ပျက်စရာပါပဲ။ ဘယ်ကစားသမားမှ ပရိသတ်မပါဘဲနဲ့ မကစားချင်ကြပါဘူး။ ဒါက ပရီးမီးယားလိဂ် ပြိုင်ပွဲက အသင်း ပရိသတ်တွေတိုင်းအတွက် ဖြစ်မှာပါ။ ဘယ်သူမဆို သူတို့ရဲ့ အသင်းကို သွားရောက် အားပေးချင်ကြမှာပါ။ ဒါပေမဲ့ အားပေးလို့ မရဘူး ဆိုရင် ဒါဟာ အတော်လေး ခက်ခဲပါတယ်။ ဘယ်လို ဆက်သွားရမလဲ ဆိုတာကို မဆုံးဖြတ်ခင်အထိ ဒီအတိုင်းလေးပဲ ဆက်သွားရမှာပါ။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်လာပါစေ ပရိသတ်တွေရှေ့ကို ဆုဖလား ယူလာပေးပါမယ်”လို့ ပြောသွားခဲ့ပါတယ်။